ထိုသူတို့သည် ဉာဏ်အလင်းကွယ်၍ သူတို့၏ မသိနားမလည်မှုနှင့် ခေါင်းမာမှုတို့ကြောင့် ဘုရားသခင် ပေးတော်မူသောအသက်နှင့် ကင်းကွာလျက် ရှိကြ၏။
ဟေဗြဲ 9:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဒုတိယအခန်းထဲသို့မူ ယဇ်ပုရောဟိတ်မင်းကြီး တစ်ပါးတည်းကသာ တစ်နှစ်လျှင် တစ်ကြိမ်တည်းဝင်ရ၏။ ထိုသို့ဝင်သောအခါ မိမိ၏အပြစ်များနှင့် လူတို့၏ မသိနားမလည်ဘဲကျူးလွန်မိသောအပြစ်များအတွက် သွေးကို ယူဆောင်၍ ပူဇော်ရ၏။ Common Language Bible သို့ရာတွင်ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်း သာလျှင် အတွင်းတဲတော်သို့ဝင်ရပေသည်။ သူ သည်ယင်းသို့ဝင်ရသည်မှာလည်းတစ်နှစ်လျှင် တစ်ကြိမ်သာဖြစ်ပြီးမိမိ၏အတွက်သော် လည်းကောင်း၊ လူတို့မသိဘဲကူးလွန်မိသည့် အပြစ်များအတွက်သော်လည်းကောင်း ပူဇော် ရန်သွေးကိုယူဆောင်၍ဝင်ရလေသည်။- Garrad Bible အ တွင်း တဲ တော် သို့ မူ ကား ပ ရော ဟိတ် မင်း တစ် ပါး တည်း သာ ကိုယ့် အ တွက် နှင့် လူ ပ ရိ သတ် တို့ မိုက် မှား မှု များ အ တွက် ဆက် ကပ် ရန် အ သွေး ပါ လျက် တစ် နှစ် လျှင် တစ် ကြိမ် ဝင် လေ့ ရှိ ၏။ Judson Bible ဒုတိယတဲတော်အတွင်းသို့ ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်းသာ မိမိအပြစ်ကြောင့်လည်းကောင်း၊ လူများအပြစ်ကြောင့်လည်းကောင်း၊ ပူဇော်သောအသွေးကိုဆောင်၍ တစ်နှစ်လျှင် တစ်ခါတည်း သာဝင်ရ၏။- မြန်မာ့စံမီသမ္မာကျမ်း ဒုတိယအခန်းထဲသို့မူကား ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်းသာ တစ်နှစ်တစ်ကြိမ်ဝင်လေ၏။ ထိုသို့ဝင်သောအခါ မိမိအတွက်လည်းကောင်း၊ လူတို့မသိနားမလည်၍ကျူးလွန်မိသောအပြစ်များအတွက်လည်းကောင်း ပူဇော်သည့်သွေးမပါဘဲဝင်ခြင်းမရှိ။ |
ထိုသူတို့သည် ဉာဏ်အလင်းကွယ်၍ သူတို့၏ မသိနားမလည်မှုနှင့် ခေါင်းမာမှုတို့ကြောင့် ဘုရားသခင် ပေးတော်မူသောအသက်နှင့် ကင်းကွာလျက် ရှိကြ၏။
ထိုမျှော်လင့်ချက်သည် ကျွန်ုပ်တို့စိတ်ဝိညာဉ်အတွက် လုံခြုံခိုင်ခံ့သောကျောက်ဆူးတစ်ခုကဲ့သို့ ဖြစ်၏။ ၎င်းသည် ကန့်လန့်ကာနောက်ကွယ်၌ရှိသော အသန့်ရှင်းဆုံးဌာနတော်ထဲသို့ ကျွန်ုပ်တို့ကို ခေါ်ဆောင်လေ၏။
အခြားယဇ်ပုရောဟိတ်မင်းများသည် မိမိတို့အပြစ်အတွက် သော်လည်းကောင်း၊ လူတို့၏ အပြစ်အတွက်သော်လည်းကောင်း နေ့တိုင်းယဇ်ပူဇော်ရသော်လည်း ကိုယ်တော်သည် ထိုသို့ပူဇော်ရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် လူတို့၏ အပြစ်အတွက် မိမိအသက်ကို ပူဇော်စဉ်က တစ်ကြိမ်တည်းနှင့် အပြီး ပူဇော်သောကြောင့်ဖြစ်၏။
ထို့နောက် ကန့်လန့်ကာ တစ်ခုရှိပြီး ထိုကန့်လန့်ကာနောက်တွင် အသန့်ရှင်းဆုံးဌာနတော် ဟု ခေါ်သော ဒုတိယအခန်းရှိ၏။