ဘုရားသခင်သည် ကိုယ်တော်အား မေလခိဇေဒက်နည်းတူ ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်အပ်တော်မူ၏။
ဟေဗြဲ 5:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းစာ၏ အခြားတစ်နေရာတွင်လည်း ဘုရားသခင်က “သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်၏” ဟု မိန့်တော်မူ၏။ Common Language Bible အခြားကျမ်းချက်တွင်လည်း ``သင်သည်မေလခိဇေဒက်၏အရိုက်အရာကို ဆက်ခံသူ ထာဝရယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်'' ဟူ၍လည်းကောင်းမိန့်တော်မူပေသည်။ Judson Bible ထိုသို့နှင့်အညီ ကျမ်းစာတစ်ချက်လာသည်ကား၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု လာသတည်း။ မြန်မာ့စံမီသမ္မာကျမ်း အခြားကျမ်းချက်တွင်လည်း “သင်သည် မေလခိဇေဒက်နှင့်အလားတူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။ |
ဘုရားသခင်သည် ကိုယ်တော်အား မေလခိဇေဒက်နည်းတူ ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်အပ်တော်မူ၏။
ယေရှုခရစ်တော်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်လာ၏။ ကိုယ်တော်သည် ရှေ့ပြေးဖြစ်တော်မူပြီး ကျွန်ုပ်တို့ကိုယ်စား အသန့်ရှင်းဆုံးဌာနတော်ထဲသို့ ဝင်ရောက်တော်မူ၏။
အစ္စရေးလူမျိုးတို့သည် လေဝိအနွယ်မှ ဆင်းသက်သည့်ယဇ်ပုရောဟိတ်အမျိုးကို အခြေခံသောပညတ်တရားကို လက်ခံရရှိကြ၏။ ထို့ကြောင့် သူတို့သည် ဤလေဝိအနွယ်ယဇ်ပုရောဟိတ်အားဖြင့် ပြီးပြည့်စုံမှုကို ရရှိသည်မှန်လျှင် လေဝိအနွယ် အာရုန်နည်းတူမဟုတ်ဘဲ မေလခိဇေဒက်နည်းတူ အခြားယဇ်ပုရောဟိတ်တစ်ဦးပေါ်ထွန်းလာရန် အဘယ်ကြောင့် လိုအပ်သေးသနည်း။
မေလခိဇေဒက်နှင့်တူသော အခြားယဇ်ပုရောဟိတ်တစ်ဦးပေါ်ထွန်းလာလျှင် ကျွန်ုပ်တို့ ပြောဆိုသည့် ယဇ်ပုရောဟိတ်မျိုးနွယ် ပြောင်းလဲကြောင်း ပိုမို သိသာထင်ရှား၏။
ဤအကြောင်းနှင့်ပတ်သက်၍ ကျမ်းစာ၌ “သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်၏” ဟု ဖော်ပြထား၏။
ဘုရားသခင်သည် ယေရှုအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထားတော်မူသောအခါ “ ‘သင်သည် ထာဝရယဇ်ပုရောဟိတ်ဖြစ်၏’ ဟု ထာဝရဘုရားသစ္စာပြုတော်မူပြီ။ မိမိစိတ်တော်ကိုလည်း ပြောင်းလဲတော်မူမည်မဟုတ်” ဟူ၍ ကိုယ်တော်အား မိန့်တော်မူ၏။
သူ၌ ဖခင်နှင့်မိခင်၊ မျိုးရိုး၊ ဘဝ၏ အစအဆုံး စသည့် မှတ်တမ်းများမရှိပေ။ သူသည် ဘုရားသခင်၏သားတော်ကဲ့သို့ ထာဝရယဇ်ပုရောဟိတ်အရိုက်အရာကို ရရှိထားသူဖြစ်၏။
ဆယ်ပုံတစ်ပုံကို ခံယူသော လေဝိအနွယ်ယဇ်ပုရောဟိတ်တို့သည် သေတတ်သောလူများဖြစ်ကြသော်လည်း ဆယ်ပုံတစ်ပုံကို ခံယူသော ဤမေလခိဇေဒက်မှာ အသက်ရှင်ကြောင်း သက်သေထင်ရှား၏။