ထာဝရဘုရား၏ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာလမ်း၊ တောကန္တာရထဲ ရှိစမ်းရေတွင်းအနီးတွင်ဟာဂရကိုတွေ့ လျှင်၊-
ကမ္ဘာဦး 21:14 - Common Language Bible နောက်တစ်နေ့နံနက်စောစော၌အာဗြဟံသည် အစားအစာနှင့်ရေဘူးကိုဟာဂရအားပေး လေ၏။ သူငယ်ကိုလည်းကျွန်မ၏ပခုံးပေါ်တွင် တင်၍အိမ်မှထွက်ခွာသွားစေ၏။ ဟာဂရသည် လည်းအိမ်မှထွက်ခွာခဲ့ရာဗေရရှေဘဟုခေါ် သောတောကန္တာရသို့ရောက်လေ၏။- Garrad Bible အာ ဗြ ဟံ သည် နံ နက် အ ချိန် ထ ပြီး မှ မုန့် နှင့် ရေ ဘူး ကို ယူ၍ ဟာ ဂ ရ ပ ခုံး ထက် တင် လျက် သူ ငယ် ကို အပ် ပြီး လျှင်၊ လွှတ် လိုက် သည့် အ တိုင်း ဟာ ဂ ရ ထွက် သွား၍ ဗေ ရ ရှေ ဘ တော ၌ လှည့် လည် လျက် နေ ရ ရှာ ၏။ Judson Bible အာဗြဟံသည် နံနက်စောစောထ၍၊ မုန့်နှင့် ရေဘူးကိုယူသဖြင့်၊ ဟာဂရပခုံး၌တင်ပြီးလျှင်၊ သူငယ်ကိုအပ်၍ ကျွန်မကို လွှတ်လိုက်လေ၏။ သူသည်လည်းသွား၍၊ ဗေရရှေဘတော၌ လှည့်လည်လျက်နေ၏။ မြန်မာ့စံမီသမ္မာကျမ်း အာဗြဟံသည် နံနက်စောစောထပြီး မုန့်နှင့်သားရေဘူးကိုယူ၍ ဟာဂရ၏ပခုံးပေါ်တင်ပေး၏။ သူငယ်ကိုလည်းအပ်ပြီး လွှတ်လိုက်လေ၏။ ဟာဂရသည် ထွက်သွား၍ ဗေရရှေဘတောကန္တာရထဲ၌ လှည့်လည်သွားလာလေ၏။ |
ထာဝရဘုရား၏ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာလမ်း၊ တောကန္တာရထဲ ရှိစမ်းရေတွင်းအနီးတွင်ဟာဂရကိုတွေ့ လျှင်၊-
နောက်နေ့နံနက်စောစော၌အာဗြဟံသည် ထာဝရဘုရား၏ရှေ့တော်တွင်ရပ်ခဲ့ဖူးသောနေရာသို့အမြန်သွားလေ၏။-
ကျွန်မ၏သားသည်လည်းသင်၏သားဖြစ်သော ကြောင့်သူ၏အဆက်အနွယ်ကိုလည်းလူမျိုး ကြီးဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
ထိုသို့သူတို့နှစ်ဦးသည်သစ္စာဆိုကြသည် ဖြစ်၍ ထိုအရပ်ကိုဗေရရှေဘဟုခေါ်တွင် ကြသည်။
အာဗြဟံသည်ဗေရရှေဘအရပ်တွင်မန် ကျည်းတစ်ပင်ကိုစိုက်၍အစဉ်အမြဲတည် တော်မူသော ဘုရားသခင်တည်းဟူသော ထာဝရဘုရားကိုတိုင်တည်၍ဝတ်ပြု ကိုးကွယ်လေ၏။-
ထိုနောက်အာဗြဟံသည်အစေခံတို့ရှိရာသို့ ပြန်လာ၍ သူတို့နှင့်အတူဗေရရှေဘအရပ် သို့ပြန်ခဲ့ကြပြီးနောက်ထိုအရပ်တွင်နေထိုင် လေသည်။
နောက်တစ်နေ့နံနက်စောစောတွင်အာဗြဟံသည် ယဇ်ပူဇော်ရန်ထင်းကိုခွဲ၍မြည်းပေါ်သို့တင် ပြီးလျှင် ဣဇာက်နှင့်အစေခံနှစ်ယောက်တို့ကို ခေါ်လျက်ဘုရားသခင်ညွှန်ပြသောအရပ် သို့ရှေ့ရှုလာခဲ့သည်။-
ထိုနောက်အာဗြဟံ၏အစေခံနှင့် အဖော်တို့ သည်စားသောက်ကြပြီးလျှင် ထိုအိမ်၌ညအိပ် ၍နံနက်အိပ်ရာမှနိုးကြသောအခါ အာဗြဟံ ၏အစေခံက``သခင်ထံသို့ပြန်ပါရစေ'' ဟု ပန်ကြား၏။
သို့ရာတွင်သူအသက်ရှင်စဉ်အခြားသောမယား တို့နှင့်ရသောသားတို့အားလည်း လက်ဆောင်များ ကိုပေး၍ဣဇာက်နှင့်ဝေးရာအရှေ့ပြည်သို့ပြောင်း ရွှေ့နေထိုင်စေသည်။
နောက်တစ်နေ့နံနက်စောစောတွင် သူတို့အချင်း ချင်းတစ်ဦးနှင့်တစ်ဦးကတိသစ္စာပြုကြ၏။ ထို့ နောက်သူတို့အချင်းချင်းနှုတ်ဆက်ပြီးလျှင် မိတ်ဆွေဖြစ်လျက်ခွဲခွာကြလေသည်။
ဣဇာက်ကထိုရေတွင်းကိုရှေဘဟုမှည့်ခေါ်သော ကြောင့်ထိုမြို့ကိုဗေရရှေဘမြို့ဟုခေါ်တွင်လေ သည်။
ယာကုပ်သည်နောက်တစ်နေ့နံနက်စောစော အိပ်ရာမှ နိုးထ၍သူခေါင်းအုံးသောကျောက်တုံးကိုယူပြီး လျှင် မှတ်တိုင်အဖြစ်စိုက်ထူလေသည်။ ထိုနောက်မှတ် တိုင်ပေါ်တွင်သံလွင်ဆီလောင်းလျက် ထိုမှတ်တိုင် ကိုဘုရားသခင်အားဆက်ကပ်လေ၏။-
သူသည်မြို့ပြင်၌လှည့်လည်ရှာဖွေနေစဉ် လူ တစ်ယောက်ကသူ့ကိုမြင်၍``သင်ဘာကိုရှာ နေသနည်း'' ဟုမေး၏။
ယာကုပ်သည်မိမိ၏ပစ္စည်းဥစ္စာရှိသမျှကို ထုပ်ပိုး၍ ခရီးထွက်ခဲ့ရာဗေရရှေဘအရပ် သို့ရောက်လျှင် သူ၏အဖဣဇာက်၏ဘုရားသခင်အားယဇ်ပူဇော်လေ၏။-
ဧလိယသည်ကြောက်သဖြင့် အသက်ဘေးမှ လွတ်ရန်ထွက်ပြေးလေ၏။ သူသည်မိမိ၏ အစေခံကိုခေါ်၍ယုဒပြည်၊ ဗေရရှေဘ မြို့သို့သွား၏။ ထိုမြို့တွင်အစေခံကိုထားခဲ့ပြီးလျှင်၊-
ဟေဇကိမင်းသည်မဆိုင်းမတွဘဲ ယေရု ရှလင်မြို့မှလူကြီးလူကောင်းများကို စုဝေးစေပြီးလျှင် သူတို့နှင့်အတူဗိမာန် တော်သို့ကြွတော်မူ၏။-
လူအချို့တို့သည်လမ်းမရှိသည့်သဲကန္တာရ တွင် လှည့်လည်လျက်နေခဲ့ကြ၏။ သူတို့သည်မိမိတို့နေထိုင်စရာမြို့သို့သွားရာ လမ်းကိုရှာ၍မတွေ့ကြ။
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ပညတ်တော် တို့ကို မဆိုင်းမတွဘဲလိုက်နာစောင့်ထိန်းပါမည်။
နံနက်စောစောထ၍၊ မိမိအဆွေခင်ပွန်းကို ကျယ်သောအသံနှင့် ကောင်းကြီးပေးသောသူသည် ကျိန်ဆဲခြင်းကို ပြုရာရောက်၏။
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။
ဟေရှဘုန်မြို့အနီးရှိလယ်ယာများနှင့်စိ ဗမာစပျစ်ဥယျာဉ်များသည်ပျက်ပြုန်း၍ သွားကြ၏။ လူမျိုးခြားမင်းအပေါင်းတို့သည် ထိုစပျစ်ဥယျာဉ်တို့မှထွက်သောစပျစ်ရည် များဖြင့်မူးယစ်နေခဲ့ကြဖူး၏။ အခါတစ် ပါးကစပျစ်နွယ်များသည် အရှေ့ဘက်သို့ ယာဇာမြို့နှင့်သဲကန္တာရတိုင်အောင်လည်း ကောင်း၊ အနောက်ဘက်သို့ပင်လယ်သေတစ် ဘက်ကမ်းတိုင်အောင်လည်းကောင်းရောက်ရှိ ခဲ့ကြ၏။-
နောက်တစ်နေ့နံနက်စောစောအချိန်၌ ယောရှု နှင့်ဣသရေလအမျိုးသားအပေါင်းတို့သည် အကေရှစခန်းမှယော်ဒန်မြစ်သို့ထွက်ခွာ လာကြသည်။ မြစ်ကိုမဖြတ်ကူးမီမြစ်နား တွင်စခန်းချကြ၏။-
နံနက်စောစော၌ရှောလုကိုရှာရန်ထွက်ခွာ သွား၏။ ရှောလုသည်ကရမေလမြို့သို့သွား ၍ မိမိအတွက်အမှတ်တရကျောက်တိုင်ကို တည်ဆောက်ကြောင်း၊ ထိုမှတစ်ဆင့်ဂိလဂါလ မြို့သို့ထွက်ခွာသွားကြောင်းရှမွေလကြား သိရ၏။-