ဪ… စိတ်ပျက်ဖွယ်ကောင်းလေစွ။ သေခြင်းတရားကြီးစိုးသော ဤဘဝမှ ကျွန်ုပ်ကို မည်သူကယ်တင်မည်နည်း။
၂ ကော 5:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ကောင်းကင်ဘုံရှိ ကိုယ်ခန္ဓာကို အဝတ်သစ်ကဲ့သို့ ဝတ်ဆင်ရမည့်နေ့အတွက် စိတ်အားထက်သန်စွာ စောင့်မျှော်၍ လက်ရှိကိုယ်ခန္ဓာ၌ ညည်းတွားလျက်နေကြ၏။ Common Language Bible ဤယာယီတဲတွင်နေထိုင်စဉ်ကောင်းကင်ဘုံ အိမ်ကိုအလွန်တောင့်တသဖြင့် ငါတို့သည် ညည်းတွားလျက်နေကြ၏။- Garrad Bible မု ချ အား ဖြင့် အာ ကာ သ ရှိ ငါ တို့ ဘုံ ဆောင် နှင့် ဆင် ယင် ခွင့် ရ လျှင် ခြုံ ရာ မဲ့ ထင် ပေါ် မည် မ ဟုတ် ကြောင်း သိ သည့် အ လျောက် ထို သို့ ဆင် ယင် ခြင်း ကို တောင့် တ လျက် ဤ တဲ တွင် ညည်း တွား ကြ၏။ Judson Bible ငါတို့သည် မြေအိမ်၌ရှိစဉ်တွင်၊ ကောင်းကင်အိမ်ထဲသို့ဝင်စားခြင်းငှာ အလွန်တောင့်တလိုချင်သော စိတ်ရှိ၍၊ ညည်းတွားမြည်တမ်းလျက်၊ နေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ကောင်းကင်မှ ငါတို့၏စံအိမ်ကိုလွှမ်းခြုံရရန် တောင့်တ၍ ဤတဲတွင်ညည်းတွားကြ၏။ |
ဪ… စိတ်ပျက်ဖွယ်ကောင်းလေစွ။ သေခြင်းတရားကြီးစိုးသော ဤဘဝမှ ကျွန်ုပ်ကို မည်သူကယ်တင်မည်နည်း။
ဖန်ဆင်းခံလောကသာ ညည်းတွားနေသည်မဟုတ်။ ဘုရားသခင်၏ အဦးဆုံးဆုကျေးဇူးဖြစ်သည့် ဝိညာဉ်တော်ကို ရရှိသော ကျွန်ုပ်တို့သည်လည်း ခန္ဓာရွေးနုတ်ခြင်းဟူသော သားသမီးဖြစ်ခွင့်ကို စောင့်မျှော်၍ ညည်းတွားနေကြ၏။
သို့သော် လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်ပြောမည်။ ကျွန်ုပ်တို့အားလုံးသည် သေကြရမည်မဟုတ်။ နောက်ဆုံး တံပိုးမှုတ်သောအခါ တစ်ခဏချင်းမျက်စိတစ်မှိတ်အတွင်းတွင် ကျွန်ုပ်တို့အားလုံးသည် ပြောင်းလဲကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တံပိုးမှုတ်သောအခါ သေလွန်သောသူတို့သည် မပုပ်ပျက်သောအရာအဖြစ် ထမြောက်မည်ဖြစ်သောကြောင့်ပင်။ အသက်ရှင်လျက်ရှိသော ကျွန်ုပ်တို့သည်လည်း ပြောင်းလဲကြလိမ့်မည်။
ကျွန်ုပ်သည် ဤအရာနှစ်ခုကြားတွင် အခက်တွေ့နေ၏။ ဤဘဝကို စွန့်ခွာပြီး ခရစ်တော်နှင့် အတူရှိနေရန် ကျွန်ုပ်တောင့်တ၏။ ထိုအရာသည် ကျွန်ုပ်အတွက် ပို၍ကောင်း၏။