ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းဖြင့် ကျွန်ုပ်တို့သည် စင်ကြယ်စေခြင်းခံကြရ၏။
ဟေဗြဲ 9:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ယဇ်ပုရောဟိတ်မင်းသည် မိမိ၏သွေးမဟုတ်ဘဲ တိရစ္ဆာန်၏ သွေးကို ယူ၍ အသန့်ရှင်းဆုံးဌာနတော်သို့ နှစ်စဉ် ဝင်ရသကဲ့သို့ ကိုယ်တော်သည် ကောင်းကင်ဘုံသို့ ဝင်ရောက်၍ မိမိကိုယ်ကိုယ် အကြိမ်ကြိမ် ပူဇော်ရန် မလိုအပ်ပေ။ Common Language Bible ယဇ်ပုရောဟိတ်မင်းသည်တိရစ္ဆာန်များ၏ သွေးကို ယူ၍နှစ်စဉ်နှစ်တိုင်းအလွန်သန့်ရှင်းရာဌာန တော်သို့ဝင်လေ့ရှိ၏။ ခရစ်တော်မူကားယင်းသို့ ကြိမ်ဖန်များစွာမိမိကိုယ်ကိုပူဇော်ရန်ဝင် တော်မမူ။- Garrad Bible ပ ရော ဟိတ် မင်း ဖြစ် သူ သည် ကိုယ့် အ သွေး မ ဟုတ် သော အ သွေး နှင့် အ ထူး သန့် ရှင်း ရာ ဌာ န ထဲ သို့ နှစ် စဉ် ဝင် ရ သ ကဲ့ သို့ ကိုယ် ကို အ ကြိမ် ကြိမ် ဆက် ကပ် ရန် ဝင် တော် မူ သည် မ ဟုတ်။ Judson Bible သို့သော်လည်း၊ ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းရာဌာနထဲသို့ သူတစ်ပါးအသွေးနှင့် နှစ်တိုင်း အစဉ်ဝင်ရသကဲ့သို့ ခရစ်တော်သည် အဖန်များစွာ ကိုယ်ကို ပူဇော်ရသည်မဟုတ်။- မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်မင်းသည် ကိုယ့်သွေးမဟုတ်သောသွေးဖြင့် နှစ်စဉ်နှစ်တိုင်း သန့်ရှင်းရာဌာနထဲသို့ဝင်သကဲ့သို့ ကိုယ်တော်သည် မိမိကိုယ်ကိုအကြိမ်ကြိမ်ပူဇော်ရန်မလိုပေ။ |
ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းဖြင့် ကျွန်ုပ်တို့သည် စင်ကြယ်စေခြင်းခံကြရ၏။
ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့သည် ယေရှု၏ အသွေးတော်အားဖြင့် သန့်ရှင်းရာဌာနတော်သို့ ယုံကြည်စိတ်ချစွာ ဝင်နိုင်၏။
ထိုအသန့်ရှင်းဆုံးဌာနတော်သို့ ဝင်ရာတွင် ကိုယ်တော်သည် ဆိတ်နှင့် နွားသငယ်တို့၏ အသွေးဖြင့် မဟုတ်ဘဲ မိမိကိုယ်တိုင်၏ အသွေးတော်ဖြင့် တစ်ကြိမ်တည်းနှင့် အပြီးပူဇော်၍ ကျွန်ုပ်တို့အား ထာဝရရွေးနုတ်ခြင်းအကျိုးကို ခံစားစေခဲ့၏။
ထိုသို့ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုနိုင်စေရန် ကျွန်ုပ်တို့၏အသိစိတ်ကို သေခြင်းသို့ ပို့ဆောင်ပေးသောအပြစ်မှ စင်ကြယ်စေရန်အတွက် ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ပူဇော်သည့် ခရစ်တော်၏အသွေးတော်သည် ပို၍သာလွန်သည် မဟုတ်ပါလော။
တဲတော်တွင် အခန်းနှစ်ခန်း ပါရှိပြီး ပထမအခန်းတွင် ဆီမီးတိုင်နှင့် သန့်ရှင်းသောမုန့်များတင်ထားသည့် စားပွဲရှိ၏။ ဤအခန်းကို သန့်ရှင်းသောဌာနတော်ဟု ခေါ်၏။
ထိုသို့ပူဇော်ရန် လိုအပ်လျှင် ကိုယ်တော်သည် ကမ္ဘာတည်ချိန်ကတည်းက အကြိမ်ကြိမ် ဒုက္ခခံရလိမ့်မည်။ ယခုတွင်မူ ကိုယ်တော်သည် မိမိကိုယ်မိမိ ယဇ်ပူဇော်၍ အပြစ်များကို ပယ်ရှင်းရန် ကမ္ဘာကုန်ဆုံးချိန်၌ တစ်ကြိမ်တည်းနှင့်အပြီး ပေါ်ထွန်းတော်မူ၏။
ဒုတိယအခန်းထဲသို့မူ ယဇ်ပုရောဟိတ်မင်းကြီး တစ်ပါးတည်းကသာ တစ်နှစ်လျှင် တစ်ကြိမ်တည်းဝင်ရ၏။ ထိုသို့ဝင်သောအခါ မိမိ၏အပြစ်များနှင့် လူတို့၏ မသိနားမလည်ဘဲကျူးလွန်မိသောအပြစ်များအတွက် သွေးကို ယူဆောင်၍ ပူဇော်ရ၏။