ထိုအခါ လူထုက “ခရစ်တော်သည် ထာဝရအသက်ရှင်တော်မူသည်ဟု ပညတ်ကျမ်းအရ ကျွန်ုပ်တို့သိရပါ၏။ သို့ဖြစ်၍ သင်က လူသားသည် မြေမှ မြှောက်ထားခြင်းခံရမည်ဟု အဘယ်ကြောင့်ဆိုသနည်း။ ထိုလူသားသည် မည်သူနည်း” ဟု မေးမြန်းကြ၏။
ဟေဗြဲ 7:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ယေရှုမှာမူ ထာဝရအသက်ရှင်သောကြောင့် ကိုယ်တော်၏ယဇ်ပုရောဟိတ်အရိုက်အရာသည် မည်သည့်အခါမျှ မပြောင်းလဲပါ။ Common Language Bible သို့ရာတွင်သခင်ယေရှုမူကားနိစ္စထာဝရ အသက်ရှင်တော်မူသဖြင့် သူ၏ယဇ်ပုရော ဟိတ်ရာထူးသည်လည်းအခြားလက်သို့ မကူးပြောင်းနိုင်တော့ပေ။- Garrad Bible ကိုယ် တော် မူ ကား က မ္ဘာ အ ဆက် ဆက် တည် တော် မူ သော ကြောင့် မ ပယ် မ ဖျက် နိုင် သော ပ ရော ဟိတ် ရာ ထူး ကို ရ ရှိ သည် ဖြစ်၍၊ Judson Bible ယေရှုမူကား၊ နိစ္စထာဝရတည်သောကြောင့် မပြောင်းမလဲသော ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလျက်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်မူကား ကာလအစဉ်အဆက်တည်တော်မူသည်ဖြစ်၍ မပြောင်းလဲသောယဇ်ပုရောဟိတ်အရိုက်အရာကို ရရှိတော်မူ၏။ |
ထိုအခါ လူထုက “ခရစ်တော်သည် ထာဝရအသက်ရှင်တော်မူသည်ဟု ပညတ်ကျမ်းအရ ကျွန်ုပ်တို့သိရပါ၏။ သို့ဖြစ်၍ သင်က လူသားသည် မြေမှ မြှောက်ထားခြင်းခံရမည်ဟု အဘယ်ကြောင့်ဆိုသနည်း။ ထိုလူသားသည် မည်သူနည်း” ဟု မေးမြန်းကြ၏။
သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်သည် ထပ်မံသေဆုံးမည်မဟုတ်ကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ သေခြင်းတရားသည် ခရစ်တော်ကို အစိုးမရတော့ချေ။
အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့သည် သူတို့၏ ဘိုးဘေးများဖြစ်၏။ ခရစ်တော်ကိုယ်တိုင်သည်လည်း လူသားအနေဖြင့် သူတို့၏ အမျိုးဖြစ်၏။ ခရစ်တော်သည် အရာခပ်သိမ်းကို အုပ်စိုး၍ ထာဝရမင်္ဂလာရှိသော ဘုရားသခင်လည်း ဖြစ်တော်မူ၏။ အာမင်။
ပညတ်တရားအရ ခန့်အပ်ထားသော ယဇ်ပုရောဟိတ်မင်းသည် လူသားဖြစ်၍အားနည်းချက်ရှိ၏။ သို့သော် ပညတ်တရားနောက်၌ လာသည့်သစ္စာပြုခြင်းအားဖြင့် ခန့်အပ်ထားသော သားတော်မှာမူ ထာဝရပြီးပြည့်စုံတော်မူ၏။
ငါသည် အသက်ရှင်သောသူဖြစ်၏။ ငါသည် သေခဲ့၏။ ယခုတွင်မူ အစဉ်ထာဝရအသက်ရှင်၏။ ငါသည် သေခြင်းတရားနှင့် မရဏနိုင်ငံကို အစိုးရ၏။