Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 24:48 - Common Language Bible

48 ထို​နောက်​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဦး​ညွှတ်​ရှိ​ခိုး​၍​ကျွန်ုပ်​သ​ခင်​၏​သား​အ​တွက် မ​ယား​ရှိ​ရာ​ဆွေ​မျိုး​သား​ချင်း​တို့​ထံ​သို့ ဆိုက်​ဆိုက်​မြိုက်​မြိုက်​ပို့​ဆောင်​တော်​မူ​သော​ကျွန်ုပ် သ​ခင်​အာ​ဗြ​ဟံ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီးမွမ်း​ပါ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

48 ကျွန် တော့် သ ခင့်တူ၏ သ မီး ကို သ ခင့် သား အ ဖို့ ဆောင် ယူ စေ ခြင်း ငှါ ဖြောင့် သော လမ်း ဖြင့် ပို့ ဆောင် တော် မူ ခဲ့ သော သ ခင် အာ ဗြ ဟံ၏ ဘု ရား သ ခင် ထာ၀ ရ ဘု ရား ကို ဦး ညွှတ် ရှိ ခိုး ၍ သြ ဘာ ပြု လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

48 ဦး​ညွှတ်​ချ၍၊ ကျွန်ုပ်​သ​ခင်​အစ်​ကို၏​မြေး​ကို သ​ခင်၏​သား​ဖို့​ယူ​စေ​ခြင်း​ငှာ၊ မှန်​သော​လမ်း​ဖြင့်​ပို့​ဆောင်​တော်​မူ​သော ကျွန်ုပ်​သ​ခင်​အာ​ဗြ​ဟံ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး၍ ကိုး​ကွယ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

48 ထို့နောက် အကျွန်ုပ်​သည်​ဦးညွှတ်​၍ ထာဝရဘုရား​ကို​ရှိခိုးကိုးကွယ်​ကာ အကျွန်ုပ်​သခင့်​ညီ​၏​မြေး​ကို သခင့်​သား​အတွက်​ရွေးယူ​ရန် အကျွန်ုပ်​ကို မှန်​သော​လမ်း​ဖြင့်​ပို့ဆောင်​တော်မူ​သော အကျွန်ုပ်​သခင်​အာဗြဟံ​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ပါ​သည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 24:48
11 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သင်​လိုက်​လျှောက်​သင့်​သည့်​လမ်း​ကို ပြ​ညွှန်​မည်။ သင့်​အား​အ​ကြံ​ဉာဏ်​ပေး​၍​ကြည့်​ရှု​ပြု​စု​မည်။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့် မြတ်​သည့် ဘု​ရား​သ​ခင်၊ သင်​တို့​အား​ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သင်​တို့​အ​ကျိုး​ငှာ​သွန်​သင်​တော်​မူ​၍၊ သင်​တို့​သွား​ရ​မည့်​ခ​ရီး​လမ်း​ကို ပြ​ညွှန်​တော်​မူ​လို​သည့် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။


အာ​ဗြ​ဟံ​၏​အ​စေ​ခံ​သည်​ထို​စ​ကား​ကို ကြား​ရ​လျှင် ထာ​ဝ​ရ​ဘု​ရား​အား​ဦး​ညွှတ် ရှိ​ခိုး​လေ​သည်။-


ပညာလမ်းကိုငါပြသ၍၊ မှန်သောလမ်းခရီးတို့၌ သင့်ကိုငါပို့ဆောင်၏။


ကိုယ်​တော်​သည်​သူ​တို့​နေ​ထိုင်​ရန်​မြို့​သို့​လမ်း ဖြောင့်​ဖြင့် ပို့​ဆောင်​တော်​မူ​၏။


ဘု​ရား​သ​ခင်​သည်​ငါ​တို့​ခ​ရီး​ပြု​ရာ​တွင် ရှေ့​ဆောင်​လမ်း​ပြ​တော်​မူ​၍​ငါ​တို့​နှင့်​တ​ကွ သား​သ​မီး​များ​နှင့်​ပစ္စည်း​ဥစ္စာ​များ​ကို​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​စိမ့်​သော​ငှာ ငါ​တို့​ရှိ​သ​မျှ သည်​ကိုယ်​တော်​၏​ရှေ့​တော်​၌​စိတ်​နှ​လုံး​နှိမ့်​ချ လျက် အ​စာ​ရှောင်​ကြ​ရန်​ထို​အ​ဟာ​ဝ​တူး မြောင်း​အ​နီး​တွင် ငါ​အ​မိန့်​ထုတ်​ပြန်​ခဲ့​၏။-


သင်​သည်​သူ​တို့​အား​ဘု​ရား​သ​ခင်​၏​အ​မိန့် နှင့်​ပ​ညတ်​တော်​များ​ကို​သင်​ကြား​ပေး​၍ သူ တို့​မည်​ကဲ့​သို့​လိုက်​နာ​ကျင့်​သုံး​ရ​မည်​ကို ရှင်း​လင်း​ပေး​ခြင်း​မှာ​လည်း​ကောင်း​ပေ သည်။-


ဗေ​သွေ​လ​သည်​ရေ​ဗက္က​၏​ဖ​ခင်​ဖြစ်​၏။ အာ​ဗြ​ဟံ ၏​ညီ​နာ​ခေါ်​၏​မ​ယား​မိ​လ​ခါ​သည်​ထို​သား ရှစ်​ယောက်​တို့​ကို​ဖွား​မြင်​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ