Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 9:23 - Common Language Bible

23 အ​ဆို​ပါ​နည်း​အား​ဖြင့်​ကောင်း​ကင်​ဘုံ​တွင် ရှိ​သည့်​အ​ရာ​တို့​၏​ပုံ​တူ​များ​ကို​သန့်​စင် စေ​ရ​၏။ ကောင်း​ကင်​ဘုံ​တွင်​ရှိ​သည့်​အ​ရာ တို့​ကို​သန့်​စင်​စေ​ရန်​မှာ​မူ​သာ​လွန်​မွန်​မြတ် သော​ယဇ်​ကို​ပူ​ဇော်​ရန်​လို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 သို့ ဖြစ်၍ ကောင်း ကင် အ ရာ များ၏ အ တု ကို ဆို ခဲ့ သော ပူ ဇော် သ က္ကာ များ နှင့် စင် ကြယ် စေ ရ၏။ ကောင်း ကင် အ ရာ များ ကို မူ ကား သာ၍ မြတ် သော ပူ ဇော် သ က္ကာ များ နှင့် စင် ကြယ် စေ ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ထို​ကြောင့် ကောင်း​ကင်​ဘုံ၌​ရှိ​သော အ​ရာ​တို့၏ ပုံ​များ​ကို ထို​သို့​သော​ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် စင်​ကြယ်​စေ​ရ​သည်​ဖြစ်၍၊ ကောင်း​ကင်​အ​ရာ​တို့​ကို သာ၍​မြတ်​သော ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် စင်​ကြယ်​စေ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ထို့ကြောင့် ကောင်းကင်​ဘုံ​၌​ရှိ​သော​အရာ​တို့​၏​နမူနာ​များ​ကို အဆိုပါ​အရာ​များ​အားဖြင့် စင်ကြယ်​စေ​ရန်​လိုအပ်​၏။ သို့သော် အထက်​ကောင်းကင်​အရပ်​၌​ရှိ​သော​အရာ​အစစ်​တို့​ကို​မူကား ထို​အရာ​များ​ထက် သာ၍​မြတ်​သော​ယဇ်​အားဖြင့် စင်ကြယ်​စေရန်​လိုအပ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 ထို​တိရစ္ဆာန်တို့​၏ သွေး​ဖြင့် ကောင်းကင်ဘုံ​၌ ရှိသော​အရာတို့​၏ ပုံတူ​ဖြစ်သည့် တဲတော်​ရှိ အရာ​အားလုံး​ကို စင်ကြယ်စေ​ရ၏။ သို့ရာတွင် ကောင်းကင်ဘုံ​၌ ရှိသော​အရာ အစစ်အမှန်တို့​ကို​မူ ထို​နည်း​ထက် ပို​၍ မြတ်သော​ယဇ်ပူဇော်ခြင်း​ဖြင့် စင်ကြယ်စေ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 9:23
14 ပူးပေါင်းရင်းမြစ်များ  

မေ​ရှိ​ယ​သည်​ဘုန်း​အ​သ​ရေ​တော်​ကို​မ​ခံ​မ ယူ​မီ ဤ​သို့​သော​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို​ခံ​စား ရန်​လို​အပ်​သည်​မ​ဟုတ်​ပါ​လော'' ဟု​မိန့်​တော် မူ​၏။-


ကိုယ်​တော်​က ``ကျမ်း​စာ​တော်​တွင်​မေ​ရှိ​ယ​သည် အ​သေ​ခံ​တော်​မူ​ရ​မည်။ ထို​နောက်​သုံး​ရက်​ကြာ သော်​သေ​ခြင်း​မှ​ထ​မြောက်​တော်​မူ​မည်။-


ယင်း​သို့​သွား​၍​ပြင်​ဆင်​ပြီး​မှ​သင်​တို့​ထံ​သို့ ငါ​ပြန်​လာ​၍ ငါ​ရှိ​ရာ​အ​ရပ်​တွင်​သင်​တို့​ရှိ နိုင်​ကြ​စေ​ရန် သင်​တို့​ကို​ငါ့​ထံ​သို့​ခေါ်​ဆောင် မည်။-


သို့​ဖြစ်​၍​အ​ရှင်​တို့​နှင့်​တ​ရား​လွှတ်​တော်​အ​ဖွဲ့ ဝင်​တို့​သည် ပေါ​လု​၏​အ​မှု​ကို​ပို​မို​သေ​ချာ စွာ​စုံ​စမ်း​စစ်​ဆေး​လို​ဟန်​ပြု​လျက် ရော​မ​တပ် မှူး​အား​သူ့​ကို​အ​ရှင်​တို့​ထံ​သို့​ခေါ်​ခဲ့​ရန် မေတ္တာ​ရပ်​ခံ​ကြ​ပါ။ အ​ရှင်​တို့​ထံ​သို့​မ​ရောက် မီ​ပင် သူ့​ကို​သတ်​ရန်​အ​ကျွန်ုပ်​တို့​အ​သင့် စောင့်​နေ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။


ထို​အ​ရာ​တို့​သည်​နောင်​အ​ခါ​ဖြစ်​ပေါ်​လာ​မည့် အ​ရာ​တို့​၏​အ​ရိပ်​အ​ရောင်​မျှ​သာ​ဖြစ်​ကြ​၏။ အ​တု​မ​ဟုတ်​အ​စစ်​မှာ​ခ​ရစ်​တော်​ဖြစ်​သည်။-


ယု​ဒ​ပ​ညတ်​တ​ရား​သည်​စစ်​မှန်​သည့်​အ​ရာ များ​၏ တိ​ကျ​မှန်​ကန်​သော​ပုံ​တူ​မ​ဟုတ်​ပေ။ သက်​ရောက်​လတ္တံ့​သော​ကောင်း​ကျိုး​ချမ်း​သာ​များ ၏​အ​ရိပ်​အ​ရောင်​မျှ​ကို​သာ​ဖော်​ပြ​ပေ​သည်။ ပ​ညတ်​တ​ရား​အ​ရ​နှစ်​စဉ်​နှစ်​တိုင်း​ယဇ်​ကို ပူ​ဇော်​ကြ​ရ​၏။ သို့​ဖြစ်​၍​ပ​ညတ်​တ​ရား​သည် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​သူ​တို့​အား အ​ဘယ်​သို့​လျှင်​ပြည့်​ဝ​စုံ​လင်​သူ​များ​ဖြစ် လာ​စေ​နိုင်​ပါ​မည်​နည်း။-


ယဇ်​ပု​ရော​ဟိတ်​များ​ပြု​သော​အ​မှု​အ​ရာ​များ သည် ကောင်း​ကင်​ဘုံ​ရှိ​အ​မှု​အ​ရာ​များ​၏​ပုံ​တူ နှင့်​အ​ရိပ်​အ​ရောင်​မျှ​သာ​ဖြစ်​ပေ​သည်။ မော​ရှေ ပြု​ခဲ့​သည့်​အ​မှု​အ​ရာ​များ​သည်​လည်း ဤ​နည်း အ​တိုင်း​ပင်​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ သည်​ပ​ဋိ​ညာဉ်​တဲ​တော်​ကို​တည်​ဆောက်​မည်​ပြု သော​အ​ခါ ဘု​ရား​သ​ခင်​က``တောင်​ပေါ်​တွင် သင့်​အား​ငါ​ပြ​ခဲ့​သည့်​ပုံ​စံ​နှင့်​အ​ညီ အ​လုံး စုံ​တို့​ကို​ပြု​လုပ်​ရန်​သ​တိ​မ​မေ့​နှင့်'' ဟု ညွှန်​ကြား​တော်​မူ​ခဲ့​သော​ကြောင့်​ဖြစ်​၏။-


ခ​ရစ်​တော်​၏​သွေး​တော်​သည်​ထို​အ​ရာ​တို့​ထက် အ​ဘယ်​မျှ​ပို​၍ သန့်​စင်​နိုင်​စွမ်း​ရှိ​လိမ့်​မည်​နည်း။ ခ​ရစ်​တော်​သည်​ထာ​ဝ​ရ​ဝိ​ညာဉ်​တော်​အား​ဖြင့် မိ​မိ​ကိုယ်​ကို​အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သည့် ယဇ်​ကောင်​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​အား​ပူ​ဇော် ဆက်​သ​တော်​မူ​၏။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ငါ​တို့​ဆောင် ရွက်​နိုင်​ကြ​စေ​ရန် ခ​ရစ်​တော်​၏​သွေး​တော်​သည် အ​ကျိုး​မဲ့​သည့်​ထုံး​နည်း​များ​ကို​လိုက်​နာ​မှု ကြောင့် မ​ကြည်​လင်​သော​ငါ​တို့​၏​သြတ္တပ္ပ စိတ်​ကို​ကြည်​လင်​စေ​တော်​မူ​လိမ့်​မည်။


စစ်​မှန်​သော​သန့်​ရှင်း​ရာ​ဌာ​န​တော်​၏​ပုံ​တူ​ဖြစ် သော​လူ​တို့​လက်​ဖြင့်​တည်​ဆောက်​သည့်​သန့်​ရှင်း ရာ​ဌာ​န​တော်​သို့ ခ​ရစ်​တော်​သည်​ဝင်​တော်​မူ သည်​မ​ဟုတ်​ဘဲ​ကောင်း​ကင်​ဘုံ​သို့​ဝင်​တော်​မူ​၍ ငါ​တို့​ကိုယ်​စား​ဘု​ရား​သ​ခင်​၏​ရှေ့​တော် မှောက်​သို့​ရောက်​ရှိ​တော်​မူ​၏။-


``ကိုယ်​တော်​ရှင်​သည်​အ​သေ​သတ်​ခြင်း​ကို ခံ​တော်​မူ​သော​အား​ဖြင့်၊ တိုင်း​နိုင်​ငံ​အ​သီး​သီး​ရှိ​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​ဆို​သော၊ လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့​မှ​လူ​တို့​ကို ဘု​ရား​သခင်​အ​ဖို့​ဝယ်​ယူ​တော်​မူ​ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​ရှင်​သည်​ဤ​စာ​လိပ်​တော် ကို ယူ​၍​ချိပ်​တံ​ဆိပ်​များ​ကို​ဖွင့်​ထိုက်​သူ​ဖြစ်​ပါ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ