ဘုရားသခင်၏ ပညတ်တရားကို သင်လိုက်နာကျင့်သုံးလျှင် ဂျူးဓလေ့ထုံးတမ်းဖြစ်သော အရေပြားလှီးခြင်းမင်္ဂလာသည် အကျိုးရှိ၏။ သို့သော် ပညတ်တရားကို ချိုးဖောက်ပါက သင်၏ အရေပြားလှီးခြင်းသည် အရေပြားမလှီးသကဲ့သို့ပင်ဖြစ်၏။
ဟေဗြဲ 2:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အမှန်စင်စစ် ကိုယ်တော်ကူညီမစမည့် သူများသည် ကောင်းကင်တမန်များမဟုတ်ဘဲ အာဗြဟံ၏ မျိုးဆက်များဖြစ်ကြောင်း ထင်ရှား၏။ Common Language Bible ကိုယ်တော်သည်ကောင်းကင်တမန်များအား ကူညီမစတော်မူသည်မဟုတ်။ ကျမ်းစာ တော်တွင်ဖော်ပြထားသည်အတိုင်း အာဗြဟံ ၏သားမြေးတို့အားကူညီမစတော်မူ ကြောင်းကိုသိသာထင်ရှားပေသည်။- Garrad Bible မု ချ အား ဖြင့် ကိုယ် တော် သည် စေ တ မန် တော် များ ကို ကယ် မ တော် မူ သည် မ ဟုတ်။ အာ ဗြ ဟံ့ အ မျိုး အ နွယ် ဖြစ် သူ တို့ ကို ကယ် မ တော် မူ ၏။ Judson Bible အကြောင်းမူကား၊ ခရစ်တော်သည် ကောင်းကင်တမန်တို့ကို မစတော်မူသည်မဟုတ်၊ အာဗြဟံအမျိုးကို မစတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် ကိုယ်တော်သည် ကောင်းကင်တမန်တို့ကို ဖေးမတော်မမူဘဲ အာဗြဟံ၏အမျိုးအနွယ်ကို ဖေးမတော်မူ၏။ |
ဘုရားသခင်၏ ပညတ်တရားကို သင်လိုက်နာကျင့်သုံးလျှင် ဂျူးဓလေ့ထုံးတမ်းဖြစ်သော အရေပြားလှီးခြင်းမင်္ဂလာသည် အကျိုးရှိ၏။ သို့သော် ပညတ်တရားကို ချိုးဖောက်ပါက သင်၏ အရေပြားလှီးခြင်းသည် အရေပြားမလှီးသကဲ့သို့ပင်ဖြစ်၏။
ဘုရားသခင်သည် အာဗြဟံနှင့် သူ၏မျိုးနွယ်အတွက် ကတိပြုတော်မူ၏။ ထိုသို့ ကတိပြုတော်မူရာတွင် အများကို ရည်ညွှန်း၍ “အမျိုးအနွယ်များ” ဟု မိန့်တော်မမူဘဲ တစ်ယောက်သောသူကိုသာ ရည်ညွှန်း၍ “သင်၏ အမျိုးအနွယ်” ဟု မိန့်တော်မူ၏။ ထိုတစ်ယောက်သောသူမှာ ခရစ်တော်ဖြစ်၏။
သင်တို့သည် ခရစ်တော်နှင့် သက်ဆိုင်လျှင် အာဗြဟံ၏ အမျိုးအနွယ်ပင် ဖြစ်၍ ဘုရားသခင်ကတိပြုတော်မူသည့်အတိုင်း အမွေခံများဖြစ်ကြ၏။
ကျွန်ုပ်တို့၏ဖခင်များသည် ကောင်းသည်ဟု ထင်မြင်ကြသည့်အတိုင်း ကျွန်ုပ်တို့အား ခေတ္တမျှဆုံးမတတ်ကြ၏။ သို့သော် ဘုရားသခင်ကမူ ကျွန်ုပ်တို့အား မိမိကဲ့သို့ သန့်ရှင်းစေရန် ကျွန်ုပ်တို့၏ကောင်းကျိုးအတွက် ဆုံးမတော်မူ၏။
သေခြင်းကို ကြောက်၍ တစ်သက်လုံးကျွန်ကဲ့သို့ နေထိုင်ရသောသူတို့ကို လွတ်မြောက်စေတော်မူ၏။
ထို့ကြောင့် ကိုယ်တော်သည် အရာရာတိုင်း၌ မိမိညီအစ်ကိုမောင်နှမတို့နှင့် တူရ၏။ ဤနည်းဖြင့် ကိုယ်တော်သည် လူတို့၏အပြစ်များကို ဖြေလွှတ်ပေးရန် ဘုရားသခင်၏အမှုတော်တွင် ကရုဏာနှင့် သစ္စာရှိသော ယဇ်ပုရောဟိတ်မင်းဖြစ်လာရ၏။
လူတို့သည် မိမိတို့ထက် ကြီးမြတ်သူကို တိုင်တည်၍ သစ္စာဆိုတတ်ကြပြီး ထိုသို့သစ္စာဆိုအတည်ပြုခြင်းဖြင့် အငြင်းပွားမှုအားလုံးကို ဖြေရှင်းတတ်ကြ၏။
ခရစ်တော်သည် ဤကမ္ဘာမတည်ရှိမီကပင် ခန့်ထားတော်မူခြင်းခံရသော်လည်း ဤနောက်ဆုံးသောကာလတွင် သင်တို့အတွက် ပေါ်ထွန်းတော်မူ၏။