ထို့ပြင် သင်တို့၏ မိတ်ဆွေများကိုသာ နှုတ်ဆက်လျှင် အခြားသူများနှင့် မည်သို့ခြားနားမှုရှိမည်နည်း။ ဘုရားသခင်ကို မကိုးကွယ်သောသူများပင် ထိုသို့ပြုကြသည် မဟုတ်လော။
၂ ကော 13:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်ကို ယုံကြည်ကြသည့် ဤနေရာ၌ ရှိသောသူအပေါင်းတို့က သင်တို့ကို နှုတ်ဆက်ကြ၏။ Common Language Bible ဘုရားသခင်၏လူစုတော်ကသင်တို့ အားနှုတ်ဆက်ပါ၏။ Garrad Bible သီး သန့် ထား တော် မူ သူ ရှိ သ မျှ က သင် တို့ ကို နှုတ် ဆက် လိုက် ကြ၏။ Judson Bible သန့်ရှင်းသူအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်၊ ဘုရားသခင်၏မေတ္တာတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏မိတ်သဟာယဖွဲ့ခြင်းတို့သည် သင်တို့အားလုံးနှင့်အတူ ရှိပါစေသော။ |
ထို့ပြင် သင်တို့၏ မိတ်ဆွေများကိုသာ နှုတ်ဆက်လျှင် အခြားသူများနှင့် မည်သို့ခြားနားမှုရှိမည်နည်း။ ဘုရားသခင်ကို မကိုးကွယ်သောသူများပင် ထိုသို့ပြုကြသည် မဟုတ်လော။
အချင်းချင်း တစ်ဦးကို တစ်ဦး သန့်ရှင်းသောအနမ်းဖြင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏ အသင်းတော်အပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
သင်တို့၏ ခေါင်းဆောင်များနှင့် ယုံကြည်သူအပေါင်းတို့ကို နှုတ်ဆက်ကြလော့။ အီတလီပြည်မှ လာသောသူတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
သင်တို့နှင့်အတူ ရွေးချယ်တော်မူခြင်းခံရသော ဘေဘီလုံမြို့ရှိ အသင်းတော်နှင့် ကျွန်ုပ်သား မာကုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်၏။
ဘုရားသခင် ရွေးကောက်တော်မူသော သင့်ညီမ၏ သားသမီးတို့သည် သင့်အား နှုတ်ဆက်လိုက်ကြ၏။ ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် ပြီးပါပြီ။
ထိုအစား သင်နှင့် မကြာမီတွေ့၍ မျက်နှာချင်းဆိုင် စကားပြောနိုင်ရန် ကျွန်ုပ်မျှော်လင့်ထား၏။