အာဒံနှင့်ဧဝတို့တွင်သားတစ်ယောက်ထပ်၍ ဖွား မြင်လေ၏။ ဧဝက``ကာဣနသတ်ခဲ့သောအာဗေလ အစား သားတစ်ယောက်ကိုဘုရားသခင်ကပေး တော်မူပြီ'' ဟုဆိုလျက်ထိုသားကိုရှေသဟု နာမည်မှည့်လေ၏။-
ကမ္ဘာဦး 4:8 - Common Language Bible ကာဣနသည်ညီအာဗေလအား``လမ်းလျှောက် ထွက်ကြမည်'' ဟုခေါ်၍လယ်ထဲသို့ရောက်ရှိ ကြလျှင် ညီအာဗေလကိုရန်ဘက်ပြုကာ သတ်လေ၏။ Garrad Bible ကာ ဣ န သည် ညီ အာ ဗေ လ နှင့် စ ကား ပြော လျက် လယ်၌ ရှိ ကြ စဉ် ညီ အာ ဗေ လ ကို ရန် ဘက် ပြု၍ သတ် လေ ၏။ Judson Bible ကာဣနကလည်း လယ်သို့သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ်၍၊ လယ်သို့ရောက်သောအခါ၊ ညီအာဗေလကိုရန်ဘက်ပြု၍သတ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ကာဣနက မိမိညီအာဗေလအား “လယ်ထဲသွားကြစို့”ဟု ဆိုလေ၏။ လယ်၌ သူတို့ရှိကြစဉ် ကာဣနသည် မိမိညီအာဗေလကိုရန်ပြု၍ သူ့ကိုသတ်လေ၏။ |
အာဒံနှင့်ဧဝတို့တွင်သားတစ်ယောက်ထပ်၍ ဖွား မြင်လေ၏။ ဧဝက``ကာဣနသတ်ခဲ့သောအာဗေလ အစား သားတစ်ယောက်ကိုဘုရားသခင်ကပေး တော်မူပြီ'' ဟုဆိုလျက်ထိုသားကိုရှေသဟု နာမည်မှည့်လေ၏။-
ကျွန်တော်မတွင်သားနှစ်ယောက် ရှိပါ၏။ တစ်နေ့ သောအခါသူတို့သည်ဖျန်ဖြေပေးမည့်သူတစ် ဦးတစ်ယောက်မျှမရှိသည့်လယ်ကွင်းထဲ၌ရန် ဖြစ်ကြသဖြင့် တစ်ယောက်ကအခြားတစ် ယောက်ကိုသတ်ဖြတ်လိုက်ပါ၏။-
ဟေဗြုန်မြို့သို့အာဗနာရောက်ရှိလာသော အခါ ယွာဘသည်မြို့တံခါးနံဘေးသို့ခေါ် ယူကာတီးတိုးပြောဆိုဆွေးနွေးဟန်ပြု၍ ဝမ်းကိုဋ္ဌားနှင့်ထိုးလိုက်၏။ ဤသို့လျှင်အာဗနာ သည်ယွာဘ၏ညီအာသဟေလကိုသတ်ခဲ့ သည့်အတွက်လုပ်ကြံခြင်းကိုခံရလေ၏။-
နိုင်ငံတော်ကိုပိုင်နိုင်စွာအုပ်စိုးနိုင်သောအခါ ယဟောရံသည်ညီတော်အပေါင်းနှင့်ဣသ ရေလမှူးမတ်အချို့တို့ကိုကွပ်မျက်လေသည်။
သို့ဖြစ်၍သမ္ဘာလတ်နှင့်ဂေရှင်တို့သည်သြ နောလွင်ပြင်ရှိရွာတစ်ရွာတွင် သူတို့နှင့်လာ ရောက်တွေ့ဆုံရန်ငါ့အားမှာကြားကြ၏။ ဤသို့မှာကြားခြင်းမှာငါ့ကိုအန္တရာယ် ပြုရန်လှည့်စားမှုသာဖြစ်ပေသည်။-
အညစ်အကြေးနှင့်ကင်းလွတ်သော မျက်နှာကို ပြရလိမ့်မည်။ စိုးရိမ်စရာအကြောင်းမရှိ၊ တည်ကြည် လိမ့်မည်။
အို ဘုရားသခင်၊ သူယုတ်မာတို့အားကိုယ်တော်ရှင် ကွပ်မျက်တော်မူပါစေသော။ အကြမ်းဖက်သမားတို့သည်ကျွန်တော်မျိုးထံမှ ထွက်သွားစေတော်မူပါ။
သူပြောဆိုသောစကားသည်ညစ်ညမ်း၍ မုသားအတိဖြစ်၏။ သူသည်အကျင့်ကောင်းကိုမပြုတော့ပြီ၊ ပညာသတိလည်းမရှိတော့ပြီ။
သူ၏စကားတို့သည်ထောပတ်ထက်ပင် ချောမွတ်သော်လည်း သူ၏စိတ်နှလုံးထဲ၌မူကား မုန်းတီးတတ်သောသဘောရှိ၏။ သူ၏စကားတို့သည်ဆီကဲ့သို့ပျော့ပျောင်း သော်လည်း ထက်သောဋ္ဌားကဲ့သို့ထိခိုက်နာကြင်စေတတ်၏။
သူတို့သည်ကတိမတည်ခြင်း၊ မုသား စကားကိုပြောခြင်း၊ လူ့အသက်ကိုသတ် ခြင်း၊ သူတစ်ပါးဥစ္စာပစ္စည်းကိုခိုးယူခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း တို့ကိုပြု၏။ တရားလက်လွတ်နေထိုင်၍ လူသတ်မှုများကိုအထပ်ထပ်ကူးလွန် ကြ၏။-
ထိုအချိန်ကာလတွင်သားများက မိမိတို့ ၏ဖခင်များ၏အသရေကိုရှုတ်ချလိမ့်မည်။ သမီးများကမိခင်များအားဆန့်ကျင်ဘက် ပြုမည်။ ချွေးမများကယောက္ခမကိုရန်ဘက် ပြုမည်။ အိမ်သားတို့၏ရန်သူများသည်မိမိ တို့၏မိသားစုထဲမှဖြစ်လိမ့်မည်။
``တစ်စုံတစ်ယောက်အား မုန်းတီးသဖြင့်တွန်း ချ၍သော်လည်းကောင်း၊ တစ်စုံတစ်ခုနှင့် ပစ်၍သော်လည်းကောင်း၊-
ထို့ကြောင့်အပြစ်ကင်းသူအာဗေလမှစ၍ သန့် ရှင်းရာဌာနတော်နှင့်ယဇ်ပလ္လင်အကြားတွင် အသတ်ခံရသည့်ဗာရခိ၏သား၊ ဇာခရိတိုင် အောင်အပြစ်ကင်းသူများကိုသတ်ဖြတ်ခဲ့သည့် အတွက်သင်တို့သည်အပြစ်ဒဏ်ခံရပေအံ့။-
သခင်ယေရှုက ``ယုဒ၊ သင်သည်နမ်းရှုပ်ခြင်း ဖြင့်လူသားအားရန်သူလက်သို့အပ်မည်လော'' ဟုမေးတော်မူ၏။
အာဗေလသည်ကာဣနပူဇော်သောယဇ် ထက်ပို၍မြတ်သည့်ယဇ်ကို ဘုရားသခင် အားပူဇော်သည်မှာယုံကြည်ခြင်းကြောင့် ဖြစ်၏။ သူ၏ယုံကြည်ခြင်းကိုထောက်၍ ဘုရားသခင်သည် သူ့အားဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူ၏။ အဘယ်ကြောင့် ဆိုသော် သူ၏ပူဇော်သကာများကိုနှစ် သက်တော်မူသောကြောင့်ဖြစ်၏။ အာဗေလ သည်သေလွန်သော်လည်း မိမိ၏ယုံကြည် ခြင်းအားဖြင့်ယခုပင်ဟောပြောသေး၏။
သင်တို့သည်ပဋိညာဉ်တော်သစ်ကိုစီရင် တော်မူသောသခင်ယေရှု၏ထံတော်သို့ လည်းကောင်း၊ အာဗေလ၏သွေးထက်သာ ၍မြတ်သောအရာကိုမျှော်လင့်ချက်ပေး သည့်ပက်ဖျန်းသောသွေးတော်၏ထံသို့ လည်းကောင်းရောက်ရှိနေကြ၏။
သူတို့သည်အမင်္ဂလာရှိပါသည်တကား။ သူ တို့သည်ကာဣန၏လမ်းစဉ်ကိုလိုက်ကြလေ ကုန်ပြီ။ ငွေကိုစုံမက်သဖြင့်ဗာလမ်၏အမှား မျိုးကိုပြုကြလေကုန်ပြီ။ ကောရကဲ့သို့ တော်လှန်ပုန်ကန်ကြသဖြင့် ဆုံးရှုံးပျက်စီး ကြကုန်၏။-