ခရစ်တော်သည် ဤဒုက္ခများကို ခံ၍ မိမိ၏ဘုန်းတော်သို့ စံမြန်းရမည်မဟုတ်လော” ဟု မိန့်တော်မူ၏။
ဟေဗြဲ 9:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုတိရစ္ဆာန်တို့၏ သွေးဖြင့် ကောင်းကင်ဘုံ၌ ရှိသောအရာတို့၏ ပုံတူဖြစ်သည့် တဲတော်ရှိ အရာအားလုံးကို စင်ကြယ်စေရ၏။ သို့ရာတွင် ကောင်းကင်ဘုံ၌ ရှိသောအရာ အစစ်အမှန်တို့ကိုမူ ထိုနည်းထက် ပို၍ မြတ်သောယဇ်ပူဇော်ခြင်းဖြင့် စင်ကြယ်စေရ၏။ Common Language Bible အဆိုပါနည်းအားဖြင့်ကောင်းကင်ဘုံတွင် ရှိသည့်အရာတို့၏ပုံတူများကိုသန့်စင် စေရ၏။ ကောင်းကင်ဘုံတွင်ရှိသည့်အရာ တို့ကိုသန့်စင်စေရန်မှာမူသာလွန်မွန်မြတ် သောယဇ်ကိုပူဇော်ရန်လို၏။- Garrad Bible သို့ ဖြစ်၍ ကောင်း ကင် အ ရာ များ၏ အ တု ကို ဆို ခဲ့ သော ပူ ဇော် သ က္ကာ များ နှင့် စင် ကြယ် စေ ရ၏။ ကောင်း ကင် အ ရာ များ ကို မူ ကား သာ၍ မြတ် သော ပူ ဇော် သ က္ကာ များ နှင့် စင် ကြယ် စေ ရ၏။ Judson Bible ထိုကြောင့် ကောင်းကင်ဘုံ၌ရှိသော အရာတို့၏ ပုံများကို ထိုသို့သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရသည်ဖြစ်၍၊ ကောင်းကင်အရာတို့ကို သာ၍မြတ်သော ယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ကောင်းကင်ဘုံ၌ရှိသောအရာတို့၏နမူနာများကို အဆိုပါအရာများအားဖြင့် စင်ကြယ်စေရန်လိုအပ်၏။ သို့သော် အထက်ကောင်းကင်အရပ်၌ရှိသောအရာအစစ်တို့ကိုမူကား ထိုအရာများထက် သာ၍မြတ်သောယဇ်အားဖြင့် စင်ကြယ်စေရန်လိုအပ်၏။ |
ခရစ်တော်သည် ဤဒုက္ခများကို ခံ၍ မိမိ၏ဘုန်းတော်သို့ စံမြန်းရမည်မဟုတ်လော” ဟု မိန့်တော်မူ၏။
ယေရှုက “ကျမ်းစာတော်တွင် ဤသို့ ရေးသားထား၏။ ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်နေ့တွင် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူမည်။
ငါသည် သွား၍ သင်တို့အတွက် နေစရာပြင်ဆင်ပြီးလျှင် ပြန်လာကာ ငါရှိရာအရပ်၌ သင်တို့လည်း ရှိနိုင်ရန်အတွက် သင်တို့ကို ခေါ်ဆောင်မည်။
ထို့ကြောင့် သင်တို့သည် တရားလွှတ်တော်အဖွဲ့နှင့်အတူ ပေါလု၏အမှုကို ပို၍စေ့စပ်သေချာစွာ စစ်ဆေးလိုဟန်ပြုလျက် ပေါလုကို သင်တို့ထံသို့ခေါ်ဆောင်လာပေးရန် တပ်မှူးကြီးထံ ခွင့်တောင်းလော့။ ကျွန်ုပ်တို့သည်လည်း ဤနေရာသို့မရောက်မီ သူ့ကိုသတ်ရန် အဆင်သင့်စောင့်နေပါမည်” ဟု ပြောဆိုကြ၏။
၎င်းတို့သည် နောင်ဖြစ်လာမည့်အရာများ၏ အရိပ်သာ ဖြစ်၏။ အကောင်အထည်အစစ်အမှန်ကမူ ခရစ်တော်ပင် ဖြစ်၏။
ပညတ်တရားသည် ပုံသဏ္ဌာန်အစစ်အမှန်များမဟုတ်ဘဲ ဖြစ်ပေါ်လာမည့် ကောင်းကျိုးများ၏ အရိပ်မျှသာဖြစ်၏။ ထို့ကြောင့် ထိုတူညီသောယဇ်ကို နှစ်စဉ်မပြတ် ယဇ်ပူဇော်ခြင်းဖြင့် ဝတ်ပြုသူတို့ကို ပြီးပြည့်စုံစေရန် လုံးဝမတတ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် နွားထီးနှင့် ဆိတ်တို့၏ သွေးသည် အပြစ်ကို မဖယ်ရှားနိုင်သောကြောင့်ဖြစ်၏။
မောရှေသည် တဲတော်ဆောက်သောအခါ ဘုရားသခင်က “တောင်ပေါ်၌ သင့်အား ပြသောပုံစံအတိုင်း အရာအားလုံးကို ဆောက်လော့” ဟု သတိပေးတော်မူခဲ့သည်ဖြစ်၍ ထိုယဇ်ပုရောဟိတ်များအမှုထမ်းဆောင်ရာ တဲတော်သည်လည်း ကောင်းကင်ဘုံ၌ ရှိသော တဲတော်ကို ထင်ဟပ်ရန်နှင့် ပုံတူယူရန်ဖြစ်၏။
ထိုသို့ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုနိုင်စေရန် ကျွန်ုပ်တို့၏အသိစိတ်ကို သေခြင်းသို့ ပို့ဆောင်ပေးသောအပြစ်မှ စင်ကြယ်စေရန်အတွက် ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ပူဇော်သည့် ခရစ်တော်၏အသွေးတော်သည် ပို၍သာလွန်သည် မဟုတ်ပါလော။
ခရစ်တော်သည် စစ်မှန်သောအရာ၏ ပုံတူသာဖြစ်သည့် လူတို့လက်ဖြင့် ပြုလုပ်ထားသော သန့်ရှင်းရာဌာနတော်ထဲသို့ ဝင်တော်မမူဘဲ ကျွန်ုပ်တို့ကိုယ်စား ဘုရားသခင်ရှေ့တော်၌ ထင်ရှားရန် ကောင်းကင်ဘုံသို့ ဝင်တော်မူ၏။
သူတို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆိုကြ၏။ ထိုသီချင်းမှာ “ကိုယ်တော်သည် စာလိပ်ကိုယူ၍ တံဆိပ်ကိုခွာ၍ ဖွင့်ရန် ထိုက်တန်သောအရှင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အသေသတ်ခံရ၍ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများ၊ လူမျိုးအသီးသီးနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို ကိုယ်တော်၏အသွေးတော်ဖြင့် ဘုရားသခင်အတွက် ရွေးနုတ်ကယ်တင်သောကြောင့်ဖြစ်၏။