သူတို့သည် လေးလံ၍ထမ်းရခက်သောဝန်ထုပ်များကို လူတို့အား ထမ်းစေကြသော်လည်း ကိုယ်တိုင်ကမူ ထိုအရာတို့ကို လက်ဖျားနှင့်မျှ မတို့ကြ။
၁ ယော 5:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်ကို ချစ်ခြင်းသည် ဘုရားသခင်၏ပညတ်တော်များကို လိုက်နာခြင်းပင် ဖြစ်၏။ ပညတ်တော်တို့သည် လိုက်နာရန် မခဲယဉ်းပေ။ Common Language Bible အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ကို ချစ်ခြင်းသည် ကိုယ်တော်၏ပညတ်တော်တို့ ကိုစောင့်ထိန်းခြင်းပင်ဖြစ်သည်။ ကိုယ်တော်၏ ပညတ်တော်တို့ကိုစောင့်ထိန်းရန်ငါတို့ အတွက်ဝန်မလေးပေ။- Garrad Bible ဘု ရား သ ခင် အား ချစ် ခြင်း မေ တ္တာ ကား ပ ညတ် တော် များ ကို စောင့် ရှောက် ခြင်း တည်း။ ဘု ရား သ ခင် အား ဖြင့် ဖွား ရ သ မျှ သည် ဤ လော က ကို အောင် မြင် ရ သော ကြောင့် ထို ပ ညတ် တော် များ ဝန် မ လေး ချေ။ ဤ လော က ကို နိုင် ခဲ့ သော အောင် မြင် ရာ မှာ ငါ တို့ ယုံ ကြည် ခြင်း တည်း။ Judson Bible ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်ကိုချစ်ခြင်းဆိုသည်မှာ ဘုရားသခင်၏ပညတ်တော်တို့ကို စောင့်ထိန်းခြင်းပင်ဖြစ်၏။ ဘုရားသခင်၏ပညတ်တော်တို့သည်လည်း စောင့်ထိန်းရန်ခဲယဉ်းသည်မဟုတ်။ |
သူတို့သည် လေးလံ၍ထမ်းရခက်သောဝန်ထုပ်များကို လူတို့အား ထမ်းစေကြသော်လည်း ကိုယ်တိုင်ကမူ ထိုအရာတို့ကို လက်ဖျားနှင့်မျှ မတို့ကြ။
ငါသည် ခမည်းတော်၏ ပညတ်တော်တို့ကို လိုက်နာ၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည်လည်း ငါ့ပညတ်တို့ကို လိုက်နာလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။
မည်သို့ပင်ဖြစ်စေကာမူ ပညတ်တရားသည် သန့်ရှင်း၏။ ပညတ်တရား၌ ပါဝင်သောပညတ်တော်တို့သည်လည်း သန့်ရှင်း၏။ မှန်ကန်၍ ကောင်းမြတ်၏။
ထာဝရဘုရားမိန့်တော်မူသည်မှာ ထိုကာလပြီးနောက် ငါသည် အစ္စရေးလူမျိုးတို့နှင့် ပဋိညာဉ်ဖွဲ့မည်။ ငါ့ပညတ်တရားကို သူတို့အသိဉာဏ်၌ ထည့်သွင်း၍ သူတို့၏ နှလုံးသား၌ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်ပြီး သူတို့သည် ငါ၏လူများဖြစ်ကြလိမ့်မည်။
ကျွန်ုပ်တို့သည် ပညတ်တော်တို့ကို လိုက်နာလျှင် ဘုရားသခင်ကို သိကျွမ်းသောသူများဖြစ်ကြောင်း သိရ၏။
ချစ်ခြင်းမေတ္တာဟူသည်မှာ ဘုရားသခင်က ကျွန်ုပ်တို့အား ပညတ်ထားတော်မူသည့်အတိုင်း အသက်ရှင်နေထိုင်ခြင်းဖြစ်၏။ ကိုယ်တော်၏ပညတ်တော်မှာ အစဦးကပင် သင်တို့ကြားခဲ့သည့်အတိုင်း အချင်းချင်း ချစ်ကြရန်ဖြစ်၏။