ယုံကြည်၍ နှစ်ခြင်းမင်္ဂလာ ခံယူသောသူတို့သည် ကယ်တင်တော်မူခံရမည်။ သို့သော် ယုံကြည်ရန် ငြင်းဆိုသောသူတို့သည် အပြစ်စီရင်တော်မူခံရမည်။
ဟေဗြဲ 3:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ သူတို့သည် မယုံကြည်သောကြောင့် ဘုရားသခင်၏ စံမြန်းနားခိုရာထဲသို့ မဝင်နိုင်ကြသည်ကို ကျွန်ုပ်တို့သိ၏။ Common Language Bible သို့ဖြစ်၍သူတို့သည်မယုံကြည်သော ကြောင့် ပြည်တော်သို့မဝင်နိုင်သည်ကိုငါ တို့သိကြ၏။ Garrad Bible ထို သူ တို့ သည် မ ယုံ ကြည် ခြင်း ကြောင့် မ ဝင် စား နိုင် သည် ကို ငါ တို့ သိ မြင် ကြ၏။ Judson Bible သို့ဖြစ်၍၊ သူတို့သည် မယုံကြည်သောကြောင့်သာ မဝင်နိုင်သည်ကို ငါတို့သိမြင်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သူတို့သည် မယုံကြည်မှုကြောင့် မဝင်နိုင်သည်ကို ငါတို့သိမြင်ရကြ၏။ |
ယုံကြည်၍ နှစ်ခြင်းမင်္ဂလာ ခံယူသောသူတို့သည် ကယ်တင်တော်မူခံရမည်။ သို့သော် ယုံကြည်ရန် ငြင်းဆိုသောသူတို့သည် အပြစ်စီရင်တော်မူခံရမည်။
သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းမခံရ။ မယုံကြည်သောသူမှာမူ ဘုရားသခင်၏ တစ်ပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းခံရပြီ။
သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ သားတော်၏စကားကို နားမထောင်သောသူမှာမူ ထာဝရအသက်ကို မရဘဲ ဘုရားသခင်၏ အမျက်တော်သည်သာ ထိုသူအပေါ်၌ တည်နေမည်ဖြစ်၏” ဟု ဟောလေ၏။
အစ္စရေးလူမျိုးတို့သည် မယုံကြည်သောစိတ်ကို စွန့်လျှင် ကိုင်းဆက်ကူးခွင့်ကို ပြန်၍ ရကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူတို့ကို ပြန်၍ ကိုင်းဆက်ကူးစေရန် တတ်နိုင်တော်မူသောကြောင့် ဖြစ်၏။
သို့ဖြစ်၍ သူတို့အားလုံးသည် သမ္မာတရားကို မယုံကြည်ဘဲ မတရားမှုကို နှစ်သက်သောကြောင့် ပြစ်ဒဏ်စီရင်တော်မူခြင်း ခံကြရလိမ့်မည်။
ညီအစ်ကိုမောင်နှမတို့… သင်တို့၏ စိတ်နှလုံးသည် ညစ်ညူး၍ ယုံကြည်ရန် ငြင်းဆန်ကာ အသက်ရှင်သော ဘုရားသခင်ထံမှ ထွက်မသွားစေရန် သတိပြုကြလော့။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူတိုင်းသည် ဤသက်သေခံချက် မှန်ကန်ကြောင်းကို လက်ခံ၏။ ဘုရားသခင်ကို မယုံကြည်သောသူမှာမူ ဘုရားသခင်အား “လိမ်လည်သောအရှင်” ဟု စွပ်စွဲရာရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိသားတော်အကြောင်း သက်သေခံတော်မူသည်ကို ထိုသူသည် မယုံကြည်သောကြောင့်ဖြစ်၏။
ဤအရာအားလုံးကို သင်တို့သိပြီးသော်လည်း သင်တို့အား ကျွန်ုပ်သတိပေးလို၏။ တစ်ချိန်က သခင်ဘုရားသည် အစ္စရေးလူမျိုးတို့ကို အီဂျစ်ပြည်မှ ကယ်နုတ်ခဲ့ပြီးနောက် မယုံကြည်သောသူများကို ဖျက်ဆီးတော်မူခဲ့၏။