၁ ယော 4:3 - Common Language Bible3 ယင်းသို့ဝန်မခံသူသည်ကား ဘုရားသခင် ထံတော်မှဆင်းသက်လာသည့်ဝိညာဉ်တော်ကို ခံယူရရှိသူမဟုတ်။ ထိုသူတွင်ကိန်းအောင်း သည့်ဝိညာဉ်မှာ ခရစ်တော်၏ရန်သူဖြစ်၏။ ခရစ်တော်၏ရန်သူဝိညာဉ်သည် ဤလောက သို့ရောက်ရှိလာမည်ဖြစ်ကြောင်း၊ သင်တို့ကြား သိခဲ့ကြ၏။ သူသည်ယခုပင်လျှင်ရောက်ရှိ လျက်နေလေပြီ။ အခန်းကိုကြည့်ပါ။Garrad Bible3 ယေ ရှု ကို ဝန် မ ခံ သော ဝိ ညာဉ် တိုင်း မူ ကား ဘု ရား သ ခင့် ဘက် တော် ပါ မ ဟုတ် ဘဲ ခ ရစ် တော်၏ ရန် ဘက် တော် ဖြစ်၏။ ပေါ် လာ မည် ဟု သင် တို့ ကြား ဖူး သည့် အ တိုင်း ဤ လော က တွင် ယ ခု ပင် ရှိ လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible3 လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်မခံသောဝိညာဉ်မည်သည်ကား၊ ဘုရားသခင်နှင့် မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း ဤလောကသို့လာမည်ဖြစ်၍၊ ယခုပင် လာလျက်ရှိသော အန္တိခရစ်၏ ဝိညာဉ်ဖြစ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ယေရှုကိုဝန်မခံသောဝိညာဉ်တိုင်းသည် ဘုရားသခင်နှင့်မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်သည် လာတော့မည်ဟု သင်တို့ကြားခဲ့သည့်အတိုင်း ယခု ဤလောက၌ရှိနှင့်ပြီဖြစ်သော ခရစ်တော်ကိုဆန့်ကျင်အန်တုသူ၏ဝိညာဉ်ဖြစ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း3 ယေရှုခရစ်တော်ကို ဝန်မခံသောဝိညာဉ်တိုင်းသည် ဘုရားသခင်ထံမှ မဟုတ်ဘဲ ခရစ်တော်၏ရန်သူထံမှ လာသောဝိညာဉ်ဖြစ်၏။ ထိုခရစ်တော်၏ရန်သူသည် ဤကမ္ဘာလောကသို့ ရောက်လာတော့မည်ဟု သင်တို့ကြားရသောသူဖြစ်၏။ သူသည် ယခုပင် ကမ္ဘာလောက၌ ရှိနေပြီဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သားသမီးတို့၊ အဆုံးစွန်သောကာလသည် ယခုနီးလာလေပြီ။ ခရစ်တော်၏ရန်သူပေါ် ပေါက်လာမည်ဖြစ်ကြောင်းကိုသင်တို့ကြားသိ ခဲ့ကြ၏။ ယခုပင်လျှင်ခရစ်တော်၏ရန်သူ အများအပြားပေါ်ပေါက်လျက်ရှိလေပြီ။ ဤ အချက်ကိုထောက်၍အဆုံးစွန်သောကာလ ရောက်လာကြောင်းကိုငါတို့သိရကြ၏။-