ဘုန်းကြီး၍ ထာဝရအသက်ရှင်သော ဘုရားသခင်ကို ကိုးကွယ်ရမည့်အစား သေမျိုးဖြစ်သော လူ၊ ငှက်၊ ခြေလေးချောင်းသတ္တဝါများနှင့် တွားသွားသတ္တဝါများ၏ ပုံတူရုပ်တုများကို ထုလုပ်ကိုးကွယ်လာကြ၏။
၁ ကော 15:53 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ပုပ်ပျက်တတ်သောခန္ဓာသည် မပုပ်ပျက်နိုင်သောခန္ဓာအဖြစ်သို့ ပြောင်းလဲရမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ သေတတ်သောခန္ဓာသည် မသေနိုင်သောခန္ဓာအဖြစ်သို့ ပြောင်းလဲရမည်ဖြစ်သောကြောင့်ပင်။ Common Language Bible အဘယ်ကြောင့်ဆိုသော်ပုပ်ပျက်တတ်သော အရာသည်မပုပ်မပျက်နိုင်သောအဖြစ်သို့ ပြောင်းလဲရမည်။ သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ပြောင်းလဲရမည်။- Garrad Bible ဤ သင်္ခါ ရ ဖြစ် သော ခ န္ဓာ သည် အ သင်္ခါ ရ အ ဖြစ် ကို လည်း ကောင်း၊ ဤ အ နိ စ္စ ခ န္ဓာ သည် နိ စ္စ အ ဖြစ် ကို လည်း ကောင်း ဝတ် ဆင် ရ မည်။ Judson Bible ယခုမျက်မှောက် ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက် သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဤဖောက်ပြန်ပျက်စီးတတ်သောအရာသည် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာကို ဝတ်ဆင်ရမည်ဖြစ်၍ ဤသေတတ်သောအရာသည် သေခြင်းနှင့်ကင်းသောအရာကို ဝတ်ဆင်ရမည်ဖြစ်၏။ |
ဘုန်းကြီး၍ ထာဝရအသက်ရှင်သော ဘုရားသခင်ကို ကိုးကွယ်ရမည့်အစား သေမျိုးဖြစ်သော လူ၊ ငှက်၊ ခြေလေးချောင်းသတ္တဝါများနှင့် တွားသွားသတ္တဝါများ၏ ပုံတူရုပ်တုများကို ထုလုပ်ကိုးကွယ်လာကြ၏။
ကောင်းမှုကို အစဉ်တစိုက်ပြု၍ ဘုန်းအသရေ၊ ဂုဏ်အသရေနှင့် မပျက်စီးမယိုယွင်းသောဘဝကို ရှာသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလိမ့်မည်။
ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေရန် နှစ်ခြင်းမင်္ဂလာကို ခံယူသောသူအပေါင်းတို့သည် ခရစ်တော်ကဲ့သို့ ဖြစ်လာကြ၏။
ဘုရားသခင်၏ ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခံရသည့်လူသစ်ကဲ့သို့ ဖြစ်၍ စစ်မှန်သော ဖြောင့်မတ်ခြင်းနှင့် စစ်မှန်သော သန့်ရှင်းခြင်းတို့ဖြင့် နေထိုင်ကြလော့။
ချစ်ရသောသူတို့… ယခု ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အနာဂတ်တွင် မည်သို့ဖြစ်မည်ကို သေချာစွာ မသိရသေးပေ။ သို့သော် ခရစ်တော်ကြွလာသောအခါ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်း ဖူးမြင်ကြရမည်ဖြစ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်တူကြလိမ့်မည်ကို သိကြ၏။