သူ၏သခင်သည် သူမမျှော်လင့်သောအချိန်နှင့် သူမသိသောနေ့ရက်တွင် ရောက်လာလိမ့်မည်။ ထိုအခါ သူ့အား ပြင်းထန်စွာ ပြစ်ဒဏ်ပေး၍ သစ္စာဖောက်သူတို့နှင့်အတူ နေရာချထားလိမ့်မည်။
၁ ကော 14:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် အသင်းတော်တစ်ခုလုံးစုဝေး၍ အခြားဘာသာစကားများဖြင့် ပြောဆိုနေကြစဉ် အကျွမ်းတဝင်မရှိသေးသောသူများနှင့် မယုံကြည်သူများ ဝင်လာလျှင် သင်တို့ကို ရူးနေကြပြီဟု ပြောကြမည်မဟုတ်လော။ Common Language Bible သို့ဖြစ်၍အသင်းတော်ဝင်အပေါင်းတို့သည်စု ဝေးလျက်ထူးဆန်းသောဘာသာစကားအမျိုးမျိုး ဖြင့်ပြောဆိုနေစဉ် သာမန်လူအချို့သို့မဟုတ်မ ယုံကြည်သူအချို့ရောက်ရှိလာခဲ့သော်သင်တို့ အားရူးသွပ်သူများဟုဆိုမည်မဟုတ်လော။- Garrad Bible သို့ ဖြစ်၍ ပ ရိ သတ် လုံး စည် ဝေး စု ရုံး၍ ရှိ သ မျှ သည် ဘာ သာ စ ကား ထူး ပြော ဆို လျက် ရှိ နေ ကြ ရာ ဓ မ္မ ကို မ သိ သူ တို့ သော် လည်း ကောင်း၊ မ ယုံ ကြည် သူ တို့ သော် လည်း ကောင်း ဝင် မိ လျှင် နတ် ပူး သည် ဟု ဆို ကြ မည် မ ဟုတ် လော။ Judson Bible ထိုကြောင့် သင်းဝင်သူအပေါင်းတို့သည် စည်းဝေး၍ အခြားသောဘာသာဖြင့် ဟောပြောလျက် နေကြစဉ်တွင် မယုံကြည်သောသူ၊ မတတ်သောသူသည် ဝင်လာလျှင်၊ သင်တို့ကို သူရူးဖြစ်ကြသည်ဟု ပြောမည် မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အသင်းတော်တစ်ခုလုံးစုဝေးလျက် အားလုံးသည် အခြားသောဘာသာစကားများပြောဆိုကြစဉ် ကျွမ်းဝင်မှုမရှိသေးသောသူများ၊ သို့မဟုတ် မယုံကြည်သူများ ဝင်လာလျှင် သင်တို့ရူးသွပ်နေပြီဟု ပြောကြလိမ့်မည် မဟုတ်လော။ |
သူ၏သခင်သည် သူမမျှော်လင့်သောအချိန်နှင့် သူမသိသောနေ့ရက်တွင် ရောက်လာလိမ့်မည်။ ထိုအခါ သူ့အား ပြင်းထန်စွာ ပြစ်ဒဏ်ပေး၍ သစ္စာဖောက်သူတို့နှင့်အတူ နေရာချထားလိမ့်မည်။
တချို့က “ဤသူသည် နတ်ဆိုးပူး၍ ရူးနေ၏။ ဤကဲ့သို့သောသူ၏ စကားကို အဘယ်ကြောင့် နားထောင်ကြသနည်း” ဟု ပြောဆိုကြ၏။
လူတချို့က “သူတို့သည် စပျစ်ဝိုင်အသစ်ကိုသောက်၍ မူးယစ်နေကြသည်” ဟု ကဲ့ရဲ့ပြောဆိုကြ၏။
ထိုသို့ ပေါလုချေပလျှောက်ထားနေစဉ် ဖေတ္တုမင်းက “ပေါလု… သင်ရူးနေပြီ။ အတတ်ကြူး၍ အရူးဖြစ်ပြီ” ဟု ကျယ်လောင်စွာ ပြောဆိုလေ၏။
ပထမအချက်အနေဖြင့် သင်တို့သည် အသင်းတော်အစည်းအဝေးများ၌ စုဝေးကြသောအခါ သဘောထားကွဲလွဲမှုများ ရှိကြောင်း ကျွန်ုပ်ကြားသိရ၏။ ကြားရသည့်အရာကို အထိုက်အလျောက် ကျွန်ုပ်ယုံကြည်၏။