အဘယ်ကြောင့်ဆိုသော် လူများစွာတို့က ‘ငါသည် ခရစ်တော်ဖြစ်၏’ ဟု ငါ့အယောင်ဆောင်လျက် ရောက်လာကြလိမ့်မည်။ လူများစွာကိုလည်း လှည့်ဖြားကြလိမ့်မည်။
၁ ယော 4:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုခရစ်တော်ကို ဝန်မခံသောဝိညာဉ်တိုင်းသည် ဘုရားသခင်ထံမှ မဟုတ်ဘဲ ခရစ်တော်၏ရန်သူထံမှ လာသောဝိညာဉ်ဖြစ်၏။ ထိုခရစ်တော်၏ရန်သူသည် ဤကမ္ဘာလောကသို့ ရောက်လာတော့မည်ဟု သင်တို့ကြားရသောသူဖြစ်၏။ သူသည် ယခုပင် ကမ္ဘာလောက၌ ရှိနေပြီဖြစ်၏။ Common Language Bible ယင်းသို့ဝန်မခံသူသည်ကား ဘုရားသခင် ထံတော်မှဆင်းသက်လာသည့်ဝိညာဉ်တော်ကို ခံယူရရှိသူမဟုတ်။ ထိုသူတွင်ကိန်းအောင်း သည့်ဝိညာဉ်မှာ ခရစ်တော်၏ရန်သူဖြစ်၏။ ခရစ်တော်၏ရန်သူဝိညာဉ်သည် ဤလောက သို့ရောက်ရှိလာမည်ဖြစ်ကြောင်း၊ သင်တို့ကြား သိခဲ့ကြ၏။ သူသည်ယခုပင်လျှင်ရောက်ရှိ လျက်နေလေပြီ။ Garrad Bible ယေ ရှု ကို ဝန် မ ခံ သော ဝိ ညာဉ် တိုင်း မူ ကား ဘု ရား သ ခင့် ဘက် တော် ပါ မ ဟုတ် ဘဲ ခ ရစ် တော်၏ ရန် ဘက် တော် ဖြစ်၏။ ပေါ် လာ မည် ဟု သင် တို့ ကြား ဖူး သည့် အ တိုင်း ဤ လော က တွင် ယ ခု ပင် ရှိ လေ ပြီ။ Judson Bible လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်မခံသောဝိညာဉ်မည်သည်ကား၊ ဘုရားသခင်နှင့် မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း ဤလောကသို့လာမည်ဖြစ်၍၊ ယခုပင် လာလျက်ရှိသော အန္တိခရစ်၏ ဝိညာဉ်ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကိုဝန်မခံသောဝိညာဉ်တိုင်းသည် ဘုရားသခင်နှင့်မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်သည် လာတော့မည်ဟု သင်တို့ကြားခဲ့သည့်အတိုင်း ယခု ဤလောက၌ရှိနှင့်ပြီဖြစ်သော ခရစ်တော်ကိုဆန့်ကျင်အန်တုသူ၏ဝိညာဉ်ဖြစ်၏။ |
အဘယ်ကြောင့်ဆိုသော် လူများစွာတို့က ‘ငါသည် ခရစ်တော်ဖြစ်၏’ ဟု ငါ့အယောင်ဆောင်လျက် ရောက်လာကြလိမ့်မည်။ လူများစွာကိုလည်း လှည့်ဖြားကြလိမ့်မည်။
သားသမီးတို့… ဤကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ရန်သူ ရောက်လာကြောင်းကို သင်တို့ကြားသည့်အတိုင်း ယခုပင် ခရစ်တော်၏ရန်သူများစွာ ရောက်လာကြပြီ။ ထို့ကြောင့် ဤကာလသည် နောက်ဆုံးသောကာလဖြစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။
မည်သူသည် လိမ်လည်သူဖြစ်သနည်း။ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ငြင်းပယ်သူသည် လိမ်လည်သူဖြစ်၏။ ထိုသို့သောသူသည် ခမည်းတော်နှင့်သားတော်ကို ငြင်းပယ်သူဖြစ်၍ ခရစ်တော်၏ရန်သူဖြစ်၏။
ယေရှုခရစ်တော်သည် လူသားအဖြစ် ကြွလာတော်မူသည်ကို ဝန်မခံသောလှည့်ဖြားသူများစွာသည် ဤလောက၌ ပေါ်လာသဖြင့် ဤအကြောင်းအရာကို ကျွန်ုပ်ပြောရခြင်းဖြစ်၏။ ထိုသို့သောသူသည် လှည့်ဖြားသူဖြစ်၏။ ခရစ်တော်၏ရန်သူလည်း ဖြစ်၏။