ထိုနောက်အဘိမလက်သည် စာရာကိုအာဗြဟံ ထံပြန်အပ်လေ၏။ အာဗြဟံအားသိုးနွားနှင့် ကျေးကျွန်များကိုလည်းပေးသနားလေသည်။-
ကမ္ဘာဦး 21:23 - Common Language Bible သို့ဖြစ်၍သင်သည်ငါ့ကိုသော်လည်းကောင်း၊ ငါ ၏သားသမီးနှင့်အဆက်အနွယ်များကိုသော် လည်းကောင်းမလှည့်စားပါဟူ၍ဘုရားသခင် ၏ရှေ့တော်၌ကတိသစ္စာဆိုပါလော့။ ငါသည် သင့်အားသစ္စာစောင့်သည့်နည်းတူ ငါ့ကိုသော် လည်းကောင်း၊ သင်မှီတင်းနေထိုင်ရာဤပြည် ကိုသော်လည်းကောင်းသစ္စာစောင့်ပါမည်ဟူ၍ ကတိပြုလော့'' ဟုအာဗြဟံအားဆိုလေ၏။ Garrad Bible သင် သည် ငါ မှ စ သော ငါ့ သား မြေး တို့ ကို မ လှည့် စား ဘဲ သင့် ကို ငါ ကျေး ဇူး ပြု သ ကဲ့ သို့ ငါ့ ကို လည်း ကောင်း၊ သင် တည်း ခို ရာ ပြည် ကို လည်း ကောင်း၊ ကျေး ဇူး ပြု မည့် အ ကြောင်း ဘု ရား သ ခင် ကို တိုင် တည်၍ ဤ တွင် သစ္စာ ထား လော့ ဟု အာ ဗြ ဟံ အား မိန့် ဆို ရာ၊ Judson Bible သို့ဖြစ်၍ သင်သည်ငါ့ကိုလည်းကောင်း၊ ငါ့သားကိုလည်းကောင်း၊ ငါ့မြေးကိုလည်းကောင်း၊ မလှည့်စား။ ငါသည်သင်၌ကျေးဇူးပြုသကဲ့သို့ ငါ၌လည်းကောင်း၊ သင်တည်းနေရာ ငါ့ပြည်၌လည်းကောင်း၊ ကျေးဇူးပြုမည်ဟု ဘုရားသခင်ကိုတိုင်တည်၍ ငါ့အားကျိန်ဆိုပါလော့ဟု ပြောဆို၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သင်သည် ငါမှစ၍ ငါ့သား၊ ငါ့သားမြေးအစဉ်အဆက်တို့ကိုမလှည့်စား၊ သင့်အား ငါမေတ္တာထားသကဲ့သို့ သင်သည်လည်း ငါ့အားလည်းကောင်း၊ သင်တည်းခိုနေထိုင်သောပြည်အားလည်းကောင်း မေတ္တာထားမည်ဟု ယခု ဤနေရာတွင် ဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုပါလော့”ဟု မိန့်ဆို၏။ |
ထိုနောက်အဘိမလက်သည် စာရာကိုအာဗြဟံ ထံပြန်အပ်လေ၏။ အာဗြဟံအားသိုးနွားနှင့် ကျေးကျွန်များကိုလည်းပေးသနားလေသည်။-
သင်သည်ငါ့သားအတွက်မယားကိုခါနာန် လူမျိုးတို့တွင်မရှာပါဟု ကောင်းကင်နှင့်မြေ ကြီးအရှင်ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကိုတိုင်တည်၍သစ္စာဆိုလော့။-
သူတို့က``ထာဝရဘုရားသည်သင်နှင့်အတူ ရှိကြောင်း ယခုငါတို့သိရပြီဖြစ်၍ ငါတို့ အချင်းချင်းကတိသစ္စာထားကြပါစို့။-
သင်နှင့်ငါပဋိညာဉ်ပြုလိုပါသည်။ ထိုပဋိ ညာဉ်ပြုချက်ကိုငါတို့သတိရစေခြင်းငှာ ကျောက်ပုံတည်ကြစို့'' ဟုယာကုပ်အားပြော လေသည်။
အာဗြဟံ၏ဘုရားနှင့်နာခေါ်၏ဘုရား သည်ငါတို့နှစ်ဦးစပ်ကြားတွင်စီရင်တော် မူစေသတည်း'' ဟုသစ္စာအဋ္ဌိဋ္ဌာန်ပြုလေ၏။ ထိုနောက်ယာကုပ်သည်လည်းသူ၏ဖခင် ဣဇာက်ကိုးကွယ်သောဘုရားသခင်၏နာမ တော်ကိုတိုင်တည်၍သစ္စာအဋ္ဌိဋ္ဌာန်ဆို၏။-
ထာဝရဘုရားသည်သူနှင့်အတူရှိ၍သူပြု လေသမျှတို့တွင် အောင်မြင်ကြောင်းသူ၏သခင် တွေ့မြင်ရသည်။-
သို့ရာတွင်ယာကုပ်က``ဆောင်ရွက်ပေးပါမည်ဟု ကျိန်ဆိုလော့'' ဟုဆိုသော်ယောသပ်သည်ကျိန်ဆို လေ၏။ ထိုနောက်ယာကုပ်သည်အိပ်ရာ၏ခေါင်း ရင်းတွင်ကျေးဇူးတော်ကိုချီးမွမ်းလေ၏။
ငါ၏နာမတော်ကိုသင်တို့တိုင်တည်ကျိန်ဆို မှုသည်တော်တည့်မှန်ကန်၊ လျော်ကန်သင့်မြတ် လိမ့်မည်။ ထိုအခါလူမျိုးတကာတို့သည် မိမိ တို့အားကောင်းချီးပေးရန်ငါ့ထံတောင်း လျှောက်ကြလိမ့်မည်။ ငါ့ကိုလည်းထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ကောရိန္သုမြို့သို့မလာဘဲနေရန်ငါဆုံးဖြတ် ခဲ့ခြင်းမှာ သင်တို့ကိုသက်ညှာသောကြောင့်ဖြစ် ကြောင်းဘုရားသခင်သည်ငါ၏သက်သေ ဖြစ်တော်မူ၏။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရိုသေလော့။ ကိုယ်တော်ကိုသာကိုး ကွယ်လော့။ ကိုယ်တော်၏နာမတော်ကိုသာ တိုင်တည်လျက်ကတိသစ္စာပြုလော့။-
လူတို့သည်မိမိတို့ထက်ကြီးမြတ်သူတစ်ဦး တစ်ယောက်ကိုတိုင်တည်ကျိန်ဆိုတတ်ကြ၏။ ယင်းသို့တိုင်တည်ကျိန်ဆိုခြင်းသည်လူအချင်း ချင်းအငြင်းပွားမှုကိုငြိမ်းစေတတ်လေသည်။-
ကျွန်မသည်သင်တို့ကိုကျေးဇူးပြုသကဲ့ သို့ကျွန်မ၏မိသားစုကိုလည်း ကျေးဇူးပြု ပါမည်ဟုထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုကြပါလော့။ ကျွန်မသည်သင်တို့ ကိုယုံကြည်စိတ်ချနိုင်ကြောင်းသက်သေအထောက်အထားတစ်ခုခုကိုပေးပါလော့။-
သူသည်သင့်ကိုဘေးအန္တရာယ်ပြုရန်ကြံစည် ပါမူ ကျွန်ုပ်သည်သင့်အားဘေးလွတ်လုံခြုံရာ သို့ထွက်ခွာသွားနိုင်ရန်အကြောင်းမကြားဘဲ နေခဲ့သော် ထာဝရဘုရားသည်ကျွန်ုပ်အား အဆုံးစီရင်တော်မူပါစေသော။ ထာဝရ ဘုရားသည်ကျွန်ုပ်၏ခမည်းတော်နှင့်အတူ ရှိတော်မူခဲ့သည်နည်းတူ သင်နှင့်အတူ ရှိတော်မူပါစေသော။-
ယောနသန်သည်ဒါဝိဒ်အားကိုယ်နှင့်အမျှ ချစ်သဖြင့် မိမိကိုလည်းချစ်ရန်ကတိပြု စေ၏။-
ထိုအခါယောနသန်က``ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူပါစေသော။ ငါတို့ နှစ်ယောက်သည်လည်းကောင်း၊ ငါတို့သားမြေး များသည်လည်းကောင်းငါတို့တစ်ယောက်ကို တစ်ယောက်ပြုခဲ့သည့်ကတိသစ္စာကို ထာဝစဉ် မပျက်မကွက်စောင့်ထိန်းနိုင်ကြစေရန် ထာဝရဘုရားမုချကူမတော်မူပါ လိမ့်မည်'' ဟုဆို၏။ ထိုနောက်ဒါဝိဒ်ထွက်ခွာ သွား၏။ ယောနသန်သည်လည်းမြို့ထဲသို့ ပြန်လေ၏။
ဒါဝိဒ်က``သင်သည်ထိုလူစုရှိရာသို့ငါ့ကို လမ်းပြပါမည်လော'' ဟုမေးလျှင်၊ လူငယ်က``အရှင်သည်ကျွန်တော်ကိုမသတ်၊ ကျွန်တော်၏သခင်လက်သို့မပေးအပ်ပါဟူ ၍ဘုရားသခင်၏နာမတော်ကိုတိုင်တည်၍ ကတိပြုပါလျှင်အရှင့်အားလမ်းပြပါ မည်'' ဟုဆိုပြီးလျှင်၊-