သို့ရာတွင် ယုံကြည်သက်ဝင်မှုမရှိသောဂျူးများက လူမျိုးခြားတို့ကို သွေးထိုးလှုံ့ဆော်၍ ယုံကြည်သူများအပေါ် မုန်းတီးစိတ်ဖြစ်စေကြ၏။
၂ တိ 2:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့၏စကားသည် အသားကို တရိရိပုပ်စေတတ်သည့် ခူနာကဲ့သို့ ပျံ့နှံ့သွားလိမ့်မည်။ ထိုသူတို့ထဲတွင် ဟုမေနဲနှင့် ဖိလက်တို့ ပါ၏။ Common Language Bible ယင်းသွန်သင်ချက်သည်အသားကိုပုပ်ရိ စေတတ်သည့်ခူနာနှင့်တူ၏။ ထိုသို့သွန်သင် သူတို့တွင် ဟုမေနဲနှင့်ဖိလက်တို့လည်း ပါကြ၏။- Garrad Bible သြ ဝါ ဒ လည်း အ နာ ကြီး ကဲ့ သို့ တိုး ပွား လိမ့် မည်။ သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း လွန် ခဲ့ ပြီ ဟု ဆို လျက် သ မ္မာ တ ရား တော် မှ တိမ်း ရှောင် သ ဖြင့် အ ချို့ တို့ ယုံ ကြည် ခြင်း ကို မှောက် လှန် ကြ သော ဟု မေ နဲ နှင့် ဖိ လက် တို့ သည် ထို သူ တို့ အ ဝင် ဖြစ် ကြ၏။ Judson Bible သူတို့၏စကားသည် ခူနာကဲ့သို့ စားလိမ့်မည်။ ထိုသူတို့တွင် ဟုမေနဲနှင့်ဖိလက် ပါသတည်း။- မြန်မာ့စံမီသမ္မာကျမ်း သူတို့၏စကားသည် မြစ်ပွားနာကဲ့သို့ပျံ့နှံ့သွားလိမ့်မည်။ ထိုသူတို့ထဲတွင် ဟုမေနဲနှင့်ဖိလက်တို့ပါ၏။ |
သို့ရာတွင် ယုံကြည်သက်ဝင်မှုမရှိသောဂျူးများက လူမျိုးခြားတို့ကို သွေးထိုးလှုံ့ဆော်၍ ယုံကြည်သူများအပေါ် မုန်းတီးစိတ်ဖြစ်စေကြ၏။
ထိုသူတို့ထဲတွင် ဟုမေနဲနှင့် အလက်ဇန်းဒါးတို့ ပါဝင်ကြ၏။ သူတို့သည် ဘုရားသခင်ကို စော်ကားပြောဆိုခြင်း မပြုသင့်ကြောင်း အဆုံးအမခံကြစေရန် ကျွန်ုပ်သည် သူတို့ကို စာတန်လက်သို့ အပ်လိုက်၏။
သင်တို့၏ရွှေငွေများသည် အကြေးအညှိတက်၍ ပျက်စီးလေပြီ။ ထိုအကြေးအညှိသည် သင်တို့ကို တရားခွင်၌ စွပ်စွဲမည့် သက်သေဖြစ်ပြီး သင်တို့၏ကိုယ်ခန္ဓာကို မီးကဲ့သို့ လောင်ကျွမ်းပျက်စီးစေလိမ့်မည်။ သင်တို့သည် နောက်ဆုံးသောနေ့ရက်များ၌ စည်းစိမ်ဥစ္စာများကို သိုထားကြလေပြီ။