ထိုနောက်သူသည်ရွှေငွေအဝတ်တန်ဆာများ ကိုထုတ်၍ရေဗက္ကအားပေး၏။ ရေဗက္က၏မောင် နှင့်မိခင်တို့အားလည်းအဖိုးထိုက်တန်သော လက်ဆောင်များကိုပေး၏။
ကမ္ဘာဦး 24:47 - Common Language Bible ကျွန်ုပ်က`သင်သည်မည်သူ၏သမီးဖြစ်သနည်း' ဟုမေးသော်သူက`ကျွန်မသည်နာခေါ်နှင့်မိလ ခါတို့၏မြေး၊ ဗေသွေလ၏သမီးဖြစ်ပါသည်' ဟုဖြေပါသည်။ ထိုအခါကျွန်ုပ်သည်သူ၏နှာ ခေါင်းတွင်နှာဆွဲကိုလည်းကောင်း၊ လက်တွင်လက် ကောက်များကိုလည်းကောင်းဝတ်ဆင်ပေးပါ သည်။- Garrad Bible ကျွန် တော် က လည်း မည် သူ့ သ မီး နည်း ဟု မေး လျှင်၊ ကျွန် မ သည် မိ လ ခါ ဖွား ၍ နာ ခေါ် ရ သော သား ဗေ သွေ လ ၏ သ မီး ဖြစ် ပါ သည် ဟု ပြန် ဆို သော် ကျွန် တော် သည် နှာ ကွင်း ကို လည်း ကောင်း၊ လက် ကောက် ကို လည်း ကောင်း၊ ဆင် ယင် ပြီး လျှင်၊ Judson Bible ကျွန်ုပ်ကလည်း၊ သင်သည် အဘယ်သူ၏သမီးဖြစ်သနည်းဟုမေးသော်၊ သူက၊ ကျွန်ုပ်သည် မိလခါဖွားမြင်သော နာခေါ်သားဗေသွေလ၏သမီးဖြစ်သည် ဟုပြောဆို၏။ ကျွန်ုပ်သည်လည်း၊ သူ၏မျက်နှာ၌ နှာဆွဲကိုလည်းကောင်း၊ သူ၏လက်၌ လက်ကောက်တို့ကိုလည်းကောင်းထည့်ပြီးလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ကလည်း ‘သင်သည် မည်သူ၏သမီးဖြစ်သနည်း’ဟု သူ့အားမေးလျှင် သူက ‘ကျွန်မသည် နာခေါ်အတွက် မိလခါမွေးဖွားပေးသောသားဗေသွေလ၏သမီးဖြစ်ပါသည်’ဟု ဆိုပါသည်။ ထိုအခါ အကျွန်ုပ်သည် သူ၏နှာခေါင်း၌ နှာဆွဲကိုလည်းကောင်း၊ သူ၏လက်၌ လက်ကောက်တို့ကိုလည်းကောင်း ဆင်ယင်ပေးပါသည်။ |
ထိုနောက်သူသည်ရွှေငွေအဝတ်တန်ဆာများ ကိုထုတ်၍ရေဗက္ကအားပေး၏။ ရေဗက္က၏မောင် နှင့်မိခင်တို့အားလည်းအဖိုးထိုက်တန်သော လက်ဆောင်များကိုပေး၏။
အရှင်မင်းကြီး၏မောင်းမတော်တို့တွင် အပြည်ပြည်မှမင်းသမီးများပါဝင်ပါ၏။ ရာဇပလ္လင်တော်၏လက်ယာဘက်တွင် ရွှေစင်ဖြင့်ပြီးသောတန်ဆာများကိုဆင်ယင်ကာ မိဖုရားကြီးသည်ရှိနေပါ၏။
လက်မောင်းပတ်၊ ခါးပတ်လက်ဖွဲ့များ၊ လက်စွပ် များ၊ နှာဆွဲများ၊ ကောင်းသောဝတ်လုံများ၊ အပေါ်အင်္ကျီရှည်များ၊ ဂါဝန်များ၊ ပိုက်ဆံ အိတ်များ၊ ပါးလွှာသောအဝတ်တန်ဆာများ၊ ပိတ်ချောလက်ကိုင်ပုဝါများ၊ ခေါင်းအုပ်ဇာ ပုဝါများကိုဖယ်ရှားတော်မူလိမ့်မည်။