| ကမ္ဘာဦး 26:31 - Common Language Bible31 နောက်တစ်နေ့နံနက်စောစောတွင် သူတို့အချင်း ချင်းတစ်ဦးနှင့်တစ်ဦးကတိသစ္စာပြုကြ၏။ ထို့ နောက်သူတို့အချင်းချင်းနှုတ်ဆက်ပြီးလျှင် မိတ်ဆွေဖြစ်လျက်ခွဲခွာကြလေသည်။အခန်းကိုကြည့်ပါ။ Garrad Bible31 နံ နက် အ ချိန် ထ၍ အ ချင်း ချင်း သ စ္စာ ထား ကြ ပြီး မှ ဣ ဇက် လွှတ် သည့် အ လျောက် သူ တို့ သည် ချမ်း သာ စွာ ပြန် ကြွ ကြ ၏။အခန်းကိုကြည့်ပါ။ Judson Bible31 နံနက်စောစောထ၍၊ အချင်းချင်းတစ်ဦးနှင့် တစ်ဦး သစ္စာပြုလိုက်ပြီးမှ၊ ဣဇာက်သည် သူ့တို့ကိုလွှတ်လိုက်၍၊ သူတို့သည် ငြိမ်ဝပ်စွာသွားရကြ၏။အခန်းကိုကြည့်ပါ။ မြန်မာ့စံမီသမ္မာကျမ်း31 သူတို့သည် နံနက်စောစောထ၍ တစ်ဦးနှင့်တစ်ဦးကျိန်ဆိုခြင်းကိုပြုကြ၏။ ထို့နောက် ဣဇက်သည် သူတို့ကိုလွှတ်လိုက်သဖြင့် သူတို့သည် ငြိမ်းချမ်းစွာပြန်သွားကြ၏။အခန်းကိုကြည့်ပါ။ | 
သို့ရာတွင်ဒါဝိဒ်က``သင်ကျွန်ုပ်အားအဘယ် မျှခင်မင်သည်ကို သင်၏ခမည်းတော်ကောင်း စွာသိပါ၏။ သင်သည်စိတ်မချမ်းမသာ ဖြစ်မည်စိုးသဖြင့် သူသည်မိမိ၏အကြံ အစည်ကိုသင့်အားမပြောကြားဘဲနေ လေပြီ။ ကျွန်ုပ်သည်သေဘေးနှင့်ခြေတစ် လှမ်းမျှသာကွာတော့ကြောင်း အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင် တည်၍သင့်အားကျိန်ဆိုဖော်ပြပါ၏'' ဟုပြန်ပြော၏။
သို့ဖြစ်၍သင်သည်ငါ့ကိုသော်လည်းကောင်း၊ ငါ ၏သားသမီးနှင့်အဆက်အနွယ်များကိုသော် လည်းကောင်းမလှည့်စားပါဟူ၍ဘုရားသခင် ၏ရှေ့တော်၌ကတိသစ္စာဆိုပါလော့။ ငါသည် သင့်အားသစ္စာစောင့်သည့်နည်းတူ ငါ့ကိုသော် လည်းကောင်း၊ သင်မှီတင်းနေထိုင်ရာဤပြည် ကိုသော်လည်းကောင်းသစ္စာစောင့်ပါမည်ဟူ၍ ကတိပြုလော့'' ဟုအာဗြဟံအားဆိုလေ၏။
ထိုအခါအာဗြံက``သင်၏ဥစ္စာဟူ၍အပ်ချည် တစ်မျှင်၊ ခြေနင်းကြိုးတစ်စကိုမျှငါမယူလို။ သို့မှသာလျှင်အာဗြံအားကြွယ်ဝချမ်းသာစေ သောသူကား ငါပင်ဖြစ်၏ဟုသင်မဆိုနိုင်။ ငါ့ အတွက်မည်သည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှ မယူ။ ငါ၏လူများသုံးစွဲပြီးသမျှတို့ကို သာ ငါယူသည်ဟုထင်မှတ်ပါလော့။ သို့ရာတွင် ငါ၏မဟာမိတ်များဖြစ်ကြသောအာနေရ၊ ဧရှကောလနှင့်မံရေတို့ကိုမူကားသူတို့ ၏ဝေစုကိုခွဲယူကြပါစေ။ ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူသော အမြင့်ဆုံး သောထာဝရအရှင်ဘုရားသခင်ကိုတိုင် တည်၍ ငါမြွက်ဆိုပါသည်'' ဟုဖြေကြား လေ၏။