ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာလိုသောသူဖြစ်လျှင် ဤသွန်သင်ချက်သည် ဘုရားသခင်၏သွန်သင်ချက်ဖြစ်သလော၊ ငါ့ကိုယ်ပိုင်သွန်သင်ချက်ဖြစ်သလောဟူသည်ကို ပိုင်းခြားသိမြင်လိမ့်မည်။
ဧဖက် 5:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ဆင်ခြင်ဉာဏ်မဲ့ မနေဘဲ သခင်ဘုရား၏ အလိုတော်က မည်သည့်အရာ ဖြစ်သည်ကို ပိုင်းခြား နားလည်ကြလော့။ Common Language Bible ထို့ကြောင့်သင်တို့သည်မိုက်မဲ၍မနေဘဲ သခင် ဘုရား၏အလိုတော်ကိုကြိုးစား၍ရှာကြလော့။ Garrad Bible ဉာဏ် မ မဲ့ ဘဲ အ ရှင် ဘု ရား၏ အ လို တော် မည် သို့ ဖြစ် ကြောင်း နား လည် ကြ လော့။ Judson Bible ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြား၍ သိသောသူ ဖြစ်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ မိုက်မဲသောသူများမဖြစ်ကြဘဲ သခင်ဘုရား၏အလိုတော်သည် မည်သည့်အရာဖြစ်သည်ကို နားလည်ကြလော့။ |
ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာလိုသောသူဖြစ်လျှင် ဤသွန်သင်ချက်သည် ဘုရားသခင်၏သွန်သင်ချက်ဖြစ်သလော၊ ငါ့ကိုယ်ပိုင်သွန်သင်ချက်ဖြစ်သလောဟူသည်ကို ပိုင်းခြားသိမြင်လိမ့်မည်။
ဤလောက၏ အမူအကျင့်နှင့် ဓလေ့တို့ကို အတုမယူကြနှင့်။ သင်တို့၏ စိတ်နှလုံးကို ပြောင်းလဲစေခြင်းအားဖြင့် စိတ်သစ်လူသစ် ဖြစ်ကြလော့။ သို့ပြုလျှင် ဘုရားသခင်အလိုရှိတော်မူသည့် ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ ပြည့်စုံသောအရာတို့သည် မည်သည့်အရာဖြစ်သည်ကို သင်တို့ပိုင်းခြားသိမြင်ကြလိမ့်မည်။
ထို့ကြောင့် သင်တို့ မည်ကဲ့သို့ ပြုမူနေထိုင်သည်ကို သတိပြုကြလော့။ ပညာမဲ့ကဲ့သို့ မဟုတ်ဘဲ ပညာရှိကဲ့သို့ ပြုမူနေထိုင်ကြလော့။
ထို့ကြောင့် သင်တို့အကြောင်းကို ကြားသည့်နေ့မှစ၍ ကျွန်ုပ်တို့သည် သင်တို့အတွက် အစဉ်မပြတ် ဆုတောင်းပေးနေ၏။ သင်တို့သည် ဝိညာဉ်ရေးရာအသိပညာနှင့် နားလည်နိုင်စွမ်းအပေါင်းတို့ဖြင့် ဘုရားသခင်၏ အလိုတော်ကို အပြည့်အဝသိနိုင်ရန် ဘုရားသခင်ထံ ကျွန်ုပ်တို့ဆုတောင်းပေးကြ၏။
ပြင်ပလူတို့ရှေ့တွင် ပညာရှိစွာ ပြုမူနေထိုင်၍ အခွင့်အရေးကို အကျိုးရှိစွာ အသုံးပြုကြလော့။
မည်သည့်အခြေအနေ၌ပင် ဖြစ်စေ ဘုရားသခင်ကို ကျေးဇူးတင်ကြလော့။ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သော သင်တို့သည် ဤသို့ပြုရန် ဘုရားသခင်အလိုတော်ရှိ၏။
ဤသည်မှာ လောကတွင် အသက်ရှင်နေထိုင်ရမည့်ကျန်ရှိသောအချိန်၌ လူ့တပ်မက်မှုအတိုင်း မဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်နေထိုင်သွားနိုင်ရန်ဖြစ်၏။