ငါသည် အဝတ်ဗလာဖြစ်သောအခါ ငါ့အတွက် ဝတ်စရာအဝတ်ကို ပေးကြ၏။ ငါသည် ဖျားနာသောအခါ ငါ့ကို ပြုစုစောင့်ရှောက်ကြ၏။ ငါသည် ထောင်ကျသောအခါ ငါ့ထံသို့ လာရောက်ကြည့်ရှုကြ၏’ ဟု မိန့်တော်မူ၏။
ဟေဗြဲ 13:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့ကိုယ်တိုင် အကျဉ်းကျနေသကဲ့သို့ သဘောထားလျက် အကျဉ်းကျနေသူတို့ကို သတိရလော့။ သင်တို့၏ကိုယ်ခန္ဓာ၌ နှိပ်စက်ညှဉ်းဆဲခြင်းခံနေရသကဲ့သို့ သဘောထားလျက် နှိပ်စက်ညှဉ်းဆဲခံနေရသောသူတို့ကို သတိရလော့။ Common Language Bible သင်တို့သည်အကျဉ်းခံရသူများနှင့်အတူ အကျဉ်းခံနေရသကဲ့သို့မှတ်ယူလျက် သူတို့ အားသတိရကြလော့။ မိမိတို့ကိုယ်တိုင်ပင် ဒုက္ခဝေဒနာခံရသကဲ့သို့ဒုက္ခဝေဒနာ ခံရသူများကိုသတိရကြလော့။ Garrad Bible ကိုယ် တိုင် အ ကျဉ်း သား သ ဖွယ် အ ကျဉ်း ကျ သူ တို့ ကိုလည်း ကောင်း၊ ကိုယ် ခ န္ဓာ တည် နေ သော အ ဖြစ် နှိပ် စက် ခံ ရ သူ တို့ ကိုလည်း ကောင်း သ တိ ရ ကြ လော့။ Judson Bible အကျဉ်းခံရသော သူတို့နှင့်အတူ ကိုယ်ခံရသကဲ့သို့ မှတ်၍၊ သူတို့ကို အောက်မေ့ကြလော့။ သင်တို့သည် ကိုယ်ခန္ဓာနှင့် မကင်းလွတ်သောသူဖြစ်၍၊ ညှဉ်းဆဲခံရသောသူတို့ကို အောက်မေ့ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း အကျဉ်းသားများကို သူတို့နှင့်အတူအချုပ်အနှောင်ခံနေရသကဲ့သို့ သတိရကြလော့။ မတရားပြုမူဆက်ဆံခြင်းခံရသောသူတို့ကို သင်တို့လည်း မိမိကိုယ်ခန္ဓာ၌ ထိုနည်းတူခံရသကဲ့သို့ သတိရကြလော့။ |
ငါသည် အဝတ်ဗလာဖြစ်သောအခါ ငါ့အတွက် ဝတ်စရာအဝတ်ကို ပေးကြ၏။ ငါသည် ဖျားနာသောအခါ ငါ့ကို ပြုစုစောင့်ရှောက်ကြ၏။ ငါသည် ထောင်ကျသောအခါ ငါ့ထံသို့ လာရောက်ကြည့်ရှုကြ၏’ ဟု မိန့်တော်မူ၏။
ငါသည် ဧည့်သည် ဖြစ်သောအခါ ငါ့ကို သင်တို့အိမ်သို့ ကြိုဆိုလက်မခံကြ။ ငါသည် အဝတ်ဗလာဖြစ်သောအခါ ငါ့အတွက် ဝတ်စရာအဝတ်ကို မပေးကြ။ ငါသည် ဖျားနာသောအခါ၌လည်းကောင်း၊ ထောင်ကျသောအခါ၌လည်းကောင်း သင်တို့သည် ငါ့ကို မကြည့်ရှုကြ’ ဟု မိန့်တော်မူလိမ့်မည်။
ထို့နောက် သူသည် တပ်မှူးအား ပေါလုကိုစောင့်ကြပ်ထားရန်နှင့် အနည်းငယ်လွတ်လပ်ခွင့်ပေး၍ သူ၏မိတ်ဆွေများမှ သူ့အားလာရောက်ပြုစုသည်ကို တားမြစ်ခြင်းမပြုရန် အမိန့်ပေးလေ၏။
နောက်တစ်နေ့တွင် ဆီဒုန်မြို့သို့ဆိုက်ရောက်ကြ၏။ ယုလိသည် ပေါလုအား ကြင်နာစွာဆက်ဆံကာ မိတ်ဆွေများထံ သွား၍ ပြုစုစောင့်ရှောက်ခံရန် ခွင့်ပြုလေ၏။
ဝမ်းမြောက်သောသူတို့နှင့်အတူ ဝမ်းမြောက်ကြလော့။ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးကြလော့။
အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရလျှင် ကျန်အစိတ်အပိုင်းရှိသမျှတို့သည်လည်း အတူတကွ ခံစားကြရ၏။ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဂုဏ်တက်လျှင် ကျန်အစိတ်အပိုင်းရှိသမျှတို့သည်လည်း အတူတကွ ဝမ်းမြောက်ကြ၏။
သခင်ဘုရား၏ အမှုတော်ကို ထမ်းရွက်သောကြောင့် အကျဉ်းချခံရသော ကျွန်ုပ်သည် သင်တို့ကို တိုက်တွန်းနှိုးဆော်လိုသည်မှာ ရွေးချယ်တော်မူခြင်းခံရသည်နှင့်အညီ ထိုရွေးချယ်တော်မူခြင်းနှင့် သင့်လျော်စွာ ပြုမူနေထိုင်ကြရန် ဖြစ်၏။
ကျွန်ုပ်ပေါလုကိုယ်တိုင် ဤနှုတ်ဆက်စကားကို ကျွန်ုပ်လက်နှင့် ရေးလိုက်ပါ၏။ ကျွန်ုပ် အကျဉ်းချခံရခြင်းကို သတိရဆုတောင်းပေးကြလော့။ ခရစ်တော်၏ ကျေးဇူးတော်ကို သင်တို့ခံစားရပါစေသော။ ကောလောသဲဩဝါဒစာ ပြီးပါပြီ။
သင်တို့သည် အကျဉ်းကျနေသူများအပေါ် စာနာစိတ်ထားကြ၏။ ဥစ္စာပစ္စည်းများကို အဓမ္မလုယူခံရသော်လည်း ဝမ်းမြောက်စွာ လက်ခံကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ထိုအရာများထက် ပိုမိုကောင်းမြတ်ပြီး ထာဝရတည်မြဲသောအရာများကို ပိုင်ဆိုင်ထားသည်ကို သိကြသောကြောင့်ဖြစ်၏။
သူတို့သည် ကျောက်ခဲနှင့် ပေါက်သတ်ခြင်း၊ လွှနှင့် နှစ်ပိုင်းဖြတ်ခြင်း၊ စမ်းသပ်ခြင်း၊ ဓားနှင့် သတ်ခြင်းတို့ကို ခံကြရ၏။ သူတို့သည် ဆင်းရဲနွမ်းပါးလျက်၊ ဒုက္ခရောက်လျက်၊ နှိပ်စက်ခံရလျက် သိုးသားရေ၊ ဆိတ်သားရေတို့ကို ဝတ်၍ သွားလာကြရ၏။
အချုပ်ဆိုရလျှင် သင်တို့အားလုံး တစ်စိတ်တစ်ဝမ်းတည်းရှိကြလော့။ စာနာစိတ်ထား၍ တစ်ဦးကိုတစ်ဦး ညီအစ်ကိုမောင်နှမသဖွယ် ချစ်ကြလော့။ သနားကြင်နာစိတ်ထား၍ နှိမ့်ချကြလော့။