ယခုတွင် သင်တို့ရေးပို့သောစာ၌ မေးထားသည့်မေးခွန်းနှင့် ပတ်သက်၍ ဖြေရပါက ယောက်ျားသည် မိန်းမနှင့် မထိတွေ့လျှင် ကောင်း၏။
၁ ကော 7:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သူသည် အိမ်ထောင်မပြုရန် စိတ်ပိုင်းဖြတ်ထား၍ မပြုမနေရသဘောမျိုးလည်းမဟုတ်ဘဲ မိမိစိတ်ကို ထိန်းချုပ်နိုင်လျှင် ထိုသို့ အိမ်ထောင်မပြုဘဲနေရန် ဆုံးဖြတ်ခြင်းသည် ကောင်း၏။ Common Language Bible သို့ရာတွင်အမျိုးသားသည်မိမိအလိုအလျောက် အိမ်ထောင်မပြုဘဲနေရန်စိတ်ပိုင်းဖြတ်၍ မိမိ၏ စိတ်ကိုလည်းလုံးဝချုပ်ထိန်းနိုင်သဖြင့်ထိမ်း မြားမင်္ဂလာမပြုဘဲနေပါလျှင်ကောင်းလေစွ။- Garrad Bible စိုး ရိမ် ရန် ကင်း လျက် ကိုယ့် သ ဘော အ တိုင်း ပြု နိုင် ခွင့် ရှိ သည့် အ လျောက် စိတ် တည် တံ့ မြဲ မြံ လျက် သ မီး က ညာ ကို ထား မည် ဟု ပြ ဌာန်း လျှင် မူ ကား သင့် လျော် စွာ ပြု ၏။ Judson Bible သို့သော်လည်း မိမိစိတ်နှလုံးတည်ကြည်ခြင်းရှိ၍၊ ပြုလိုသည်အတိုင်း ပြုနိုင်သောအခွင့်နှင့် ကိုယ်စိတ်အလိုကို ချုပ်တည်းနိုင်သောအခွင့် ရှိသောကြောင့်၊ မထိမ်းမြားဘဲနေမည်ဟု ကိုယ်စိတ်နှလုံးထဲမှာ စီရင်ဆုံးဖြတ်သောသူသည် ကောင်းစွာပြု၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူသည် မိမိစိတ်နှလုံးထဲ၌ အခိုင်အမာစိတ်ပိုင်းဖြတ်ထား၍ မလွှဲမရှောင်သာ၍လုပ်ရခြင်းမျိုးမဟုတ်ဘဲ မိမိအလိုဆန္ဒကိုထိန်းချုပ်နိုင်ပြီး မိမိနှင့်ဆိုင်သောအပျိုကညာကိုထိန်းသိမ်းထားရန် မိမိစိတ်ထဲ၌ ဆုံးဖြတ်ထားပါက သူသည် ကောင်းစွာပြု၏။ |
ယခုတွင် သင်တို့ရေးပို့သောစာ၌ မေးထားသည့်မေးခွန်းနှင့် ပတ်သက်၍ ဖြေရပါက ယောက်ျားသည် မိန်းမနှင့် မထိတွေ့လျှင် ကောင်း၏။
တစ်စုံတစ်ယောက်သည် သူနှင့် စေ့စပ်ထားသောမိန်းမပျိုကို အရွယ်လွန်စေလျှင် မသင့်တော်ဟု ထင်မှတ်၍ သူ၏ဆန္ဒကို မထိန်းချုပ်နိုင်လျှင် ဆန္ဒရှိသည့်အတိုင်း အိမ်ထောင်ပြုသင့်၏။ ထိုအရာသည် အပြစ်မဟုတ်ပါ။
ထို့ကြောင့် မိမိနှင့် စေ့စပ်ထားသောမိန်းမပျိုကို လက်ထပ်သောသူသည် ကောင်းမွန်စွာပြု၏။ လက်မထပ်သောသူမှာမူ ပို၍ ကောင်းမွန်စွာပြု၏။
လူတိုင်း မိမိစိတ်ထဲ၌ လှူဒါန်းရန် ဆုံးဖြတ်ထားသည့်အတိုင်း လှူဒါန်းသင့်၏။ နှမြောသောစိတ်ဖြင့် သော်လည်းကောင်း၊ ဝတ္တရားအရဟူသောစိတ်ဖြင့်သော်လည်းကောင်း မလှူဒါန်းရ။ ဘုရားသခင်သည် စေတနာစိတ်ဖြင့် ရက်ရောစွာ လှူဒါန်းသောသူကို နှစ်သက်တော်မူ၏။
သင်တို့အား ဘုရားသခင်အပ်ထားတော်မူသည့် သိုးစုကဲ့သို့သော လူတို့ကို အုပ်ထိန်းလော့။ မဖြစ်မနေအုပ်ထိန်းရခြင်းကြောင့် မဟုတ်ဘဲ ဘုရားသခင်အလိုတော်နှင့်အညီ စိတ်ပါလက်ပါ အုပ်ထိန်းလော့။ အကျိုးစီးပွားအတွက် မဟုတ်ဘဲ စိတ်အားထက်သန်စွာ အုပ်ထိန်းလော့။