သို့ရာတွင် အသက်ရှင်ခြင်းသို့ သွားသော တံခါးနှင့်လမ်းသည် ကျဉ်းမြောင်းခက်ခဲသဖြင့် တွေ့ရှိသောသူနည်းလှ၏။
၂ ကော 6:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် သင်တို့အပေါ်ထားသော မေတ္တာတရားကို ကန့်သတ်ပိတ်ပင်ထားသည်မဟုတ်။ သင်တို့ကသာ ကျွန်ုပ်တို့အပေါ် ထားရမည့်မေတ္တာတရားကို ကန့်သတ်ပိတ်ပင်ထားခြင်းဖြစ်၏။ Common Language Bible စိတ်နှလုံးတံခါးကိုပိတ်၍ထားသူများ ကားငါတို့မဟုတ်။ သင်တို့ကသာမိမိတို့ စိတ်နှလုံးတံခါးကိုငါတို့အဖို့ပိတ်ထား ကြ၏။ ယခုငါသည်သင်တို့အားငါ၏သား သမီးများသဖွယ်ပြောဆိုနေ၏။- Garrad Bible သင် တို့ သည် ငါ တို့ ၌ ကျဉ်း ကျပ် ခံ ရ ကြ သည် မ ဟုတ်။ ကိုယ့် စိတ် စေ တ နာ သာ ကျဉ်း မြောင်း ၏။ Judson Bible ငါတို့၌သင်တို့သည် ကျဉ်းမြောင်းသည် မဟုတ်။ ကိုယ်မေတ္တာ ကရုဏာ၌သာ ကျဉ်းမြောင်းကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ကြင်နာစိတ်ကို ကန့်သတ်ပိတ်ပင်ထားသည်မဟုတ်။ သင်တို့ကသာ သင်တို့၏ကြင်နာစိတ်ကို ကန့်သတ်ပိတ်ပင်ထားခြင်းဖြစ်၏။ |
သို့ရာတွင် အသက်ရှင်ခြင်းသို့ သွားသော တံခါးနှင့်လမ်းသည် ကျဉ်းမြောင်းခက်ခဲသဖြင့် တွေ့ရှိသောသူနည်းလှ၏။
ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခအမျိုးမျိုးဖြင့် ဖိနှိပ်ခံရသော်လည်း မပြိုလဲ။ ဖြစ်ပျက်နေသည့်အရာများအတွက် ဇဝေဇဝါဖြစ်ရသော်လည်း စိတ်ပျက်အားလျော့ခြင်းမရှိ။
ကျွန်ုပ်တို့အပေါ်ထားသော သင်တို့၏မေတ္တာကို ကြီးမားစေကြလော့။ ကျွန်ုပ်တို့သည် မည်သူ့ကိုမျှ မပြစ်မှားခဲ့။ မည်သူ့ကိုမျှ မဖျက်ဆီးခဲ့။ မည်သူ့ကိုမျှ အမြတ်မထုတ်ခဲ့။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ မေတ္တာကရုဏာမျိုးဖြင့် သင်တို့အားလုံးကို မည်မျှလွမ်းဆွတ်ကြောင်း ဘုရားသခင်သိတော်မူ၏။
တစ်စုံတစ်ဦးသည် လောကီစည်းစိမ်ဥစ္စာရှိသော်လည်း ဆင်းရဲသော ညီအစ်ကိုမောင်နှမတို့ကို မြင်၍ မသနားပါက ထိုလူ၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် မည်သို့ရှိနိုင်မည်နည်း။