အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ကော 8:2 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

တစ်စုံတစ်ခု​ကို သိသည်​ဟု ထင်မှတ်သောသူ​သည် သိသင့်သည့်​အတိုင်း မသိသေးပေ။

အခန်းကိုကြည့်ပါ။

Common Language Bible

မိ​မိ​ကိုယ်​ကို​အ​သိ​ပ​ညာ​ရှိ​သည်​ဟု​ထင် မှတ်​သူ​သည် အ​မှန်​ပင်​အ​သိ​ပ​ညာ​မ​ရှိ။-

အခန်းကိုကြည့်ပါ။

Garrad Bible

အ ကြင် သူ သည် တစ် စုံ တစ် ရာ သိ သည် ဟု ထင် မှတ် အံ့။ ထို သူ သည် အ သိ ပ ညာ မှန် ကို မ ရ သေး။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ကြင်​သူ​သည်၊ ငါ​ကား​ပ​ညာ​ရှိ​ဖြစ်​သည်​ဟူ၍ စိတ်​ထင်၏။ ထို​သူ​သည် သိ​အပ်​သည်​အ​တိုင်း အ​လျှင်း​မ​သိ​သေး။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မည်သူမဆို တစ်စုံတစ်ရာ​ကို​သိ​ပြီ​ဟု​ထင်မှတ်​လျှင် ထို​သူ​သည် သိ​သင့်​သည့်​အတိုင်း​ပင် မ​သိ​သေး။

အခန်းကိုကြည့်ပါ။



၁ ကော 8:2
9 ပူးပေါင်းရင်းမြစ်များ  

ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် မိမိ​ကိုယ်ကိုယ် ပညာရှိ​လှသည်​ဟူ၍ မထင်မှတ်​စေရန် ဘုရားသခင်​၏ လျှို့ဝှက်​နက်နဲသော​အရာ​ကို သင်တို့​အား ကျွန်ုပ်​နားလည်​စေလို၏။ ထို​လျှို့ဝှက်နက်နဲသော​အရာ​မှာ အစ္စရေးလူမျိုး​တချို့​၏ စိတ်နှလုံး​သည် အစဉ်​မာကျောနေမည်​မဟုတ်ဘဲ ခရစ်တော်​ထံ ရောက်လာမည့် လူမျိုးခြား​အရေအတွက် ပြည့်စုံလာသည်​အထိ​သာ ဖြစ်​လိမ့်မည်။


ယခု ကျွန်ုပ်တို့​သည် ကြေးမုံ​ထဲတွင် မြင်ရ​သကဲ့သို့ မှုန်ဝါးဝါး​သာ မြင်နေရ၏။ သို့သော် ထို​အချိန်​တွင် မျက်ဝါးထင်ထင် မြင်ကြရ​လိမ့်မည်။ ယခု ကျွန်ုပ်​သည် တစ်စိတ်တစ်ပိုင်း​ကို​မျှသာ သိ၏။ သို့သော် ဘုရားသခင်​သည် ကျွန်ုပ်​ကို အပြည့်အစုံ​သိတော်မူ​သကဲ့သို့ ထို​အချိန်​တွင် ကျွန်ုပ်တို့​သည် အပြည့်အစုံ​သိရလိမ့်မည်။


မိမိကိုယ်မိမိ မလှည့်ဖြားကြနှင့်။ သင်တို့​ထဲမှ တစ်စုံတစ်ယောက်​က လောကီ​စံနှုန်းများ​အရ မိမိကိုယ်ကိုယ် ပညာ​ရှိသည်​ဟု ထင်မှတ်​လျှင် ထို​သူ​သည် ပညာရှင် ဖြစ်လာ​ရန်အတွက် မိုက်မဲသောသူ​ဖြစ်သင့်၏။


တစ်စုံတစ်ယောက်​သည် အရေးပါသူ​မဟုတ်ပါ​လျက်​နှင့် မိမိကိုယ်ကိုယ်​အရေးပါသူ​ဟု ထင်မှတ်​လျှင် သူ​သည် မိမိ​ကိုယ်ကိုယ် လှည့်စားသောသူ ဖြစ်၏။