၂ ယော 1:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ချစ်ခြင်းမေတ္တာဟူသည်မှာ ဘုရားသခင်က ကျွန်ုပ်တို့အား ပညတ်ထားတော်မူသည့်အတိုင်း အသက်ရှင်နေထိုင်ခြင်းဖြစ်၏။ ကိုယ်တော်၏ပညတ်တော်မှာ အစဦးကပင် သင်တို့ကြားခဲ့သည့်အတိုင်း အချင်းချင်း ချစ်ကြရန်ဖြစ်၏။ Common Language Bible ချစ်ခြင်းဆိုသည်မှာကိုယ်တော်၏ပညတ်တော် တို့ကိုလိုက်နာကျင့်သုံးခြင်းပင်တည်း။ အစ ကတည်းကပင်လျှင် သင်တို့အားလုံးကြားနာ ခဲ့ရသည့်ပညတ်တော်မှာမေတ္တာတရားကို ကျင့်သုံးရမည်ဟူ၍ဖြစ်သတည်း။ Garrad Bible ချစ် ခြင်း မေ တ္တာ သည် ကိုယ် တော်၏ ပ ညတ် များ အ တိုင်း လျှောက် လိုက် ခြင်း ဖြစ်၏။ ပ ညတ် တော် ကား အ စ အ ဦး က သင် တို့ ကြား နာ ခဲ့ ကြ သည့် အ တိုင်း မေ တ္တာ တ ရား၌ လျှောက် လိုက် ရ ခြင်း တည်း။ Judson Bible ပညတ်တော်တို့အတိုင်း ကျင့်စောင့်ခြင်းအရာသည် ချစ်ရာရောက်၏။ သင်တို့သည် ပညတ်တော်နှင့် အညီကျင့်မည်အကြောင်း၊ ရှေ့ဦးစွာကပင် သင်တို့ ကြားရသည်အတိုင်း၊ ပညတ်တော်သည် ထိုသို့သော သဘောရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ချစ်ခြင်းမေတ္တာဆိုသည်မှာ ကိုယ်တော်၏ပညတ်တော်အတိုင်း အသက်ရှင်လျှောက်လှမ်းခြင်းဖြစ်၏။ ထိုပညတ်တော်သည်ကား အစအဦးကပင် သင်တို့ကြားရသည့်အတိုင်း ချစ်ခြင်းမေတ္တာ၌ အသက်ရှင်လျှောက်လှမ်းခြင်းဖြစ်၏။ |
ငါ့ပညတ်ကို လိုက်နာသောသူသည် ငါ့ကို ချစ်သောသူဖြစ်၏။ ထိုသူသည် ငါ့ကို ချစ်သောကြောင့် ငါ့ခမည်းတော်သည် သူ့ကို ချစ်လိမ့်မည်။ ငါသည်လည်း သူ့ကို ချစ်၍ သူ့ကို ကိုယ်ထင်ပြတော်မူမည်” ဟု မိန့်တော်မူ၏။
ယေရှုက “ငါ့ကို ချစ်သောသူသည် ငါ့စကားကို လိုက်နာလိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကို ချစ်လိမ့်မည်။ ငါ့ခမည်းတော်နှင့် ငါသည်လည်း ထိုသူထံသို့ လာ၍ သူနှင့်အတူ နေထိုင်မည်။
ငါသည် ခမည်းတော်၏ ပညတ်တော်တို့ကို လိုက်နာ၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည်လည်း ငါ့ပညတ်တို့ကို လိုက်နာလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။
ထို့ကြောင့် အစဦးကပင် ကြားခဲ့ရသော အရာကို သင်တို့၌ တည်စေကြလော့။ ထိုသို့တည်လျှင် သင်တို့သည် သားတော်၌လည်းကောင်း၊ ခမည်းတော်၌လည်းကောင်း တည်နေလိမ့်မည်။
ဘုရားသခင်၏စကားတော်ကို နားထောင်သောသူသည် ဘုရားသခင်ကို အကြွင်းမဲ့ချစ်သောသူဖြစ်၏။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်သည်ကို သိကြ၏။
ချစ်ရသောသူတို့… သင်တို့ထံ ကျွန်ုပ်ရေးပို့လိုက်သော ပညတ်သည် ပညတ်သစ်မဟုတ်။ အစဦးကပင် သင်တို့၌ ရှိသော ပညတ်ဟောင်းဖြစ်၏။ ဤပညတ်ဟောင်းသည် သင်တို့ကြားခဲ့ပြီးသော တရားတော်ဖြစ်၏။
တောင်းလျှောက်သမျှကို ကိုယ်တော်နားဆင်တော်မူကြောင်း ကျွန်ုပ်တို့သိလျှင် တောင်းလျှောက်သောအရာကို ပေးတော်မူကြောင်းကိုလည်း သိကြ၏။
ဘုရားသခင်ကို ချစ်ခြင်းသည် ဘုရားသခင်၏ပညတ်တော်များကို လိုက်နာခြင်းပင် ဖြစ်၏။ ပညတ်တော်တို့သည် လိုက်နာရန် မခဲယဉ်းပေ။
သို့ဖြစ်၍ ချစ်ခင်ရသောအမျိုးသမီး… ကျွန်ုပ်သည် သင့်ထံ ပညတ်သစ်ကို ရေးလိုက်သည်မဟုတ်။ အစဦးကပင် ကျွန်ုပ်တို့၌ ရှိသောပညတ်တော်ကို ရေး၍ အချင်းချင်းချစ်ကြရန် တောင်းပန်ပါ၏။