ထို့နောက် ဟေရုဒ်မင်းထံသို့ လှည့်ပြန်မသွားရန် အိပ်မက်တွင် ဘုရားသခင်သတိပေးတော်မူသဖြင့် သူတို့သည် အခြားလမ်းဖြင့် မိမိတို့၏တိုင်းပြည်သို့ ပြန်သွားကြ၏။
ဟေဗြဲ 8:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မောရှေသည် တဲတော်ဆောက်သောအခါ ဘုရားသခင်က “တောင်ပေါ်၌ သင့်အား ပြသောပုံစံအတိုင်း အရာအားလုံးကို ဆောက်လော့” ဟု သတိပေးတော်မူခဲ့သည်ဖြစ်၍ ထိုယဇ်ပုရောဟိတ်များအမှုထမ်းဆောင်ရာ တဲတော်သည်လည်း ကောင်းကင်ဘုံ၌ ရှိသော တဲတော်ကို ထင်ဟပ်ရန်နှင့် ပုံတူယူရန်ဖြစ်၏။ Common Language Bible ယဇ်ပုရောဟိတ်များပြုသောအမှုအရာများ သည် ကောင်းကင်ဘုံရှိအမှုအရာများ၏ပုံတူ နှင့်အရိပ်အရောင်မျှသာဖြစ်ပေသည်။ မောရှေ ပြုခဲ့သည့်အမှုအရာများသည်လည်း ဤနည်း အတိုင်းပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သူ သည်ပဋိညာဉ်တဲတော်ကိုတည်ဆောက်မည်ပြု သောအခါ ဘုရားသခင်က``တောင်ပေါ်တွင် သင့်အားငါပြခဲ့သည့်ပုံစံနှင့်အညီ အလုံး စုံတို့ကိုပြုလုပ်ရန်သတိမမေ့နှင့်'' ဟု ညွှန်ကြားတော်မူခဲ့သောကြောင့်ဖြစ်၏။- Judson Bible မောရှေသည် တဲတော်ကို ဆောက်လုပ်အံ့သောအခါ၊ တောင်ပေါ်မှာ သင့်အားပြခဲ့ပြီးသောပုံနှင့် ညီလျော်စွာ အလုံးစုံတို့ကိုလုပ်ခြင်းငှာ သတိပြုရမည်ဟု ဗျာဒိတ်တော်ကို ခံရသည်ဖြစ်၍၊ ထိုယဇ်ပုရောဟိတ်တို့သည် ကောင်းကင်အရာတို့၏ ပုံပမာအရိပ်နှင့်သာဆိုင်လျက် ဝတ်ကိုပြုနေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် တဲတော်ကိုဆောက်လုပ်မည်ပြုစဉ်က “အလုံးစုံတို့ကို တောင်ပေါ်တွင် သင့်အား ငါပြခဲ့သည့်စံနမူနာအတိုင်းပြုလုပ်ရန် သတိပြုလော့”ဟူသောဗျာဒိတ်တော်ကိုရသည့်နည်းတူ ထိုသူတို့သည် အထက်ကောင်းကင်အရပ်၌ရှိသောအရာများ၏နမူနာပုံရိပ်နှင့်ဆိုင်သောဝတ်ကို ပြုကြ၏။ |
ထို့နောက် ဟေရုဒ်မင်းထံသို့ လှည့်ပြန်မသွားရန် အိပ်မက်တွင် ဘုရားသခင်သတိပေးတော်မူသဖြင့် သူတို့သည် အခြားလမ်းဖြင့် မိမိတို့၏တိုင်းပြည်သို့ ပြန်သွားကြ၏။
တောကန္တာရတွင် ကျွန်ုပ်တို့၏ဘိုးဘေးများ၌ သက်သေခံတဲတော်ရှိ၏။ ထိုတဲတော်ကို မောရှေအား ဘုရားသခင်ညွှန်ကြားတော်မူသည့်ပုံစံနှင့်အညီ ပြုလုပ်ထား၏။ ထိုတဲတော်သည် မောရှေမြင်တွေ့ခဲ့သည့်ပုံစံအတိုင်းဖြစ်၏။
၎င်းတို့သည် နောင်ဖြစ်လာမည့်အရာများ၏ အရိပ်သာ ဖြစ်၏။ အကောင်အထည်အစစ်အမှန်ကမူ ခရစ်တော်ပင် ဖြစ်၏။
ပညတ်တရားသည် ပုံသဏ္ဌာန်အစစ်အမှန်များမဟုတ်ဘဲ ဖြစ်ပေါ်လာမည့် ကောင်းကျိုးများ၏ အရိပ်မျှသာဖြစ်၏။ ထို့ကြောင့် ထိုတူညီသောယဇ်ကို နှစ်စဉ်မပြတ် ယဇ်ပူဇော်ခြင်းဖြင့် ဝတ်ပြုသူတို့ကို ပြီးပြည့်စုံစေရန် လုံးဝမတတ်နိုင်ပေ။
မမြင်ရသေးသောအဖြစ်အပျက်များကို ဘုရားသခင် ဖော်ပြတော်မူသောအခါ နောဧသည် ယုံကြည်သဖြင့် ကြောက်ရွံ့ရိုသေလျက် မိမိ၏မိသားစုကို ကယ်တင်ရန် သင်္ဘောကို ဆောက်လုပ်ခဲ့၏။ သူသည် မိမိ၏ယုံကြည်ခြင်းဖြင့် လောကီသားတို့၏ အပြစ်ကို စီရင်၍ ယုံကြည်ခြင်းကြောင့် ရရှိသော ဖြောင့်မတ်ခြင်းကို အမွေခံခဲ့၏။
သင်တို့အား မိန့်တော်မူသော အရှင်ကို မငြင်းပယ်မိစေရန် သတိပြုလော့။ အကယ်၍ မြေကြီးပေါ်ရှိ သတိပေးသူများကို မနာခံသောအစ္စရေးလူမျိုးသည် ပြစ်ဒဏ်မှ မလွတ်မြောက်နိုင်လျှင် ကောင်းကင်ဘုံမှ သတိပေးသော ဘုရားသခင်ကို မနာခံသောအခါ ပြစ်ဒဏ်မှ ပို၍ လွတ်မြောက်စရာအကြောင်းမရှိ။
ကျွန်ုပ်တို့တွင် ယဇ်ပလ္လင်တစ်ခု ရှိ၏။ ထိုယဇ်ပလ္လင်မှ ပူဇော်သက္ကာကို တဲတော်၌ အမှုတော်ဆောင်သောသူတို့သည် စားခွင့်မရှိကြ။
ဤအခြင်းအရာတို့သည် မျက်မှောက်ခေတ်ကို ဖော်ညွှန်းသည့် ပုံဥပမာဖြစ်၏။ ယဇ်ပုရောဟိတ်များ ပူဇော်သည့် ထိုအပြစ်ဖြေရာယဇ်များနှင့် ပူဇော်စရာများက ဝတ်ပြုသူတို့အား မိမိတို့ ပြီးပြည့်စုံပြီဟူ၍ လိပ်ပြာသန့်သန့်ခံယူစေနိုင်စွမ်းမရှိကြပေ။
ထို့နောက် ကျွန်ုပ်ကြည့်လိုက်ရာ ကောင်းကင်ဘုံရှိ သက်သေခံချက်ပါသည့် တဲတော်ဖြစ်သောဗိမာန်တော်သည် ပွင့်နေသည်ကို မြင်ရ၏။