တစ်ဖန် အသံတော်က “ဘုရားသခင် စင်ကြယ်စေသည့်အရာကို ညစ်ညမ်းသည်ဟု မဆိုနှင့်” ဟူ၍ ဆိုလေ၏။
၁ ကော 10:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဈေး၌ ရောင်းသမျှသောအသားကို လိပ်ပြာသန့်သန့်ဖြင့် မစစ်ဆေးမမေးမြန်းဘဲ စားကြလော့။ Common Language Bible သင်တို့၏သြတ္တပ္ပစိတ်ကိုထောက်၍ စျေးတွင်ရောင်း သည့်အမဲသားကိုစစ်ဆေးမေးမြန်းခြင်းမပြု ဘဲဝယ်၍စားကြလော့။- Garrad Bible ဤ မြေ ကြီး နှင့် ကြွယ် ဝ ပြည့် စုံ သ မျှ သည် ထာ ဝ ရ ဘု ရား ပိုင် ဆိုင် တော် မူ ရာ ဖြစ် သော ကြောင့် သြ တ္တ ပ္ပ စိတ် အ တွက် မေး မြန်း ခြင်း မ ရှိ ဘဲ စျေး တွင် ရောင်း ချ သော မည် သည့် အ သား မ ဆို စား ကြ လော့။ Judson Bible ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့်၊ ဈေး၌ ရောင်းသမျှကို မစစ်ကြော မမေးမြန်းဘဲ စားကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ဈေး၌ရောင်းသမျှသောအသားကို အသိစိတ်အတွက်ကြောင့် စစ်ဆေးမေးမြန်းခြင်းမပြုဘဲ စားကြလော့။ |
တစ်ဖန် အသံတော်က “ဘုရားသခင် စင်ကြယ်စေသည့်အရာကို ညစ်ညမ်းသည်ဟု မဆိုနှင့်” ဟူ၍ ဆိုလေ၏။
သို့ဖြစ်၍ ပြစ်ဒဏ်ကို ကြောက်သောကြောင့်သာ မဟုတ်ဘဲ မိမိအသိစိတ်ကြောင့်လည်း သူ၏အုပ်ချုပ်မှုကို နာခံရမည်။
မည်သည့်အစားအစာမျှ ပကတိအလျောက် မညစ်ညမ်းကြောင်းကို သခင်ယေရှုအားဖြင့် အမှန်ပင် ကျွန်ုပ်သိ၏။ သို့သော်လည်း တစ်စုံတစ်ယောက်က ညစ်ညမ်းသည်ဟု မှတ်ယူလျှင် ထိုအစာသည် ထိုသူအတွက် ညစ်ညမ်း၏။
သို့သော် ယုံကြည်သူတိုင်း၌ ထိုအသိပညာရှိသည်မဟုတ်ချေ။ အချို့သောသူတို့သည် ရုပ်တုကိုးကွယ်သည့် အလေ့အထရှိခဲ့သောကြောင့် ရုပ်တုအား ပူဇော်ထားသောအစားအစာကို စားသောအခါ စစ်မှန်သောနတ်ဘုရားများ၏အစားအစာကို စားသည်ဟု ထင်မှတ်ဆဲဖြစ်ကြ၏။ သို့ဖြစ်၍ စားသောအခါ သူတို့၏ အသိစိတ်သည် အားနည်းသောကြောင့် ထိုအစာက သူတို့အား ညစ်ညူးစေသည်ဟု ထင်မှတ်ကြ၏။
ဘုရားသခင်ဖန်ဆင်းတော်မူသောအရာအားလုံးသည် ကောင်းသည်ဖြစ်၍ ကျေးဇူးတော်ချီးမွမ်းလျက် စားသုံးသည်ကို မတားမြစ်သင့်ပါ။
နှလုံးသားဖြူစင်သူတို့အတွက် အရာအားလုံးသည် စင်ကြယ်၏။ သို့သော် ညစ်ညူး၍ ခရစ်တော်ကို မယုံကြည်သူတို့အတွက် မည်သည့်အရာမျှ မစင်ကြယ်။ သူတို့၏ အတွေးအခေါ်နှင့် အသိစိတ်တို့သည် ညစ်ညူး၏။