Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 2:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 အကယ်စင်စစ် ကိုယ်တော်​သည် ကောင်းကင်​တမန်​တို့​ကို ဖေးမ​တော်​မ​မူ​ဘဲ အာဗြဟံ​၏​အမျိုးအနွယ်​ကို ဖေးမ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ကိုယ်​တော်​သည်​ကောင်း​ကင်​တ​မန်​များ​အား ကူ​ညီ​မ​စ​တော်​မူ​သည်​မ​ဟုတ်။ ကျမ်း​စာ တော်​တွင်​ဖော်​ပြ​ထား​သည်​အ​တိုင်း အာ​ဗြ​ဟံ ၏​သား​မြေး​တို့​အား​ကူ​ညီ​မ​စ​တော်​မူ ကြောင်း​ကို​သိ​သာ​ထင်​ရှား​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 မု ချ အား ဖြင့် ကိုယ် တော် သည် စေ တ မန် တော် များ ကို ကယ် မ တော် မူ သည် မ ဟုတ်။ အာ ဗြ ဟံ့ အ မျိုး အ နွယ် ဖြစ် သူ တို့ ကို ကယ် မ တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် ကောင်း​ကင်​တ​မန်​တို့​ကို မ​စ​တော်​မူ​သည်​မ​ဟုတ်၊ အာ​ဗြ​ဟံ​အ​မျိုး​ကို မ​စ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 အမှန်စင်စစ် ကိုယ်တော်​ကူညီမစမည့် သူများ​သည် ကောင်းကင်တမန်များ​မဟုတ်ဘဲ အာဗြဟံ​၏ မျိုးဆက်များ​ဖြစ်ကြောင်း ထင်ရှား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 2:16
11 ပူးပေါင်းရင်းမြစ်များ  

ကမ္ဘာမြေကြီး​ပေါ်​ရှိ​လူမျိုး​အပေါင်း​တို့​သည် သင်​၏​အမျိုးအနွယ်​အားဖြင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​။ အကြောင်းမူကား သင်​သည် ငါ့​စကား​ကို​နားထောင်​သောကြောင့်​ဖြစ်​၏​”​ဟု မြွက်ဆို​၏​။


သင်​သည် ပညတ်​တရား​ကို​ကျင့်သုံး​လျှင် အရေဖျား​လှီး​ခြင်း​သည် အမှန်ပင်​အကျိုး​ရှိ​၏။ သို့သော် သင်​သည် ပညတ်​တရား​ကို​ဖောက်ဖျက်​ကျူးလွန်​သူ​ဖြစ်​ပါက သင်​၏​အရေဖျား​လှီး​ခြင်း​သည် အရေဖျား​မ​လှီး​ခြင်း​ဖြစ်​သွား​၏။


ဘုရားသခင်​သည် အာဗြဟံ​နှင့်​သူ​၏​အမျိုးအနွယ်​အား ကတိ​ပေး​တော်မူ​ရာ​၌ အများ​ကို​ရည်ညွှန်း​၍ “အမျိုးအနွယ်​တို့”​ဟု မိန့်​တော်​မ​မူ​ဘဲ တစ်​ယောက်​သော​သူ​ကို​သာ​ရည်ညွှန်း​၍ “သင်​၏​အမျိုးအနွယ်”​ဟု မိန့်​တော်မူ​၏။ ထို​သူ​ကား ခရစ်တော်​ဖြစ်​၏။


သင်​တို့​သည် ခရစ်တော်​နှင့်​စပ်ဆိုင်​လျှင် အာဗြဟံ​၏​အမျိုးအနွယ်​ဖြစ်၍ ကတိ​တော်​အရ အမွေခံ​များ​ဖြစ်​ကြ​၏။


အကြောင်းမူကား လူသား​ဖခင်​တို့​သည် ကောင်း​သည်​ဟု မိမိ​တို့​ထင်မြင်​သည့်​အတိုင်း ခဏ​သာ​ဆုံးမ​ပဲ့ပြင်​တတ်​ကြ​၏။ ဝိညာဉ်​ရေး​ဆိုင်ရာ​ဖခင်​မူကား သူ​၏​သန့်ရှင်း​ခြင်း​၌ ငါ​တို့​ပါဝင်​ခံစား​ရ​မည့်​အကြောင်း ငါ​တို့​အကျိုး​ကို​ထောက်၍ ဆုံးမ​ပဲ့ပြင်​တော်မူ​၏။


သေ​ခြင်း​ကို​ကြောက်ရွံ့​သော​သဘော​၌ တစ်သက်လုံး​ကျွန်ခံ​နေ​ရ​သော​သူ​တို့​ကို လွတ်မြောက်​စေရန်​ဖြစ်​၏။


ထို့ကြောင့် ကိုယ်တော်​သည် လူ​တို့​၏​အပြစ်​များ​အတွက် အသနားခံ​ခြင်း​အမှု​ကို​ပြု​ရန် ဘုရားသခင်​ရှေ့​တော်​၌ သနား​ကြင်နာ​တတ်​သည့် သစ္စာရှိ​သော​ယဇ်ပုရောဟိတ်​မင်း​ဖြစ်​မည့်​အကြောင်း အရာရာ​၌ ညီအစ်ကို​များ​နှင့်​တူ​ရ​၏။


လူ​တို့​သည် မိမိ​တို့​ထက် ကြီးမြတ်​သော​သူ​ကို တိုင်တည်​ပြောဆို​ကြ​ပြီး ထိုသို့​အတည်ပြု​ပြောဆို​သော​ကတိ​သစ္စာ​သည် အငြင်းပွား​မှု​အားလုံး​ကို ရပ်စဲ​စေ​တတ်​၏။


ကိုယ်တော်​သည် ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် သိမှတ်​ခွဲခန့်​ထား​ခြင်း​ခံရ​သော်လည်း ဤ​နောက်ဆုံး​သော​အချိန်​ကာလ​၌ သင်​တို့​အတွက်​ပေါ်ထွန်း​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ