ယောရှု 2:12 - Common Language Bible12 ကျွန်မသည်သင်တို့ကိုကျေးဇူးပြုသကဲ့ သို့ကျွန်မ၏မိသားစုကိုလည်း ကျေးဇူးပြု ပါမည်ဟုထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုကြပါလော့။ ကျွန်မသည်သင်တို့ ကိုယုံကြည်စိတ်ချနိုင်ကြောင်းသက်သေအထောက်အထားတစ်ခုခုကိုပေးပါလော့။- အခန်းကိုကြည့်ပါ။Garrad Bible12-13 သို့ ဖြစ်၍ ကျွန် မ သည် သင် တို့ အား ကျေး ဇူး ပြု သည့် နည်း တူ၊ ကျွန် မ၏ ဆွေ မျိုး သား ချင်း တို့ အား ကျေး ဇူး ပြု လျက်၊ ကျွန် မ နှင့် တ ကွ၊ မိ ဘ၊ မောင်၊ ညီ မ၊ ပိုင် ဆိုင် သ မျှ ပါ အ သက် ဘေး မှ ကယ် လွှတ် ချမ်း သာ စေ မည် ဟု ထာ ဝ ရ ဘု ရား ကို တိုင် တည်၍ သ စ္စာ ဆို ပြီး လျှင်၊ မ ဖောက် သော လ က္ခ ဏာ သက် သေ ကို ပေး ခဲ့ ပါ လော့ ဟု ဆို ရာ အခန်းကိုကြည့်ပါ။Judson Bible12 သို့ဖြစ်၍ သင်တို့၌ ကျွန်မသည်ကျေးဇူးပြုသောကြောင့် သင်တို့သည် ကျွန်မပေါက်ဖော်တို့၌ ကျေးဇူးပြု၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ကျွန်မသည် သင်တို့အပေါ် မေတ္တာထားသကဲ့သို့ သင်တို့သည်လည်း ကျွန်မ၏ဆွေမျိုးသားချင်းအပေါ် မေတ္တာထားပါမည်ဟု ထာဝရဘုရားကိုတိုင်တည်၍ ကျွန်မအား ယခုကျိန်ဆိုပါလော့။ စိတ်ချရသောအမှတ်အသားတစ်ခုကိုလည်း ပေးခဲ့ပါ။ အခန်းကိုကြည့်ပါ။ |
အကယ်၍သူတို့သည်ငါ့လူမျိုးတော်၏ ဘာသာတရားကိုလက်ခံကာ အခါတစ်ပါး ကဗာလဘုရားအားတိုင်တည်ကျိန်ဆိုမှု ကိုသူတို့သည် ငါ၏လူမျိုးတော်အားသင် ကြားပေးခဲ့သည့်နည်းတူယခုအခါ`ထာဝရ ဘုရားအသက်ရှင်တော်မူသည့်အတိုင်း' ဟု ငါ၏နာမတော်အားဖြင့်ကျိန်ဆိုကြပါမူ သူတို့သည်ငါ၏လူမျိုးတော်တွင်အပါ အဝင်ဖြစ်လျက်ကောင်းစားကြလိမ့်မည်။-
ဇေဒကိသည်နေဗုခဒ်နေဇာမင်းကိုပုန်ကန် လေ၏။ နေဗုခဒ်နေဇာသည်မိမိ၏ကျေးဇူး သစ္စာတော်ကိုစောင့်ထိန်းရန် သူ့အားအတင်း အကြပ်ဘုရားသခင်၏နာမတော်ကိုတိုင် တည်ကျိန်ဆိုစေတော်မူခဲ့၏။ ဇေဒကိသည် ခေါင်းမာ၍နောင်တမရ။ ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ပြန်မလာဘဲနေလေသည်။-
သို့ဖြစ်၍သင်သည်ငါ့ကိုသော်လည်းကောင်း၊ ငါ ၏သားသမီးနှင့်အဆက်အနွယ်များကိုသော် လည်းကောင်းမလှည့်စားပါဟူ၍ဘုရားသခင် ၏ရှေ့တော်၌ကတိသစ္စာဆိုပါလော့။ ငါသည် သင့်အားသစ္စာစောင့်သည့်နည်းတူ ငါ့ကိုသော် လည်းကောင်း၊ သင်မှီတင်းနေထိုင်ရာဤပြည် ကိုသော်လည်းကောင်းသစ္စာစောင့်ပါမည်ဟူ၍ ကတိပြုလော့'' ဟုအာဗြဟံအားဆိုလေ၏။