Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​ဖက် 5:17 - Common Language Bible

17 ထို့​ကြောင့်​သင်​တို့​သည်​မိုက်​မဲ​၍​မ​နေ​ဘဲ သ​ခင် ဘု​ရား​၏​အ​လို​တော်​ကို​ကြိုး​စား​၍​ရှာ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ဉာဏ် မ မဲ့ ဘဲ အ ရှင် ဘု ရား၏ အ လို တော် မည် သို့ ဖြစ် ကြောင်း နား လည် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ထို​ကြောင့် သ​တိ​မ​ရှိ​သော​သူ​မ​ဖြစ်၊ သ​ခင်​ဘု​ရား၏ အ​လို​တော်​ရှိ​ရာ​ကို ပိုင်း​ခြား၍ သိ​သော​သူ ဖြစ်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 သို့ဖြစ်၍ မိုက်မဲ​သော​သူ​များ​မ​ဖြစ်​ကြ​ဘဲ သခင်​ဘုရား​၏​အလို​တော်​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို နားလည်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ထို့ကြောင့် ဆင်ခြင်ဉာဏ်မဲ့ မနေဘဲ သခင်ဘုရား​၏ အလိုတော်​က မည်သည့်အရာ ဖြစ်သည်​ကို ပိုင်းခြား နားလည်ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဖက် 5:17
17 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည်​လော​ကီ​စံ​နှုန်း​ကို​လိုက်​၍​မ​ကျင့် ကြ​နှင့်။ သင်​တို့​သည်​မိ​မိ​တို့​၏​စိတ်​နှ​လုံး​ကို ဘု​ရား​သ​ခင်​လုံး​ဝ​ပြောင်း​လဲ​စေ​သော​အား ဖြင့် စိတ်​သ​ဘော​သစ်​ကို​ခံ​ယူ​လျက်​ပုံ​သဏ္ဌာန် ပြောင်း​လဲ​ကြ​လော့။ သို့​ပြု​လျှင်​ကောင်း​မြတ် သော​အ​ရာ၊ ကိုယ်​တော်​နှစ်​သက်​ဖွယ်​သော​အ​ရာ၊ အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ​သော​အ​ရာ သည်​အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​သင်​တို့​သိ ရှိ​ကြ​လိမ့်​မည်။


အ​ဘယ်​အ​ခြေ​အ​နေ​နှင့်​ရင်​ဆိုင်​ရ​သည်​မ​ဆို ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ သင်​တို့​သည် ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ် လျက် ဤ​သို့​ပြု​ကျင့်​ကြ​စေ​ရန်​ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မူ​၏။


သို့​ဖြစ်​ခြင်း​ကြောင့်​သင်​တို့​၏​သ​တင်း​ကို​ကြား ရ​သည့်​နေ့​မှ​စ​၍ ငါ​တို့​သည်​သင်​တို့​အ​တွက် အ​စဉ်​မ​ပြတ်​ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​နေ​၏။ သင်​တို့​သည်​ဝိ​ညာဉ်​တော်​ချ​ပေး​တော်​မူ​သော ဉာဏ်​ပ​ညာ​နှင့်​ပြည့်​စုံ​သ​ဖြင့် ဘု​ရား​သ​ခင် ၏​အ​လို​တော်​ကို​ကောင်း​စွာ​သိ​ရှိ​ကြ​စေ​ရန် ဘု​ရား​သ​ခင်​အား​ငါ​တို့​ဆု​တောင်း​ကြ ပါ​၏။-


သို့​ဖြစ်​၍​သင်​တို့​ပြု​ကျင့်​ပုံ​ကို​သ​တိ​ပြု​ကြ လော့။ ပ​ညာ​မဲ့​သူ​များ​ကဲ့​သို့​မ​ဟုတ်​ဘဲ​ပ​ညာ ရှိ​သူ​များ​ကဲ့​သို့​ပြု​ကျင့်​ကြ​လော့။-


ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး​တော်​သည် မိုက်​မဲ​ထုံ​ထိုင်း​ကြ​၏။ သူ​တို့​သည်​ငါ့​ကို​မ​သိ ကြ။ သူ​တို့​သည်​က​လေး​မိုက်​များ​နှင့်​တူ​၏။ သူ​တို့​တွင်​အ​သိ​ပ​ညာ​မ​ရှိ။ သူ​တို့​သည်​ဒု​စ​ရိုက်​ပြု​ရာ​တွင် ကျွမ်း​ကျင်​ကြ​သော်​လည်း​သု​စ​ရိုက်​ကို​မူ မ​ပြု​တတ်​ကြ'' ဟု​မိန့်​တော်​မူ​၏။


သို့​ဖြစ်​၍​ဤ​လော​က​တွင်​သင်​တို့​အ​သက် ရှင်​ရန်​ကြွင်း​ကျန်​သေး​သည့်​အ​ချိန်​ကာ​လ​၌ လူ​တို့​တပ်​မက်​ခြင်း​စိတ်​ဆွဲ​ဆောင်​ရာ​သို့ မ​လိုက်​ဘဲ​ဘု​ရား​သ​ခင်​၏​အ​လို​တော် ကို​လိုက်​၍​အ​သက်​ရှင်​ရ​ကြ​မည်။-


သင်​တို့​ရ​ရှိ​သည့်​အ​ခွင့်​ကောင်း​မှန်​သ​မျှ​ကို အ​သုံး​ပြု​ကာ အ​ခြား​ဘာ​သာ​ဝင်​တို့​အား ပ​ညာ​သ​တိ​နှင့်​ဆက်​ဆံ​ကြ​လော့။-


ထို​အ​ရှင်​၏​အ​လို​တော်​ကို​လိုက်​လျှောက်​လို သူ​သည် ငါ​ဟော​ပြော​သော​တ​ရား​ကား​ဘု​ရား သ​ခင်​၏​တ​ရား​လော၊ သို့​မ​ဟုတ်​ငါ​၏​ကိုယ် ပိုင်​တ​ရား​လော​ဟူ​၍​ခွဲ​ခြား​သိ​လိမ့်​မည်။-


ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​တတ်​သော သ​ဘော​သည်​ပ​ညာ​၏​အ​ချုပ်​အ​ခြာ​ဖြစ်​၏။ ပ​ညတ်​တော်​ကို​စောင့်​ထိန်း​သူ​အ​ပေါင်း​တို့​အား မှန်​ကန်​စွာ​ဆုံး​ဖြတ်​နိုင်​ခွင့်​ကို​ကိုယ်​တော်​ပေး တော်​မူ​၏။ ကိုယ်​တော်​အား​ထာ​ဝ​စဉ်​ထော​မ​နာ​ပြု​ကြ ပါ​စေ​သ​တည်း။


လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။


ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွား ရသော လမ်းကို သိခြင်းတည်း။ မိုက်သောသူ၏ မိုက်ခြင်း မူကား၊ ပရိယာယ်တည်း။


ထာဝရဘုရားကို ကြောက်သောသဘော၌ ကျင်လည်၍၊ ဘုရားသခင်ကိုသိသော ဥာဏ်နှင့်ပြည့်စုံ လိမ့်မည်။


သင်​တို့​သည်​ထို​ပညတ်​တော်​တို့​ကို​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း​ကြ​လျှင် အ​ခြား သော​လူ​မျိုး​များ​ရှေ့​တွင်​သင်​တို့​၏၊ ဉာဏ်​ပညာ ပေါ်​လွင်​ထင်​ရှား​လိမ့်​မည်။ သူ​တို့​သည်​ထို ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​ကြား​ရ​သော​အ​ခါ `ဤ​လူ​မျိုး​သည်​ဉာဏ်​ပညာ​အ​မြော်​အ​မြင် နှင့်​ပြည့်​စုံ​သော​လူ​မျိုး​ကြီး​ဖြစ်​ပါ​သည် တ​ကား' ဟု​ချီး​ကူး​ကြ​လိမ့်​မည်။''


သမ္မာတရားကို ဝယ်လော့။ မရောင်းနှင့်။ ပညာ ကို၎င်း၊ ဆုံးမဩဝါဒကို၎င်း၊ ဥာဏ်သတ္တိကို၎င်း ထိုအတူ ပြုလော့။


ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို​နား​လည် နိုင်​ရန် ကွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အံ့​သြ​ဖွယ်​ကောင်း​သည့်​သွန်​သင်​ခက် တို့​ကို ဆင်​ခြင်​ပါ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ