ထို့နောက် ယေရှုသည် တပည့်တော်များရှိသည့်နေရာမှ ခဲတစ်ပစ်စာခန့် ခွာသွား၍ ဒူးထောက်လျက်
ဧဖက် 3:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအကြောင်းကြောင့် ကျွန်ုပ်သည် ကောင်းကင်ဘုံသားနှင့် လောကီဘုံသားတို့၏ အမျိုးအနွယ်ကို ဖန်ဆင်းတော်မူသော အဖဘုရားသခင်ထံ ဒူးထောက်လျက် Common Language Bible ဤအကြောင်းကြောင့်ငါသည်ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပေါ်ရှိအိမ်ထောင်စုမှန်သမျှတို့၏ အမည်နာမအရင်းအမြစ်ဖြစ်တော်မူသော အဖခမည်းတော်၏ရှေ့တော်တွင်ဒူးထောက် လျက်ဆုတောင်းပတ္ထနာပြု၏။- Garrad Bible ဆို ခဲ့ သည့် အ ကြောင်း ကြောင့် ပင် ကောင်း ကင် နှင့် မြေ ကြီး ရှိ အ မျိုး မျိုး အ နွယ် နွယ် တို့၏ အ ချက် အ ခြာ ဖြစ် တော် မူ သော အ ဘ ခ မည်း တော့် ထံ ငါ ဒူး ထောက် လျက်၊ Judson Bible အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော တစ်အိမ်ထောင်လုံး တည်းဟူသော သားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော၊ ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်ရှေ့မှာ ငါသည် ဒူးထောက်၍ ဆုတောင်းလေ့ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤအကြောင်းကြောင့် ငါသည် ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ရှိသမျှသောမိသားစုတို့အမည်နာမခံယူရရှိရာဖြစ်တော်မူသော အဖခမည်းတော်ထံ ဒူးထောက်လျက် |
ထို့နောက် ယေရှုသည် တပည့်တော်များရှိသည့်နေရာမှ ခဲတစ်ပစ်စာခန့် ခွာသွား၍ ဒူးထောက်လျက်
ဤအရာများကို ဟောပြောပြီးသောအခါ ပေါလုသည် ဒူးထောက်လျက် သူတို့အားလုံးနှင့်အတူ ဆုတောင်းလေ၏။
ခုနစ်ရက်ပြည့်သောအခါ ကျွန်ုပ်တို့သည် ခရီးဆက်ကြ၏။ တပည့်တော်အားလုံးတို့သည် ဇနီး၊ သားသမီးများနှင့်အတူ ကျွန်ုပ်တို့ကို မြို့ပြင်ထိလိုက်ပို့ကြ၏။ ကမ်းခြေသို့ရောက်သောအခါ ကျွန်ုပ်တို့သည် ဒူးထောက်၍ ဆုတောင်းကြ၏။
ထို့နောက် ဒူးထောက်လျက် ကျယ်သောအသံဖြင့် “သခင်ဘုရား… ဤသူတို့ ပြုသောအပြစ်များကို မှတ်တော်မမူပါနှင့်” ဟု ကြွေးကြော်၍ အသက်ဆုံးလေ၏။
ပေတရုသည် ထိုသူအားလုံးတို့ကို အပြင်သို့ထွက်စေပြီး ဒူးထောက်လျက် ဆုတောင်းလေ၏။ အလောင်းရှိရာသို့ လှည့်၍ “တဗိသ… ထလော့” ဟု ဆို၏။ တဗိသသည်လည်း မျက်စိကိုဖွင့်ရာ ပေတရုကိုတွေ့မြင်သဖြင့် ထထိုင်လေ၏။
ကျွန်ုပ်တို့ကို ခရစ်တော်နှင့်တပေါင်းတစည်းတည်း ဖြစ်စေခြင်းအားဖြင့် ကောင်းကင်အရပ်ရှိ ဝိညာဉ်ရေးရာ ကောင်းချီးမင်္ဂလာများကို ပေးသနားတော်မူသော ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ အဖဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
ဤသို့ပြုတော်မူခြင်းမှာ ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်၌လည်းကောင်း ရှိကြသည့် သတ္တဝါအားလုံးသည် ယေရှုခရစ်တော်ကို ရိုသေသောအားဖြင့် ဒူးထောက်၍