၂ သက် 3:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့၏ စံနမူနာကို သင်တို့မည်သို့ ယူသင့်သည်ကို သိကြ၏။ ကျွန်ုပ်တို့သည် သင်တို့နှင့် အတူနေထိုင်စဉ်က ပျင်းရိလေလွင့်၍ မနေခဲ့ကြ။ Common Language Bible သင်တို့သည်ငါတို့အလုပ်လုပ်ခဲ့သည့်စံ နမူနာကိုလိုက်၍ပြုကျင့်သင့်သည်ကို သင် တို့ကိုယ်တိုင်ကောင်းစွာသိရှိကြပေသည်။ သင်တို့နှင့်အတူရှိစဉ်အခါကငါတို့သည် အလုပ်မလုပ်ဘဲမနေခဲ့ကြ။- Garrad Bible ငါ တို့ သည် သင် တို့ ဘောင် တွင် လေ လွင့် လျက် မ နေ ခဲ့ သည် ဖြစ်၍ ငါ တို့ ပုံ စံ ကို မည် သို့ လိုက် သင့် ကြောင်း သင် တို့ ကိုယ် တိုင် သိ ကြ၏။ Judson Bible အကြောင်းမူကား၊ ငါတို့ပေးသော ပုံသက်သေကိုလိုက်၍ သင်တို့သည် အဘယ်သို့ကျင့်ရမည်ဟု သင်တို့ ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့တွင် မတရားစွာ ပြုကြသည်မဟုတ်။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့ကို မည်ကဲ့သို့အတုယူရမည်ကို သင်တို့ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့အလယ်၌ စည်းမဲ့ကမ်းမဲ့နေကြသည်မဟုတ်။ |
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ကို အတုယူရာတွင် အချင်းချင်း ပူးပေါင်းပါဝင်ကြလော့။ ကျွန်ုပ်တို့ပြသော စံနမူနာအတိုင်း ပြုမူနေထိုင်ကြသောသူတို့ကို ကြည့်ရှုလေ့လာကြလော့။
ကျွန်ုပ်ထံမှ သင်တို့ သင်ယူ၍ ကြားနာသိမြင်ခဲ့သောအရာတို့ကို ကျင့်ကြလော့။ သို့ပြုလျှင် ငြိမ်းချမ်းခြင်းအရှင် ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။
ယုံကြည်သော သင်တို့နှင့် ဆက်ဆံရာတွင် ကျွန်ုပ်တို့သည် မည်သို့သန့်ရှင်း ဖြောင့်မတ်ပြီး အပြစ်ဆိုဖွယ်မရှိသူများဖြစ်ကြောင်းကို သင်တို့နှင့် ဘုရားသခင်သည် ကျွန်ုပ်တို့၏ သက်သေများဖြစ်၏။
ထို့ပြင် ညီအစ်ကိုမောင်နှမတို့… ပျင်းရိသူများကို သတိပေးဆုံးမကြလော့။ စိတ်ပျက်အားလျော့သူများကို အားပေးကြလော့။ အားနည်းသူများကို ကူညီကြလော့။ လူတိုင်းအပေါ်တွင် စိတ်ရှည်ကြလော့။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ သွန်သင်ခဲ့သည့် ဓလေ့ထုံးတမ်းအတိုင်း မလိုက်နာဘဲ ပျင်းရိလေလွင့်နေသော ယုံကြည်သူတို့နှင့် မပေါင်းဖော်ရန် ယေရှုခရစ်တော်၏ အခွင့်အာဏာဖြင့် ကျွန်ုပ်တို့သည် သင်တို့ကို ညွှန်ကြားလိုက်ပါ၏။
ထိုသို့ လုပ်ရခြင်းသည် ကျွန်ုပ်တို့တွင် သင်တို့ထံက အကူအညီကို ရပိုင်ခွင့်မရှိသောကြောင့် မဟုတ်။ ကျွန်ုပ်တို့ထံက သင်တို့ယူစရာ စံနမူနာ ရှိစေလိုသောကြောင့် ဖြစ်၏။
သင်၏အသက်ငယ်ရွယ်သည်ကို မည်သူမျှ မထီမဲ့မြင်မပြုစေနှင့်။ ပြောဆိုခြင်း၊ ပြုမူခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်းတို့တွင် ယုံကြည်သူတို့အတွက် စံနမူနာဖြစ်စေလော့။
အရာရာ၌ ကောင်းမှုကို ပြု၍ သင်ကိုယ်တိုင်စံနမူနာဖြစ်စေလော့။ သွန်သင်ရာတွင် ရိုးသားပွင့်လင်းခြင်း၊ တည်ကြည်ခြင်း၊
ထိုသို့ သင်တို့အား အပ်ထားသောသူတို့ကို အုပ်ထိန်းရာတွင် အုပ်စိုးခြယ်လှယ်မှုမပြုဘဲ သိုးစုကဲ့သို့သော လူတို့အတွက် စံနမူနာဖြစ်စေကြလော့။