ကမ္ဘာဦး 4:25 - Common Language Bible25 အာဒံနှင့်ဧဝတို့တွင်သားတစ်ယောက်ထပ်၍ ဖွား မြင်လေ၏။ ဧဝက``ကာဣနသတ်ခဲ့သောအာဗေလ အစား သားတစ်ယောက်ကိုဘုရားသခင်ကပေး တော်မူပြီ'' ဟုဆိုလျက်ထိုသားကိုရှေသဟု နာမည်မှည့်လေ၏။- အခန်းကိုကြည့်ပါ။Garrad Bible25 အာ ဒံ လည်း မ ယား နှင့် ဆက် ဆံ ပြန် လျှင်၊ မ ယား သည် သား ကို ဖွား မြင်၍ ကာ ဣ န သတ် ခဲ့ သော အာ ဗေ လ အ စား အ နွယ် တစ် မျိုး ကို ကျွန် မ အ ဖို့ ဘု ရား သ ခင် ခန့် ထား တော် မူ ပြီ ဟု ဆို လျက် ရှေ သ အ မည် ဖြင့် မှည့် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible25 အာဒံသည်လည်း မိမိမယားနှင့် တစ်ဖန်ဆက်ဆံပြန်လျှင်၊ မယားသည် သားကိုဖွားမြင်၍၊ ရှေသဟူသောအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ကာဣနသတ်သော အာဗေလကိုယ်စား၊ တစ်ပါးသောအနွယ်ကို အကျွန်ုပ်အဖို့ ဘုရားသခင်ခန့်ထားတော်မူပြီဟု ဆိုသတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 တစ်ဖန် အာဒံသည် မိမိမယားနှင့်ဆက်ဆံသဖြင့် မယားသည် သားကိုမွေးဖွား၍ “ကာဣနသည် အာဗေလကိုသတ်သောကြောင့် ဘုရားသခင်သည် အာဗေလကိုယ်စား အခြားသောမျိုးဆက်ကို အကျွန်ုပ်အတွက်ခန့်ထားတော်မူပြီ”ဟု ဆိုပြီး သား၏အမည်ကို ရှေသ ဟုမှည့်ခေါ်လေ၏။ အခန်းကိုကြည့်ပါ။ |