ကမ္ဘာဦး 39:3 - Common Language Bible3 ထာဝရဘုရားသည်သူနှင့်အတူရှိ၍သူပြု လေသမျှတို့တွင် အောင်မြင်ကြောင်းသူ၏သခင် တွေ့မြင်ရသည်။- အခန်းကိုကြည့်ပါ။Garrad Bible3 သူ နှင့် အ တူ ထာ ဝ ရ ဘု ရား ရှိ ၍ ပြု လေ သ မျှ အ ထ မြောက် စေ တော် မူ ကြောင်း ကို သ ခင် သိ မြင် သော ကြောင့်၊ အခန်းကိုကြည့်ပါ။Judson Bible3 သူ့ဘက်၌ ထာဝရဘုရားသည်ရှိတော်မူ၍၊ သူပြုလေရာရာ၌ အောင်စေတော်မူကြောင်းကို သခင်လည်းသိမြင်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူကြောင်းကိုလည်းကောင်း၊ သူပြုလေရာရာ၌ ထာဝရဘုရားအောင်မြင်စေတော်မူကြောင်းကိုလည်းကောင်း သူ၏သခင်သည် သိမြင်လေ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍သင်သည်ငါ့ကိုသော်လည်းကောင်း၊ ငါ ၏သားသမီးနှင့်အဆက်အနွယ်များကိုသော် လည်းကောင်းမလှည့်စားပါဟူ၍ဘုရားသခင် ၏ရှေ့တော်၌ကတိသစ္စာဆိုပါလော့။ ငါသည် သင့်အားသစ္စာစောင့်သည့်နည်းတူ ငါ့ကိုသော် လည်းကောင်း၊ သင်မှီတင်းနေထိုင်ရာဤပြည် ကိုသော်လည်းကောင်းသစ္စာစောင့်ပါမည်ဟူ၍ ကတိပြုလော့'' ဟုအာဗြဟံအားဆိုလေ၏။
ထိုညမှာထာဝရဘုရားသည်သူ့အားကိုယ် ထင်ပြ၍``ငါသည်သင်၏အဖအာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင်တို့နှင့် အတူရှိ၏။ ငါ၏ကျွန်အာဗြဟံအားထား သောကတိတော်ကိုထောက်၍သင့်ကိုကောင်းချီး ပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းများ ပြားစေမည်'' ဟုမိန့်တော်မူသည်။-
ထိုအခါငါက``ကောင်းကင်ဘုံရှင်ဘုရားသခင်သည် ငါတို့အားအောင်မြင်ခွင့်ကို ပေးတော်မူလိမ့်မည်။ ငါတို့သည်ကိုယ်တော်၏ အစေခံများဖြစ်၍ဗိမာန်တော်တည်ဆောက် မှုကိုအစပြုကြမည်။ သင်တို့မူကားယေရု ရှလင်မြို့တွင်ဘာမျှမပိုင်။ ဤမြို့တွင်သင် တို့နှင့်ဆိုင်သောမှတ်သားဖွယ်ရာဘာမျှ မရှိ'' ဟုပြန်ပြော၏။
``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပြုခဲ့လေသမျှကိုအဘယ်သို့ကောင်း ချီးပေးတော်မူခဲ့သည်ကို သတိရကြလော့။ ဤကျယ်ပြန့်သောတောကန္တာရကိုလှည့်လည်ဖြတ် သန်းရာခရီး၌ သင်တို့ကိုစောင့်ရှောက်တော်မူ ခဲ့ပြီ။ ကိုယ်တော်သည်နှစ်ပေါင်းလေးဆယ်ပတ် လုံးသင်တို့နှင့်အတူရှိတော်မူသဖြင့် သင် တို့လိုအပ်သမျှကိုရရှိခဲ့ကြပြီ။''