မြွေဆိုးနှင့် မြွေပွေးအမျိုးတို့… သင်တို့သည် ငရဲသို့သွားရမည့် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။
၁ သက် 5:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတို့က “ငြိမ်းချမ်း၍ လုံခြုံသည်” ဟု ပြောနေသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး ရုတ်တရက် ဝေဒနာခံစားရသကဲ့သို့ ဘေးဒုက္ခသည် သူတို့အပေါ် ရုတ်တရက် ကျရောက်လာပြီး သူတို့သည် လွတ်မြောက်ကြမည်မဟုတ်။ Common Language Bible ``အန္တရာယ်ကင်းလျက်သာယာသည်'' ဟုလူတို့ ပြောဆိုကြသောအခါ၌ကိုယ်ဝန်ဆောင်အမျိုး သမီးအပေါ်သို့သားဖွားခြင်းဝေဒနာရုတ် တရက်ကျရောက်လာသကဲ့သို့ လူတို့အပေါ် သို့ဘေးအန္တရာယ်ကျရောက်လာလိမ့်မည်။- Garrad Bible ငြိမ် သက် သည်၊ လုံ ခြုံ သည် ဟု ဆို လျက် နေ ကြ စဉ် ပင် သား ဖွား သော မိန်း မ၌ ဝေ ဒ နာ သင့် ရောက် သည့် နည်း တူ လွတ် ခွင့် မ ရှိ ဘဲ ပျက် စီး ခြင်း ဘေး ရုတ် တ ရက် သင့် ရောက် မည်။ Judson Bible ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သောမိန်းမ၌ သားဖွားခြင်းဝေဒနာရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့် မရှိရကြ။- မြန်မာ့စံမီသမ္မာကျမ်း “ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။ |
မြွေဆိုးနှင့် မြွေပွေးအမျိုးတို့… သင်တို့သည် ငရဲသို့သွားရမည့် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။
အမျိုးသမီးတစ်ဦးသည် သားဖွားချိန်၌ ဝေဒနာပြင်းစွာခံစားရ၏။ သို့သော် မီးဖွားပြီးသောအခါ လူ့လောကထဲသို့ လူတစ်ယောက် မွေးဖွားလာသည့်အတွက် ဝမ်းမြောက်သဖြင့် မိမိခံစားခဲ့ရသောဝေဒနာကို မေ့လျော့တတ်၏။
‘အို မထီမဲ့မြင်ပြုသောသူတို့… ကြည့်ရှုအံ့ဩ၍ ပျက်စီးရာသို့ရောက်ကြလော့။ အဘယ်ကြောင့်ဆိုသော် သင်တို့ခေတ်ကာလတွင် ငါသည် အမှုတစ်ခုပြုမည်ဖြစ်သောကြောင့်ပင်။ တစ်စုံတစ်ယောက်က ထိုအမှုကို သင်တို့အား ပြောပြလျှင်လည်း လုံးဝယုံကြည်ကြမည်မဟုတ်’ ဟူ၍ ဖြစ်သည်” ဟု ဟောပြောလေ၏။
ထိုသူတို့သည် သခင်ဘုရားရှေ့တော်မှလည်းကောင်း၊ သခင်ဘုရား၏ ဘုန်းတန်ခိုးတော်ကို ခံစားရခြင်းမှလည်းကောင်း ဖယ်ရှားခံရကာ ထာဝရပျက်စီးမည့် ပြစ်ဒဏ်ကို ခံကြရလိမ့်မည်။
ကောင်းကင်ဘုံ၌ စာရင်းဝင်သောသားဦးတို့၏ အသင်းတော်သို့လည်းကောင်း၊ လူအပေါင်းတို့ကို တရားစီရင်တော်မူသောဘုရားသခင်ထံသို့လည်းကောင်း၊ ပြီးပြည့်စုံသည့်ဖြောင့်မတ်သောသူတို့၏ ဝိညာဉ်များထံသို့လည်းကောင်း ရောက်ကြပြီ။
ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရားကို ကျွန်ုပ်တို့ လျစ်လျူရှုပါက အပြစ်ဒဏ်မှ မည်သို့လွတ်မြောက်နိုင်ကြမည်နည်း။ ဤကယ်တင်ခြင်းတရားကို သခင်ဘုရားကိုယ်တိုင် ဦးစွာ ဟောတော်မူပြီးနောက် ကြားနာသူများက ကျွန်ုပ်တို့အား ထိုတရားတော်မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ကြ၏။
ဘုရားသခင်သည် အပြစ်ကျူးလွန်သောကောင်းကင်တမန်များကိုပင်လျှင် ချမ်းသာပေးတော်မမူဘဲ ငရဲထဲသို့ ပစ်ချ၍ တရားစီရင်မည့်နေ့တိုင်အောင် အမှောင်ထဲ၌ သံကြိုးနှင့် ချည်နှောင်ကာ ထိန်းသိမ်းထားတော်မူ၏။