အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ကော 13:9 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​သည် တစ်စိတ်တစ်ပိုင်း​ကိုမျှ​သာ သိကြပြီး တစ်စိတ်တစ်ပိုင်း​ကိုမျှ​သာ ပရောဖက်ပြု​ဟောပြောကြ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ​တို့​၏​အ​သိ​ပ​ညာ​သည်​မ​စုံ​လင်။ ဗျာ​ဒိတ် တော်​အား​ဖြင့်​ဟော​ပြော​နိုင်​သော​စွမ်း​ရည် သည်​လည်း​မ​စုံ​လင်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ တို့ သည် မ စုံ မ လင် သိ လျက်၊ မ စုံ မ လင် ဟော ပြော လျက် နေ ရ သည် မှန်၏။

အခန်းကိုကြည့်ပါ။

Judson Bible

ယ​ခု​မူ​ကား၊ ငါ​တို့​သည် မ​စုံ​မ​လင် သိ​တတ်​ကြ၏။ ပ​ရော​ဖက်​ဉာဏ်​နှင့် မ​စုံ​မ​လင် ဟော​တတ်​ကြ၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား ငါ​တို့​သည် တစ်စိတ်တစ်ဒေသ​မျှသာ​သိ​ကြ​ပြီး တစ်စိတ်တစ်ဒေသ​မျှသာ ပရောဖက်ပြု​ဟောပြော​ကြ​၏။

အခန်းကိုကြည့်ပါ။



၁ ကော 13:9
16 ပူးပေါင်းရင်းမြစ်များ  

ငါ့​ခမည်းတော်​သည် အရာ​အားလုံး​ကို ငါ့​အား ပေးအပ်တော်မူပြီ။ သားတော်​ကို ခမည်းတော်​မှလွဲ၍ မည်သူ​မျှ​မသိ။ ခမည်းတော်​ကိုလည်း သားတော်​နှင့် သားတော်​ဖော်ပြ​ရန် ရွေးချယ်တော်မူသော​သူတို့​မှလွဲ၍ မည်သူ​မျှ​မသိ။


မည်သူ​သည် ထာဝရဘုရား​၏ စိတ်တော်​ကို သိ​နိုင်သနည်း။ မည်သူ​သည် ထာဝရဘုရား​အား အကြံဉာဏ်​ပေး​နိုင်သနည်း။


သို့သော် ပြည့်စုံခြင်း​ရောက်လာ​သောအခါ ထို​တစ်စိတ်တစ်ပိုင်း​မျှသာ ရှိသော​အရာတို့​သည် ကွယ်ပျောက်သွား​လိမ့်မည်။


ယခု ကျွန်ုပ်တို့​သည် ကြေးမုံ​ထဲတွင် မြင်ရ​သကဲ့သို့ မှုန်ဝါးဝါး​သာ မြင်နေရ၏။ သို့သော် ထို​အချိန်​တွင် မျက်ဝါးထင်ထင် မြင်ကြရ​လိမ့်မည်။ ယခု ကျွန်ုပ်​သည် တစ်စိတ်တစ်ပိုင်း​ကို​မျှသာ သိ၏။ သို့သော် ဘုရားသခင်​သည် ကျွန်ုပ်​ကို အပြည့်အစုံ​သိတော်မူ​သကဲ့သို့ ထို​အချိန်​တွင် ကျွန်ုပ်တို့​သည် အပြည့်အစုံ​သိရလိမ့်မည်။


ထို​အရာ​မှာ ကျမ်းစာ​၌ “မိမိ​ကို ချစ်သော​သူတို့​အတွက် ဘုရားသခင်​ပြင်ဆင်တော်မူသော​အရာတို့​ကို လူ့​မျက်စိ​ဖြင့် မမြင်၊ လူ့​နား​ဖြင့် မကြား၊ လူ့​စိတ်​ဖြင့် မတွေးမိဖူးသေး” ဟု ဖော်ပြထားသည့်​အတိုင်း ဖြစ်၏။


တစ်စုံတစ်ခု​ကို သိသည်​ဟု ထင်မှတ်သောသူ​သည် သိသင့်သည့်​အတိုင်း မသိသေးပေ။


ကျွန်ုပ်​သည် ယုံကြည်သူများ​ထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်​သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်​ကို ခံစားရ၏။ ဤသို့ ခံစားရခြင်း​သည် လူမျိုးခြားတို့​ကို ခရစ်တော်​၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်း​အကြောင်း ဟောပြော​ရန်​နှင့်


ချစ်ရသော​သူတို့… ယခု ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်ကြပြီး အနာဂတ်​တွင် မည်သို့​ဖြစ်မည်​ကို သေချာ​စွာ မသိရသေးပေ။ သို့သော် ခရစ်တော်​ကြွလာ​သောအခါ ကိုယ်တော်​ဖြစ်တော်မူသည်​အတိုင်း ဖူးမြင်ကြရမည်​ဖြစ်​၍ ကျွန်ုပ်တို့​သည် ကိုယ်တော်​နှင့်​တူကြ​လိမ့်မည်​ကို သိကြ၏။