သင်တို့အား ငါပြောဆိုသည်မှာ ငါ့ခမည်းတော်၏ နိုင်ငံတော်၌ သင်တို့နှင့်အတူ စပျစ်ရည်အသစ်ကို ထပ်မံသောက်ရမည့်နေ့ မတိုင်မီအထိ စပျစ်ရည်ကို နောက်တစ်ဖန် ငါမသောက်” ဟု မိန့်တော်မူ၏။
ဧဖက် 2:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သော ကျွန်ုပ်တို့ကို ကိုယ်တော်နှင့်အတူ ထမြောက်စေတော်မူပြီးလျှင် ကောင်းကင်အရပ်တွင် ကိုယ်တော်နှင့်အတူ ထိုင်စေတော်မူ၏။ Common Language Bible ငါတို့သည်ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်သဖြင့်ဘုရားသခင်သည် ငါတို့အား ခရစ်တော်နှင့်အတူသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူ၍ ထိုအရှင်နှင့်အတူကောင်းကင် လောကတွင်စိုးစံခွင့်ကိုပေးတော်မူ၏။- Judson Bible ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ကိုယ်တော်နှင့်အတူထမြောက်စေ၍ အထက်ကောင်းကင်အရပ်၌ ကိုယ်တော်နှင့်အတူထိုင်စေတော်မူ၏။ |
သင်တို့အား ငါပြောဆိုသည်မှာ ငါ့ခမည်းတော်၏ နိုင်ငံတော်၌ သင်တို့နှင့်အတူ စပျစ်ရည်အသစ်ကို ထပ်မံသောက်ရမည့်နေ့ မတိုင်မီအထိ စပျစ်ရည်ကို နောက်တစ်ဖန် ငါမသောက်” ဟု မိန့်တော်မူ၏။
ထိုသို့ သခင်၏အိမ်အပြန်ကို အသင့်စောင့်နေကြသောအစေခံတို့သည် မင်္ဂလာရှိကြ၏။ ငါအမှန်ဆိုရလျှင် ထိုသခင်သည် အစေခံများအား ထိုင်စေ၍ ခါးစည်းကို ဝတ်လျက် မိမိကိုယ်တိုင် ဧည့်ခံကျွေးမွေးလိမ့်မည်။
ငါ့အမှုကို ထမ်းဆောင်လိုသောသူသည် ငါ့နောက်သို့ လိုက်ရမည်။ ငါ့အမှုဆောင်သည် ငါရှိရာ အရပ်တွင် ရှိရမည်။ ငါ့အမှုကို ထမ်းဆောင်သောသူအား ငါ့ခမည်းတော်သည် ဂုဏ်ပြုလိမ့်မည်။
ငါသည် သွား၍ သင်တို့အတွက် နေစရာပြင်ဆင်ပြီးလျှင် ပြန်လာကာ ငါရှိရာအရပ်၌ သင်တို့လည်း ရှိနိုင်ရန်အတွက် သင်တို့ကို ခေါ်ဆောင်မည်။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော် ဖြစ်သော ကျွန်ုပ်ပေါလုသည် ယေရှုခရစ်တော်နောက်သို့ သစ္စာရှိစွာ လိုက်သော ဧဖက်မြို့သား ယုံကြည်သူများထံသို့ စာရေးလိုက်ပါ၏။
ကျွန်ုပ်တို့ကို ခရစ်တော်နှင့်တပေါင်းတစည်းတည်း ဖြစ်စေခြင်းအားဖြင့် ကောင်းကင်အရပ်ရှိ ဝိညာဉ်ရေးရာ ကောင်းချီးမင်္ဂလာများကို ပေးသနားတော်မူသော ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ အဖဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ လက်ရာတော်များ ဖြစ်ကြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် ကြိုတင်ပြင်ဆင်ထားတော်မူသော ကောင်းမှုများကို ပြုစေရန် ဖန်ဆင်းတော်မူခဲ့၏။
တစ်ချိန်က ဘုရားသခင်နှင့် ဝေးကွာခဲ့သော်လည်း ယခုအခါတွင် သင်တို့သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်ကြသောကြောင့် ခရစ်တော်၏ အသွေးတော်ဖြင့် အနီးသို့ရောက်လာပြီ ဖြစ်၏။
ကိုယ်တော်သည် အသင်းတော်ဟူသော မိမိကိုယ်ခန္ဓာ၏ ဦးခေါင်းဖြစ်၍ ကိုယ်ခန္ဓာ၏ မူလအရင်းအမြစ် ဖြစ်တော်မူ၏။ သေရာမှ အဦးဆုံး ရှင်ပြန်ထမြောက်လာသော သားဦး ဖြစ်တော်မူ၏။ သို့ဖြစ်၍ ကိုယ်တော်သည် အရာအားလုံးတွင် အကြီးမြတ်ဆုံး ဖြစ်တော်မူ၏။