ဆာလံ 45:9 - Common Language Bible9 အရှင်မင်းကြီး၏မောင်းမတော်တို့တွင် အပြည်ပြည်မှမင်းသမီးများပါဝင်ပါ၏။ ရာဇပလ္လင်တော်၏လက်ယာဘက်တွင် ရွှေစင်ဖြင့်ပြီးသောတန်ဆာများကိုဆင်ယင်ကာ မိဖုရားကြီးသည်ရှိနေပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible9 အ ပြည် ပြည် က မင်း သ မီး တို့ သည်၊ မောင်း မ မိဿံ အ ဝင် ဖြစ် လျက်၊ ညာ ဘက် တော် မှာ၊ ဩ ဖိ ရ ရွှေ ထည် ဆင် ယင် သော မိ ဖု ရား ရှိ နေ ပါ ၏။ အခန်းကိုကြည့်ပါ။Judson Bible9 အပြည်ပြည်သော မင်းသမီးတို့သည် မောင်းမမိဿံအဝင်ဖြစ်၍၊ လက်ယာတော်ဘက်မှာ ဩဖိရရွှေ တန်ဆာဆင်သော မြောက်သားတော်နေရာဖြစ်ပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ကိုယ်တော်၏မြင့်မြတ်သောအမျိုးသမီးများထဲတွင် ရှင်ဘုရင်တို့၏သမီးတော်များပါဝင်ကြပါ၏။ မိဖုရားသည် ဩဖိရရွှေ ဆင်မြန်းလျက် ကိုယ်တော်၏လက်ယာဘက်တွင် ရပ်နေပါ၏။ အခန်းကိုကြည့်ပါ။ |
ဗာသရှေဘသည်အဒေါနိယအတွက် လျှောက်ထားရန် မင်းကြီးထံသို့သွားလေ၏။ မင်းကြီးသည်လည်းမယ်တော်ကိုခရီးဦး ကြိုပြုအံ့သောငှာ ထ၍ဦးညွှတ်ပြီးလျှင် ရာဇပလ္လင်ပေါ်တွင်ထိုင်တော်မူ၏။ ထို့နောက် အခြားပလ္လင်တစ်ခုခုကိုယူခဲ့စေ၍ မယ် တော်အားမိမိ၏လက်ယာဘက်တွင်ထိုင်စေ တော်မူ၏။-
ရှင်ဘုရင်များသည်သခင်သဖွယ်သင်တို့ကို စောင့်ရှောက်၍၊ မိဖုရားများသည်လည်းမိခင်သဖွယ် ကျွေးမွေးပြုစုကြလိမ့်မည်။ သူတို့သည်ဦးညွှတ်ပျပ်ဝပ်လျက် သင့်အားအလေးပြုကြလိမ့်မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါကူမတော်မူမည်ကိုစောင့်မျှော်သူမှန် သမျှသည် စိတ်ပျက်ရလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။
မင်္ဂလာဆောင်သတို့သမီးကိုသိမ်းပိုက်ရ သူသည် မင်္ဂလာဆောင်သတို့သားဖြစ်၏။ သတို့ သား၏မိတ်ဆွေသည်ကားအဆင်သင့်စောင့် ဆိုင်းကာ သတို့သား၏အသံကိုနားထောင် လျက်နေ၏။ သူသည်သတို့သား၏အသံကို ကြားသော် လွန်စွာအားရဝမ်းမြောက်သကဲ့ သို့ ငါသည်လည်းအပြည့်အဝဝမ်းမြောက်ရ လေပြီ။-