Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 26:29 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

29 သင်တို့​အား ငါ​ပြောဆိုသည်​မှာ ငါ့​ခမည်းတော်​၏ နိုင်ငံတော်​၌ သင်တို့​နှင့်အတူ စပျစ်ရည်​အသစ်​ကို ထပ်မံ​သောက်ရမည့်​နေ့ မတိုင်မီ​အထိ စပျစ်ရည်​ကို နောက်တစ်ဖန် ငါ​မသောက်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

29 သင်​တို့​အား​ငါ​ဆို​သည်​ကား​ယ​ခု​အ​ချိန်​မှ စ​၍​ငါ့​ခ​မည်း​တော်​၏​နိုင်​ငံ​တော်​တွင်​သင်​တို့ နှင့်​အ​တူ​စ​ပျစ်​ရည်​သစ်​ကို​သောက်​ရ​သည့်​နေ့ မ​တိုင်​မီ​ငါ​သည်​ဤ​စ​ပျစ်​ရည်​ကို​နောက်​တစ်​ဖန် မ​သောက်​တော့​ပြီ'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 ငါ မူ ကား သင် တို့ နှင့် အ တူ ခ မည်း တော်၏ နိုင် ငံ တော် တွင် စ ပျစ် ရည် သစ် သောက် သည့် နေ့ မ တိုင် မီ ယ ခု မှ တစ် ပါး သောက် တော့် မည် မ ဟုတ်၊ ငါ ဆို သည် ဟု မိန့် တော် မူ လျက် တ ပည့် တော် တို့ အား ပေး တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 ငါ​ဆို​သည်​ကား၊ ဤ​စ​ပျစ်​ရည်​မျိုး​အ​သစ်​ကို ငါ့​ခ​မည်း​တော်၏​နိုင်​ငံ၌ သင်​တို့​နှင့်​အ​တူ ငါ​မ​သောက်​မီ နေ့​တိုင်​အောင် ယ​ခု​မှ​စ၍ တစ်​ဖန် ငါ​မ​သောက်​ရ​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 သင်​တို့​အား ငါ​ဆို​သည်​ကား ငါ့​ခမည်းတော်​၏​နိုင်ငံ​တော်​၌ သင်​တို့​နှင့်အတူ​အသစ်​ပြန်​သောက်​မည့် ထို​နေ့ရက်​တိုင်အောင် ယခု​မှစ၍ စပျစ်​သီး​မှ​ဖြစ်​သော​ဤ​အရည်​ကို ငါ​လုံးဝ​သောက်​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

29 ငါ​ဆို​သည်​ကား၊ ဤ​စ​ပျစ်​ရည်​မျိုး​အ​သစ်​ကို ငါ့​ခ​မည်း​တော်၏​နိုင်​ငံ၌ သင်​တို့​နှင့်​အ​တူ ငါ​မ​သောက်​မီ နေ့​တိုင်​အောင် ယ​ခု​မှ​စ၍ တစ်​ဖန် ငါ​မ​သောက်​ရ​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 26:29
31 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်မတ်သော​သူတို့​မှာမူ ခမည်းတော်​၏​နိုင်ငံတော်​တွင် နေ​ကဲ့သို့ တောက်ပ​လိမ့်မည်။ နား​ရှိသောသူ​သည် ကြား​၍ နားလည်ပါစေ။


ငါ​အမှန်​ဆိုရ​လျှင် လူသား​သည် ဘုရင်​အဖြစ် အုပ်စိုး​ရန် ကြွလာသည်​ကို ဤ​နေရာ​၌ ရပ်နေသော​သူတို့​ထဲမှ တချို့​သည် မမြင်ဘဲ သေရမည်​မဟုတ်” ဟု မိန့်တော်မူ၏။


လူနှစ်ဦး၊ သို့မဟုတ် သုံးဦး​သည် ငါ့​အမည်​နာမ​ကို​အမှီပြု​၍ စုရုံးကြ​လျှင် ထို​နေရာ​တွင် ငါ​သည်​သူတို့​နှင့်အတူ​ရှိသည်” ဟု မိန့်တော်မူ၏။


ထို့နောက် ရှင်ဘုရင်​က သူ​၏ လက်ယာတော်​ဘက်​၌ ရှိသော​သူတို့​အား ‘ငါ့​ခမည်းတော်​၏ ကောင်းချီး​မင်္ဂလာ​ကို ခံစားရ​သူတို့… လာကြလော့။ ကမ္ဘာ​တည်​ကတည်းက​ပင် သင်တို့​အဖို့ ပြင်ဆင်​ထားသော နိုင်ငံတော်​ကို အမွေဆက်ခံကြလော့။


ဤ​စပျစ်ရည်​သည် လူများစွာတို့​၏ အပြစ်များ​ကို ဖြေလွှတ်​ရန်​အတွက် သွန်းလောင်းသော ငါ​၏​သွေး​ကို ပုံဆောင်၏။ ငါ​၏​သွေး​သည် ဘုရားသခင်​နှင့် လူများ​အကြား​ဖွဲ့သော ပဋိညာဉ်​သစ်​ကို သက်သေပြု၏။


ထို့နောက် သူတို့​သည် ဓမ္မသီချင်း​တစ်ပုဒ်​ကို သီဆိုကြ​ပြီးနောက် သံလွင်တောင်​သို့ ထွက်သွားကြ၏။


သင်တို့​အား ငါ​ပေးသမျှသော ပညတ်တော်​အားလုံး​ကို သူတို့​အား သွန်သင်လော့။ ငါ​သည်လည်း ကမ္ဘာ​ကုန်ဆုံးသည့်​တိုင်အောင် သင်တို့​နှင့်အတူ အစဉ်အမြဲ​ရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲ​ခရစ်ဝင်ကျမ်း​ပြီးပါပြီ။


သင်တို့​အား ငါ​အမှန်​ဆို၏။ ဘုရားသခင်​၏ နိုင်ငံတော်​၌ သင်တို့​နှင့်အတူ ထပ်မံ​သောက်ရသည့်​နေ့ မတိုင်မီ​အထိ ဤ​စပျစ်ရည်​ကို ငါ​မသောက်” ဟု မိန့်တော်မူ၏။


အို သိုးစုငယ်… မကြောက်နှင့်။ သင်တို့​၏​အဖ​သည် သင်တို့​အား နိုင်ငံတော်​ကို ပေး​ရန် အလိုတော်​ရှိတော်မူ၏။


သို့သော် သင့်​ညီငယ်​သည် ယခင်​က​သေဆုံး​၍ ယခု​အသက်​ပြန်ရှင်လာ၏၊ ယခင်က​ပျောက်ဆုံး​၍ ယခု​ပြန်တွေ့ရ​သောကြောင့် သူ့​အတွက် ဝမ်းမြောက်​ပျော်ရွှင်ကြရမည်’ ဟူ၍ ဆိုလေသည်” ဟု​မိန့်တော်မူ၏။


ငါ​၏​ဝမ်းမြောက်ခြင်း​ကို သင်တို့​ခံစားရ​၍ အပြည့်အဝ​ဝမ်းမြောက်​နိုင်စေရန် ဤ​စကား​ကို ငါ​ပြော၏။


ထို​နည်းတူ သင်တို့​သည် ယခု​ဝမ်းနည်းကြ၏။ သို့သော် ငါ​သည် သင်တို့​နှင့် ပြန်​တွေ့မည်​ဖြစ်သောကြောင့် သင်တို့​သည် ဝမ်းမြောက်ကြ​လိမ့်မည်။ ထို​ဝမ်းမြောက်ခြင်း​ကိုလည်း မည်သူ​ကမျှ လုယူ​ဖျက်ဆီး​၍ မရနိုင်။


ယခု​အကျွန်ုပ်​သည် ကိုယ်တော်​ထံသို့ လာပါတော့မည်။ သူတို့​သည် အကျွန်ုပ်​၏​ဝမ်းမြောက်ခြင်း​ကို အပြည့်အဝ​ခံစားကြရ​စေရန် အကျွန်ုပ်​သည် ဤ​လောက​တွင် သူတို့​နှင့်အတူ ရှိနေ​စဉ် ဤ​အကြောင်းအရာများ​ကို ပြောပါ၏။


သို့ရာတွင် လူ​အပေါင်းတို့​ထံ၌ ကိုယ်ထင်ပြစေတော်မူသည်​မဟုတ်။ ဘုရားသခင်​ကိုယ်တိုင် သက်သေများ​အဖြစ် ကြိုတင်​ရွေးချယ်ထားသော ကျွန်ုပ်တို့​ထံ၌​သာ ကိုယ်ထင်ပြစေတော်မူ၏။ ယေရှု​ခရစ်တော် သေခြင်း​မှ ထမြောက်တော်မူ​ပြီးနောက် ကျွန်ုပ်တို့​သည်လည်း ထို​သခင်​နှင့်အတူ စားသောက်ကြ၏။


ကျွန်ုပ်တို့​၏​ယုံကြည်ခြင်း​ကို စတင်​ဖြစ်တည်စေ​၍ ပြီးပြည့်စုံစေသော ယေရှု​၏​အကြောင်း​ကို အစဉ်​တွေးတော​ဆင်ခြင်ကြစို့။ ကိုယ်တော်​သည် မိမိ​ရှေ့​၌ရှိသော ဝမ်းမြောက်စရာ​အကြောင်း​ကြောင့် အရှက်​ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်​၏​ဝေဒနာ​ကို သည်းခံတော်မူ၏။ ယခု​တွင်မူ ဘုရားသခင်​၏ ရာဇပလ္လင် လက်ယာတော်​ဘက်​၌ ထိုင်တော်မူ၏။


ထို​တစ်သိန်း​လေးသောင်း​လေးထောင်သောသူတို့​သည် ဘုရားသခင်​၏ ရာဇပလ္လင်တော်၊ သတ္တဝါလေးပါး​နှင့် အကြီးအကဲတို့​ရှေ့​၌ သီချင်း​သစ်​ကို သီဆိုကြ၏။ ကမ္ဘာ​မြေကြီး​ပေါ်မှ ရွေးနုတ်​ကယ်တင်​ခံရသူ တစ်သိန်း​လေးသောင်း​လေးထောင်​မှလွဲ​၍ ထို​သီချင်း​ကို မည်သူ​မျှ မသီဆိုနိုင်။


အဘယ်ကြောင့်ဆိုသော် ရာဇပလ္လင်တော်​အလယ်​၌​ရှိသော သိုးသငယ်တော်​သည် သူတို့​၏​သိုးထိန်း​ဖြစ်​၍ အသက်​စမ်းရေတွင်း​သို့ ပို့ဆောင်တော်မူမည်​ဖြစ်​သောကြောင့်​ပင်။ ဘုရားသခင်​သည် သူတို့​၏ ရှိသမျှ​မျက်ရည်တို့​ကို သုတ်ပေးတော်မူ​လိမ့်မည်” ဟု​ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ