သူသည် ဘုရားကို ယုံကြည်ကိုးစား၏။ ဘုရားသခင်သည် အလိုတော်ရှိတော်မူလျှင် ယခုပင် သူ့ကို ကယ်တင်တော်မူပါစေ။ သူက ‘ငါသည် ဘုရားသခင်၏ သားတော် ဖြစ်၏’ ဟု ပြောလေပြီ” ဟု ဆိုကာ ပြက်ရယ်ပြုကြ၏။
ဟေဗြဲ 2:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်ဖန် “အကျွန်ုပ်သည် ကိုယ်တော်ကို မှီခိုပါမည်” ဟူ၍လည်းကောင်း၊ “ကြည့်လော့။ အကျွန်ုပ်နှင့် အကျွန်ုပ်အား ဘုရားသခင်ပေးတော်မူသော သားသမီးတို့သည် ဤနေရာ၌ အတူရှိကြ၏” ဟူ၍လည်းကောင်း မိန့်တော်မူ၏။ Common Language Bible တစ်ဖန်တုံကိုယ်တော်က``ငါသည်ဘုရားသခင် ကိုကိုးစားမည်'' ဟူ၍လည်းကောင်း၊ ထိုနောက် တစ်ဖန်``ငါသည်မိမိအား ဘုရားသခင်ပေး အပ်ထားသည့်သားသမီးများနှင့်အတူ ရှိ၏'' ဟူ၍လည်းကောင်းမိန့်တော်မူပေသည်။ Garrad Bible ကိုယ် တော် ကို ငါ အား ကိုး ပါ မည် ဟူ ၍ လည်း ကောင်း၊ ငါ မှ စ၍ ဘု ရား သ ခင် ပေး သ နား တော် မူ သော သား သ မီး တို့ ရှိ ကြ သည် ဟူ၍ လည်း ကောင်း မြွက် ဆို တော် မူ ၏။ Judson Bible တစ်ချက်ကား၊ ငါသည်ဘုရားသခင်ကို ကိုးစားမည်ဟု လာသတည်း။ တစ်ဖန်ကား၊ ငါမှစ၍ ငါ့အား ဘုရားသခင် ပေးတော်မူသောသူငယ်တို့သည် ရှိကြ၏ဟု လာသတည်း။ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် “ငါသည် ကိုယ်တော်ကိုယုံကြည်ကိုးစားမည်”ဟူ၍လည်းကောင်း၊ “ကြည့်ရှုလော့။ ငါနှင့် ငါ့အားဘုရားသခင်ပေးတော်မူသောသားသမီးများပေတည်း”ဟူ၍လည်းကောင်း မိန့်တော်မူ၏။ |
သူသည် ဘုရားကို ယုံကြည်ကိုးစား၏။ ဘုရားသခင်သည် အလိုတော်ရှိတော်မူလျှင် ယခုပင် သူ့ကို ကယ်တင်တော်မူပါစေ။ သူက ‘ငါသည် ဘုရားသခင်၏ သားတော် ဖြစ်၏’ ဟု ပြောလေပြီ” ဟု ဆိုကာ ပြက်ရယ်ပြုကြ၏။
ထိုသိုးတို့ကို ငါ့အား ပေးအပ်တော်မူသော ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူ၏။ ထို့ကြောင့် မည်သူကမျှ ထိုသိုးတို့ကို ခမည်းတော်၏ လက်တော်မှ လုယူသွားနိုင်မည်မဟုတ်။
သင်တို့အား ခရစ်တော်အကြောင်းကို သင်ပေးမည့်ဆရာပေါင်း တစ်သောင်း ရှိလျှင်ပင် ဝိညာဉ်ရေးရာဖခင်မှာ တစ်ဦးတည်းရှိ၏။ ကျွန်ုပ်သည် သတင်းကောင်းကို ဟောပြောခြင်းအားဖြင့် ယေရှုခရစ်တော်၌ သင်တို့၏ဖခင်ဖြစ်လာ၏။