အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ဗြဲ 9:4 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို​အခန်း​အတွင်း​၌ နံ့သာပေါင်း​ကို မီးရှို့ရာ ရွှေ​ယဇ်ပလ္လင်​နှင့် ရွှေ​ဖြင့်​မွမ်းမံထားသော ပဋိညာဉ်​သေတ္တာ​ရှိ၏။ ထို​သေတ္တာ​အတွင်း​၌ မန္နမုန့်​ထည့်ထားသော ရွှေအိုး၊ အဖူး​အညွှန့်​ထွက်နေသော အာရုန်​၏​တောင်ဝှေး​နှင့် ပဋိညာဉ်​ကျောက်ပြား​နှစ်ပြား ပါရှိ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​ဌာ​န​တော်​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ရွှေ ပလ္လင်​နှင့်​ရွှေ​ဖြင့်​မွမ်း​မံ​ထား​သည့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ရှိ​၏။ ထို​သေတ္တာ​တော်​အ​တွင်း​၌​မန္န​မုန့်​ထည့် ထား​သည့်​ရွှေ​အိုး၊ အ​ဖူး​အ​ညွှန့်​ထွက်​သည့်​အာ​ရုန် ၏​လှံ​တံ​နှင့်​ပ​ညတ်​တော်​များ​ရေး​ထား​သည့် ကျောက်​ပြား​နှစ်​ပြား​ရှိ​၏။-

အခန်းကိုကြည့်ပါ။

Judson Bible

ထို​တဲ​တော်၌ ရွှေ​လင်​ပန်း​နှင့် ရွှေ​ဖြင့်​မွမ်း​မံ​သော ပ​ဋိ​ညာဉ်​တ​ရား​သေ​တ္တာ​ရှိ၏။ ထို​သေ​တ္တာ၌ မ​န္န​ကို ထား​သော​ရွှေ​အိုး၊ အ​ပွင့်​ပွင့်​သော အာ​ရုန်၏​လှံ​တံ၊ ပ​ဋိ​ညာဉ်​တ​ရား​ကို ရေး​ထား​သော ကျောက်​ပြား​တို့​သည် ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

၎င်း​ထဲတွင် နံ့သာပေါင်း​မီးရှို့​ရာ​ရွှေ​ယဇ်ပလ္လင်​နှင့် မျက်နှာပြင်​အဘက်ဘက်​၌ ရွှေ​ဖြင့်​မွမ်းမံ​ထား​သော​ပဋိညာဉ်​သေတ္တာ​ရှိ​၏။ ထို​သေတ္တာ​၌ မန္န​မုန့်​ထည့်​ထား​သည့်​ရွှေ​အိုး၊ အဖူး​ထွက်​သော​အာရုန်​၏​တောင်ဝှေး​နှင့် ပဋိညာဉ်​ကျောက်ပြား​တို့​ရှိ​၏။

အခန်းကိုကြည့်ပါ။



ဟေ​ဗြဲ 9:4
26 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ကောင်းကင်ဘုံ​၌​ရှိသော ဘုရားသခင်​၏ ဗိမာန်တော်​သည် ပွင့်​၍ ကိုယ်တော်​၏​ဗိမာန်တော်​၌ ပဋိညာဉ်​သေတ္တာတော်​ကို မြင်ရ၏။ ထို့နောက် လျှပ်စီးလက်ခြင်း၊ အသံ​မြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်း၊ ငလျင်​လှုပ်ခြင်း၊ ကြီးမားသော​မိုးသီးကျခြင်း​တို့ ဖြစ်လေ၏။


ကောင်းကင်တမန်​တစ်ပါး​သည် ရွှေလင်ပန်း​ကို ကိုင်​လျက် ရှေ့သို့​လာ​၍ ယဇ်ပလ္လင်​နား​မှာ ရပ်နေ၏။ ရာဇပလ္လင်တော်​ရှေ့​၌​ရှိသော ရွှေ​ယဇ်ပလ္လင်​ပေါ်တွင် သန့်ရှင်းသူတို့​၏ ဆုတောင်းချက်များ​နှင့်​အတူ ပူဇော်​ဆက်ကပ်​ရန် သူ့​အား အမွှေးနံ့သာ​များစွာ​ကို ပေးအပ်ထား၏။