ထိုသို့ ရွက်လွှင့်ကြစဉ် ယေရှုသည် အိပ်စက်တော်မူ၏။ ထိုစဉ် အိုင်ထဲတွင် လေပြင်းမုန်တိုင်းတိုက်၍ လှေသည် ရေနှင့် ပြည့်သဖြင့် သူတို့သည် အန္တရာယ်နှင့် ရင်ဆိုင်ကြရ၏။
၁ ကော 15:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည်လည်း အဘယ်ကြောင့် အန္တရာယ်နှင့် အစဉ်အမြဲရင်ဆိုင်နေရသနည်း။ Common Language Bible အဘယ်ကြောင့်ငါတို့ကိုယ်တိုင်ပင်ဘေးအန္တရာယ် နှင့်နာရီမလပ်ရင်ဆိုင်လျက်နေရကြသနည်း။- Garrad Bible ငါ တို့ လည်း နာ ရီ တိုင်း အ န္တ ရာယ် ခံ လျက် အ ဘယ့် ကြောင့် နေ ကြ သ နည်း။ Judson Bible ငါတို့သည်လည်း ဘေးရောက်အံ့သော အခြင်းအရာနှင့် အဘယ်ကြောင့် တွေ့ရကြသနည်း။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည်လည်း အဘယ်ကြောင့် အန္တရာယ်နှင့် အစဉ်အမြဲရင်ဆိုင်နေရသနည်း။ |
ထိုသို့ ရွက်လွှင့်ကြစဉ် ယေရှုသည် အိပ်စက်တော်မူ၏။ ထိုစဉ် အိုင်ထဲတွင် လေပြင်းမုန်တိုင်းတိုက်၍ လှေသည် ရေနှင့် ပြည့်သဖြင့် သူတို့သည် အန္တရာယ်နှင့် ရင်ဆိုင်ကြရ၏။
သေလွန်သောသူတို့ မထမြောက်လျှင် ထိုသူတို့အတွက် နှစ်ခြင်းမင်္ဂလာခံယူခြင်းသည် မည်သည့်အကျိုး ရှိသနည်း။ သေလွန်သောသူတို့ မထမြောက်လျှင် ထိုသူတို့အတွက် အဘယ်ကြောင့် နှစ်ခြင်းမင်္ဂလာကို ခံယူစရာအကြောင်း ရှိမည်နည်း။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်၌ သင်တို့အတွက် ကျွန်ုပ်ဂုဏ်ယူဝမ်းမြောက်သည်ကို တိုင်တည်၍ “ကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း သေရ၏” ဟု ကျွန်ုပ်ဆို၏။
တချို့သည် ကျွန်ုပ်တို့ကို တမန်တော်အဖြစ် အသိအမှတ်မပြုကြသော်လည်း ကျွန်ုပ်တို့သည် ထင်ပေါ်ကျော်ကြားသောသူများ ဖြစ်ကြ၏။ သေလူကဲ့သို့ဖြစ်သော်လည်း အသက်ရှင်ကြ၏။ ရိုက်နှက်ခံရသူများကဲ့သို့ဖြစ်သော်လည်း အသတ်မခံရကြ။
ညီအစ်ကိုမောင်နှမတို့… အရေပြားလှီးခြင်းမင်္ဂလာတရား လိုအပ်ကြောင်းကို ကျွန်ုပ်ဟောပြောနေသေးလျှင် အဘယ်ကြောင့် ညှဉ်းဆဲခံနေရသေးသနည်း။ ထိုသို့ ဟောပြောသည်မှန်လျှင် ကျွန်ုပ်ဟောပြောသည့် လက်ဝါးကပ်တိုင်၌ ခရစ်တော်အသေခံခြင်းအကြောင်းသည် အနှောင့်အယှက် ဖြစ်တော့မည်မဟုတ်ပေ။