လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
၂ ပေ 3:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ နေ့ရက်ကို စောင့်မျှော်၍ ထိုနေ့ရက်ကို အလျင်အမြန်လာစေသင့်၏။ ထိုနေ့၌ ကောင်းကင်သည် မီးလောင်ကျွမ်း၍ ပျက်ပြယ်သွားလိမ့်မည်။ လောကဓာတ်တို့သည်လည်း ပြင်းထန်သော အပူရှိန်၌ အရည်ပျော်သွားလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏နေ့ရက်ကိုစောင့်မျှော်၍ ထိုနေ့ရက်၏ရောက်ရှိလာခြင်းကို လျင်မြန်စေသင့်၏။ ထိုနေ့၌ ကောင်းကင်သည် လောင်မြိုက်ခြင်းခံရလျက် ပျက်သုဉ်းသွားလိမ့်မည်။ လောကဓာတ်တို့သည်လည်း ပြင်းထန်သောအပူရှိန်ဖြင့် အရည်ပျော်သွားကြလိမ့်မည်။ |
လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
ငါအမှန်ဆိုရလျှင် လူသားသည် ဘုရင်အဖြစ် အုပ်စိုးရန် ကြွလာသည်ကို ဤနေရာ၌ ရပ်နေသောသူတို့ထဲမှ တချို့သည် မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။
သင်တို့အထဲတွင် ကောင်းသောအမှုကို စတင်ဆောင်ရွက်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော် ပြန်ကြွလာသည့် နေ့ရက်တိုင်အောင် ထိုအမှုကို ပြီးမြောက်သည်အထိ ဆက်၍ ပြုတော်မူမည်ဟု ကျွန်ုပ်စိတ်ချယုံကြည်ပါ၏။
တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် ကြီးမြတ်သည့်ဘုရားသခင်ဖြစ်တော်မူသော ကယ်တင်ရှင် ယေရှုခရစ်တော် ဘုန်းအသရေနှင့် ကြွလာမည့် မင်္ဂလာရက်မြတ်ကို စောင့်မျှော်နေကြ၏။
သို့သော် ထာဝရဘုရား၏နေ့ရက်သည် သူခိုးကဲ့သို့ ရောက်လာလိမ့်မည်။ ကောင်းကင်သည် မြည်ဟည်း၍ ပျောက်ကွယ်လိမ့်မည်။ လောကဓာတ်တို့သည် အလွန်ပူပြင်း၍ ပျက်ပြယ်သွားကြလိမ့်မည်။ ကမ္ဘာမြေကြီးနှင့် ကမ္ဘာမြေပေါ်တွင် ပြုလုပ်ထားသမျှ အရာအားလုံးသည် ပျောက်ကွယ်သွားလိမ့်မည်။
အရာအားလုံးသည် ဤနည်းအားဖြင့် ဖျက်ဆီးခံရမည်ဖြစ်သောကြောင့် သင်တို့သည် မည်သို့သောသူများ ဖြစ်သင့်သနည်း။ သန့်ရှင်းစွာ ပြုမူနေထိုင်လျက် ဘုရားတရားကိုင်းရှိုင်းခြင်းဖြင့်
ထိုသူတို့က “ယေရှုပြန်ကြွလာမည် ဟူသော ကတိတော်သည် အဘယ်မှာနည်း။ ကျွန်ုပ်တို့ ဘိုးဘေးများ ကွယ်လွန်ပြီးကတည်းက အရာအားလုံးသည် ကမ္ဘာဦးအစ ဖန်ဆင်းခဲ့သည့်အချိန်ကအတိုင်း ဆက်လက်ရှိနေဆဲပင် ဖြစ်၏” ဟူ၍ ပြောကြလိမ့်မည်။
ဘုရားသခင်သည် ထိုနှုတ်ကပတ်တော်အားဖြင့် ယခုလက်ရှိ ကောင်းကင်နှင့် မြေကြီးကို မီးနှင့် တရားစီရင်မည့်နေ့တိုင်အောင် ဆက်လက်တည်ရှိစေတော်မူ၏။ ထိုနေ့၌ ကောင်းကင်နှင့် မြေကြီးသည် မီးနှင့် ဖျက်ဆီးခြင်းကို ခံရ၍ ဘုရားတရားမဲ့သောသူတို့သည်လည်း ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဆက်လက်ခံစား၍ ထာဝရအသက်ကို ရရှိစေမည့် ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကရုဏာတော်ကို စောင့်မျှော်ကြလော့။