အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ကော 14:30 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သို့သော် ထိုင်နေသော​သူတို့​ထဲမှ တစ်ယောက်​သည် ဗျာဒိတ်တော်​ကို ရရှိ​လျှင် ပရောဖက်ပြု​ဟောပြောနေသောသူ​သည် တိတ်ဆိတ်စွာ​နေရမည်။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​ရာ​တွင်​အ​ကယ်​၍​လူ​တစ်​ယောက်​ဟော​ပြော နေ​စဉ်​ထိုင်​နေ​သူ​များ​အ​ထဲ​မှ​တစ်​ယောက် သည် ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ ရ​ရှိ​ပါ​က​ဟော​ပြော​နေ​သော​သူ​သည်​ရပ်​နား စေ။-

အခန်းကိုကြည့်ပါ။

Garrad Bible

သို့ ရာ တွင် ထိုင် နေ သူ တစ် ဦး ဦး သည် ဗျာ ဒိတ် ခံ ရ လျှင် ပ ထ မ သူ ဆိတ် ဆိတ် နေ စေ။

အခန်းကိုကြည့်ပါ။

Judson Bible

ထိုင်​လျက်​နေ​သော​သူ​အား တစ်​စုံ​တစ်​ခု​ကို ဖွင့်​ပြ​တော်​မူ​လျှင်၊ အ​ရင်​ဟော​ပြော​သော​သူ​သည် တိတ်​ဆိတ်​စွာ​နေ​စေ။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့သော် ထိုင်​နေ​သော​အခြား​သူ​အား တစ်စုံတစ်ခု​ကို​ဖွင့်ပြ​တော်မူ​လျှင် ပထမ​လူ​သည် တိတ်ဆိတ်​စွာ​နေ​စေ။

အခန်းကိုကြည့်ပါ။



၁ ကော 14:30
8 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်လျှင် ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​ဆိုလိုသည်​မှာ ဤသို့​ဖြစ်၏။ သင်တို့​စုဝေးကြ​သောအခါ တစ်ဦး က ဓမ္မသီချင်း​ဆိုခြင်း၊ တစ်ဦး​က သင်ကြားခြင်း၊ တစ်ဦး​က ဗျာဒိတ်တော်​ကို ဖွင့်ပြခြင်း၊ တစ်ဦး​က အခြား​ဘာသာစကား​ကို ပြောခြင်း​နှင့် တစ်ဦး​က ထို​ဘာသာစကား​ကို အနက်​ပြန်ခြင်း​ဟူ၍ အသီးသီး​ဆောင်ရွက်ကြ၏။ ထို​အခြင်းအရာ​အားလုံး​ကို သင်တို့​လုပ်ဆောင်ရာ​တွင် အသင်းတော် တည်ဆောက်စရာ​အတွက် ဖြစ်စေကြလော့။


ပရောဖက်​နှစ်ဦး သို့မဟုတ် သုံးဦး​က ဟောပြော​၍ ထို​ဟောပြောသော​အရာ​ကို အခြားသော​သူတို့​သည် အကဲဖြတ်​သုံးသပ်ကြစေ။


လူတိုင်း သင်ယူရပြီး လူတိုင်း အားပေးခံရ​နိုင်ရန် ပရောဖက်​ပြုသောသူ​အားလုံး​သည် တစ်လှည့်စီ ပရောဖက်ပြု​ဟောပြောကြရမည်။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် သင်တို့​ထံသို့ လာ​၍ သင်တို့​နားမလည်သော အခြား​ဘာသာစကား​ဖြင့် ပြောဆို​သော်လည်း ဗျာဒိတ်တော်​ဖွင့်ပြခြင်း၊ အသိပညာ​မျှဝေခြင်း၊ ပရောဖက်ပြုခြင်း၊ သင်ကြားခြင်းတို့​ဖြင့် မပြောဆို​လျှင် သင်တို့​အတွက် မည်သည့်​အကျိုး​ရှိမည်နည်း။