ထိုနည်းတူ အမျိုးသမီးတစ်ဦးသည် မိမိခင်ပွန်းကို ကွာရှင်းကာ အခြားအမျိုးသားတစ်ဦးနှင့် လက်ထပ်ပါက ထိုအမျိုးသမီးသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်သည်” ဟု မိန့်တော်မူ၏။
၁ ကော 7:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ ယုံကြည်သောအမျိုးသမီးတစ်ဦးတွင် မယုံကြည်သောခင်ပွန်း ရှိပြီး ထိုခင်ပွန်းသည် သူနှင့်အတူ ဆက်၍ ပေါင်းသင်းနေထိုင်လိုပါက သူသည် ထိုခင်ပွန်းကို မကွာရှင်းရ။ Common Language Bible ထိုနည်းတူယုံကြည်သူအမျိုးသမီးတစ်ယောက် သည် မယုံကြည်သူလင်ရှိ၍ ထိုအမျိုးသားက ဆက်လက်ပေါင်းသင်းနေလိုပါလျှင်သူ့အား မကွာမရှင်းရ။- Garrad Bible မိန်း မ တစ် ဦး၌ လည်း မ ယုံ ကြည် သော လင် ရှိ ရာ ထို ယောက်ျား သည် အ တူ နေ ထိုင် ရန် သ ဘော ရှိ လျှင် မ ကွာ စေ နှင့်။ Judson Bible ထိုနည်းတူ မိန်းမသည်လည်း၊ မယုံကြည်သော ခင်ပွန်းရှိ၍၊ ထိုခင်ပွန်းသည် မိမိမယားနှင့်နေခြင်းငှာ အလိုရှိလျှင် မကွာစေနှင့်။- မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ အမျိုးသမီးတစ်စုံတစ်ဦးတွင် ယုံကြည်သူမဟုတ်သောလင်ယောက်ျားရှိ၍ ထိုယောက်ျားသည် သူနှင့်နေထိုင်လိုလျှင် သူ့ကို ထိုယောက်ျားနှင့်မကွာစေနှင့်။ |
ထိုနည်းတူ အမျိုးသမီးတစ်ဦးသည် မိမိခင်ပွန်းကို ကွာရှင်းကာ အခြားအမျိုးသားတစ်ဦးနှင့် လက်ထပ်ပါက ထိုအမျိုးသမီးသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်သည်” ဟု မိန့်တော်မူ၏။
သခင်ဘုရားထံမှ လာသော ပညတ်မဟုတ်သော်လည်း အခြားသောသူတို့အား ကျွန်ုပ်ပြောလို၏။ ယုံကြည်သောအမျိုးသားတစ်ဦးတွင် မယုံကြည်သောဇနီး ရှိပြီး ထိုဇနီးသည် သူနှင့်အတူ ဆက်၍ ပေါင်းသင်းနေထိုင်လိုပါက သူသည် ထိုဇနီးကို မကွာရှင်းရ။
အဘယ်ကြောင့်ဆိုသော် မယုံကြည်သောခင်ပွန်းသည် မိမိဇနီးအားဖြင့် သန့်ရှင်းစင်ကြယ်ပြီး မယုံကြည်သောဇနီးသည်လည်း မိမိခင်ပွန်းအားဖြင့် သန့်ရှင်းစင်ကြယ်သောကြောင့်ဖြစ်၏။ သို့မဟုတ်ပါက သင်တို့၏ သားသမီးများသည် သန့်ရှင်းစင်ကြယ်မည်မဟုတ်။ ယခုတွင်မူ သန့်ရှင်းစင်ကြယ်ပြီဖြစ်၏။