ကျွန်ုပ်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မပစ်ပယ်။ လူသည် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရလျှင် ခရစ်တော်၏ အသေခံတော်မူခြင်းသည် အချည်းနှီးဖြစ်၏။
ဟေဗြဲ 7:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အစ္စရေးလူမျိုးတို့သည် လေဝိအနွယ်မှ ဆင်းသက်သည့်ယဇ်ပုရောဟိတ်အမျိုးကို အခြေခံသောပညတ်တရားကို လက်ခံရရှိကြ၏။ ထို့ကြောင့် သူတို့သည် ဤလေဝိအနွယ်ယဇ်ပုရောဟိတ်အားဖြင့် ပြီးပြည့်စုံမှုကို ရရှိသည်မှန်လျှင် လေဝိအနွယ် အာရုန်နည်းတူမဟုတ်ဘဲ မေလခိဇေဒက်နည်းတူ အခြားယဇ်ပုရောဟိတ်တစ်ဦးပေါ်ထွန်းလာရန် အဘယ်ကြောင့် လိုအပ်သေးသနည်း။ Common Language Bible ဣသရေလအမျိုးသားတို့၏ပညတ်တရား ကိုပေးအပ်ရာ၌ လေဝိအနွယ်ဝင်ယဇ်ပုရော ဟိတ်များကိုအခြေခံ၍ပေးအပ်ခြင်းဖြစ်၏။ အကယ်၍လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ် တို့သည်ပြီးပြည့်စုံလင်အောင်ဆောင်ရွက်နိုင် ကြပါမူ အာရုန်၏အရိုက်အရာအစားမေ လခိဇေဒက်၏အရိုက်အရာကိုဆက်ခံသူ အခြားယဇ်ပုရောဟိတ်တစ်ပါးပေါ်ထွန်း လာရန်မလိုပေ။- Garrad Bible လူ မျိုး တော် တို့ အား ပ ညတ် တ ရား ကို ထုတ် ဆင် ရ သော လေ ဝိ အ နွယ် ဆက် ခံ သူ ပ ရော ဟိတ် အ ဖြစ် ဖြင့် စုံ လင် ခွင့် ရှိ လျှင် အာ ရုန့် နည်း တူ မ ဟုတ်၊ မေ လ ခိ ဇေ ဒက် နည်း တူ ဘွဲ့ ထူး ခံ ပ ရော ဟိတ် တစ် ပါး သည် မည် သို့ ပေါ် ထွန်း ရန် အ ကြောင်း ရှိ တော့ အံ့ သ နည်း။ Judson Bible တစ်နည်းကား၊ လေဝိမှဆင်းသက်သော ယဇ်ပုရောဟိတ်အမျိုးနှင့် စပ်ဆိုင်လျက်လူများတို့သည် ပညတ်တရားတော်ကို ခံကြသောကြောင့်၊ ထိုအမျိုးအားဖြင့် စုံလင်ခြင်းသို့ ရောက်နိုင်သည်မှန်လျှင်၊ အခြားသော ယဇ်ပုရောဟိတ်သည်၊ အာရုန်နည်းတူ မခေါ်ဝေါ်ဘဲ၊ မေလခိဇေဒက်နည်းတူ ပေါ်ထွန်းစရာအကြောင်း အဘယ်သို့ရှိသေးသနည်း။- မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် လေဝိအနွယ်နှင့်ဆိုင်သည့် ယဇ်ပုရောဟိတ်အရိုက်အရာအပေါ်တွင် အခြေခံပြီး ပညတ်တရားကိုရရှိကြသည်ဖြစ်၍ ၎င်းအားဖြင့် စုံလင်ခြင်းသို့ရောက်ခဲ့လျှင် အာရုန်နှင့်အလားတူမဟုတ်ဘဲ မေလခိဇေဒက်နှင့်အလားတူသည့် အခြားသောယဇ်ပုရောဟိတ်ပေါ်ထွန်းရန် အဘယ်ကြောင့်လိုအပ်သေးသနည်း။ |
ကျွန်ုပ်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မပစ်ပယ်။ လူသည် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရလျှင် ခရစ်တော်၏ အသေခံတော်မူခြင်းသည် အချည်းနှီးဖြစ်၏။
ကျွန်ုပ်တို့သည်လည်း အရွယ်မရောက်မီအချိန်၌ လောကီအခြေခံမူအောက်တွင် ကျွန်ခံခဲ့ကြ၏။
ယခုမှာမူ သင်တို့သည် ဘုရားသခင်ကို သိကြပြီ။ ထိုသို့မဟုတ်ဘဲ ဘုရားသခင်သည် သင်တို့ကို သိတော်မူပြီဟု ကျွန်ုပ်ပြောဆိုသင့်၏။ သို့ဖြစ်လျှင် အားနည်း၍ ချမ်းသာမပေးနိုင်သော လောကီအခြေခံမူဘက်သို့ အဘယ်ကြောင့် ပြန်လှည့်လိုကြသနည်း။ အဘယ်ကြောင့် ထိုလောကီအခြေခံမူထံ ပြန်၍ ကျွန်ခံလိုကြသနည်း။
ဘုရားသခင်သည် ကိုယ်တော်အား မေလခိဇေဒက်နည်းတူ ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်အပ်တော်မူ၏။
ကျမ်းစာ၏ အခြားတစ်နေရာတွင်လည်း ဘုရားသခင်က “သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်၏” ဟု မိန့်တော်မူ၏။
ယေရှုခရစ်တော်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်လာ၏။ ကိုယ်တော်သည် ရှေ့ပြေးဖြစ်တော်မူပြီး ကျွန်ုပ်တို့ကိုယ်စား အသန့်ရှင်းဆုံးဌာနတော်ထဲသို့ ဝင်ရောက်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် အာဗြဟံထံမှ ဆယ်ပုံတစ်ပုံကို မေလခိဇေဒက် ခံယူသောအချိန်၌ လေဝိသည် မမွေးဖွားသေးသော်လည်း သူ၏ မျိုးစေ့သည် အာဗြဟံ၏ ကိုယ်၌ ရှိနေသောကြောင့်ဖြစ်၏။
ဤတွင် ကျွန်ုပ်တို့ပြောဆိုနေသော ယဇ်ပုရောဟိတ်မှာ အခြားအနွယ် ဖြစ်ပြီး ထိုအနွယ်ထဲမှ မည်သူမျှ ယဇ်ပလ္လင်၌ အမှုမဆောင်ရွက်ဖူးပေ။
မေလခိဇေဒက်နှင့်တူသော အခြားယဇ်ပုရောဟိတ်တစ်ဦးပေါ်ထွန်းလာလျှင် ကျွန်ုပ်တို့ ပြောဆိုသည့် ယဇ်ပုရောဟိတ်မျိုးနွယ် ပြောင်းလဲကြောင်း ပိုမို သိသာထင်ရှား၏။
ဘုရားသခင်သည် ယေရှုအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထားတော်မူသောအခါ “ ‘သင်သည် ထာဝရယဇ်ပုရောဟိတ်ဖြစ်၏’ ဟု ထာဝရဘုရားသစ္စာပြုတော်မူပြီ။ မိမိစိတ်တော်ကိုလည်း ပြောင်းလဲတော်မူမည်မဟုတ်” ဟူ၍ ကိုယ်တော်အား မိန့်တော်မူ၏။
အကယ်၍ ပထမပဋိညာဉ်သည် အပြစ်ဆိုဖွယ်မရှိခဲ့လျှင် ဒုတိယပဋိညာဉ်ကို ဖွဲ့ရန် မလိုအပ်ပေ။
ဤအရာများကို ပြင်ဆင်ပြီးသောအခါ ယဇ်ပုရောဟိတ်တို့သည် ဝတ်ပြုခြင်းအမှုများကို ဆောင်ရွက်ရန် ပထမအခန်းထဲသို့ အစဉ်ဝင်ကြရ၏။