အမျိုးသမီးများသည် အသင်းတော်တွင် တိတ်ဆိတ်စွာ နေကြရမည်။ သူတို့တွင် ပြောဆိုခွင့်မရှိ။ ပညတ်တရားတွင် ဆိုထားသည့်အတိုင်း သူတို့သည် နာခံမှုရှိကြရမည်။
ဧဖက် 5:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဇနီးသည်တို့… သခင်ဘုရားကို နာခံသကဲ့သို့ သင်တို့၏ ခင်ပွန်းသည်ကို နာခံကြလော့။ Common Language Bible မယားဖြစ်သူတို့၊ သင်တို့သည်သခင်ဘုရား၏ အုပ်စိုးခြင်းကိုခံယူသကဲ့သို့ခင်ပွန်းတို့၏အုပ် စိုးခြင်းကိုခံယူကြလော့။- Garrad Bible မ ယား ဖြစ် သူ တို့ အ ရှင် ဘု ရား အောက် ကဲ့ သို့ လင့် အောက် အ နော် အ တာ ခံ ကြ လော့။ Judson Bible အချင်းမိန်းမတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ဇနီးသည်တို့၊ သခင်ဘုရားကိုနာခံသကဲ့သို့ မိမိ၏ခင်ပွန်းသည်ကို နာခံကြလော့။ |
အမျိုးသမီးများသည် အသင်းတော်တွင် တိတ်ဆိတ်စွာ နေကြရမည်။ သူတို့တွင် ပြောဆိုခွင့်မရှိ။ ပညတ်တရားတွင် ဆိုထားသည့်အတိုင်း သူတို့သည် နာခံမှုရှိကြရမည်။
ကျွန်ဖြစ်သူတို့… သင်တို့သည် ခရစ်တော်ကို နာခံသကဲ့သို့ သင်တို့၏ လောကီသခင်တို့ကို ကြောက်ရွံ့ရိုသေလျက် ရိုးသားသောစိတ်နှင့် နာခံကြလော့။
သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ပြီဖြစ်၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူသည့် ခရစ်တော်တည်ရှိရာ အထက်အရပ်၌ ရှိသော အရာများကို တောင့်တကြလော့။
ဇနီးသည်တို့… သခင်ဘုရား၏ လူများ ပြုမူနေထိုင်သင့်သည့်အတိုင်း သင်တို့၏ ခင်ပွန်းသည်ကို နာခံကြလော့။
မိမိကိုယ်ကိုယ်ချုပ်တည်းသူ၊ စင်ကြယ်သူ၊ အိမ်မှုကိစ္စကို ကောင်းစွာ ထိန်းသိမ်းနိုင်သူ၊ ကြင်နာတတ်သူ၊ ခင်ပွန်းသည်ကို နာခံသူများ ဖြစ်ရန် သင်ပေးနိုင်လိမ့်မည်။ သို့မှသာ မည်သူမျှ ဘုရားသခင်၏တရားတော်ကို စော်ကားနိုင်မည်မဟုတ်။